ၾကားသိရသမွ်

ကလေးဝဆရာတော်ဘုရားကြီး၏ ကြက်သီးထလောက်အောင်မှန်နေတဲ့ အနာဂါတ်မြန်မာပြည်ဟောစာတမ်းများ…

ကလေးဝဆရာတော်ဘုရားကြီး၏ ကြက်သီးထလောက်အောင်မှန်နေတဲ့ အနာဂါတ်မြန်မာပြည်ဟောစာတမ်းများ

ကလေးဝဆရာတော်ဘုရားကြီး၏ ကြက်သီးထလောက်အောင်မှန်နေတဲ့ အနာဂါတ်မြန်မာပြည်ဟောစာတမ်းများ။ တိုင်းပြည်အနာဂါတ်အတွက် ဘောင်းဘီဝတ်တွေလာလိမ့်မည်၊ ဘုရားအဆူဆူမှာ စစ်ဖိနပ်သံတွေကြားရလိမ့်မည်။

ရေစက်ခွက်ကိုင်လည်းဘောင်းဘီဝတ်တွေပဲ၊ ၂၀၀၀နှစ်ထောင်ခုနှစ်မှစ၍ မြတ်ဘုရား၏သာသနာကို သကြားကူလို့စောင့်ရှောက်မည်၊ နဂါးတွေကိုသာသနာကူဖို့ သကြားကတာဝန်ပေးလိုက်ပြီ၊ ကပ်ဆေးလိမ့်မည်။

အမည်အသစ်နဲ့အနာရောဂါတွေပေါ်လာမည်၊ ကူစက်မြန်သည့်ကာလဝမ်းအနာမျိုးလိုပဲ ပိုးမွှားအနာပေါ့လေ။ ရေတွေကြီးမယ်၊ မီးတွေလောင်မယ်။ မြေကမ္ဘာမှာမီးတောင်သေတွေပြန်ရှင်မယ်၊ အစုလိုက်အပုံလိုက်သေကျေပျက်စီးမယ်။

အခွန်ဘဏ္ဍာတွေကြက်အစာကောက်သလို ဇလုတ်မောက်အောင်ကောက်လိမ့်မည်။ ချစ်တီးခေါင်းလယ်ထွန်မယ်၊ များများချမ်းသာချင်သူတွေ များများဒုက္ခရောက်ယ်။

ဂုမ္ဘဏ်ဘီလူးတပ်တွေ လူ့ပြည်ကိုဝင်စီးမယ်၊ သဘာဝဘေးနဲ့အတူ စစ်ဘေးတွေပါလာလိမ့်မယ်။ တစ်ကျပ်မှာတစ်မတ်ပဲကျန်မယ်၊ အဖေကလည်းသားကိုမကယ်နိုင် သားကလည်းအဖေကိုမကယ်နိုင်၊ ခေတ်ဆိုးကာလဆိုးနဲ့ကြုံလိမ့်မယ်၊ ကပ်ကြီးသုံးပါးလာလိမ့်မယ်။

သရဏဂုံတည်ကြ၊ ငါးပါးသီလမြဲကြ၊ ခေတ်ဆိုးကြီးလာမယ်။ ဆိုးပြီးပျက်ပြီးမှ မင်းကောင်းမင်းမြတ်ထူးခြားစွာပေါ်မယ်။ မှီအောင်ကြိုးစားကြ၊ မြန်မာတွေစိတ်ရောကိုယ်ပါချမ်းသာပြီး သေသည့်လူတွေကိုသတိတရရှိမယ်။

ဒုတိယအမေရိကန်ဖြစ်မယ်။ တစ်ရာ့တစ်ပါးလူမျိုးတွေ လာရောက်ပြီးဉီးခိုက်လိမ့်မည်။ သာသနာအရောင်အဝါ ကမ္ဘာကိုပြန်လင်းမယ်။ မှီအောင်ကြိုးစားကြ။ မင်းလေးပါးစုံ ရွှေတိဂုံကိန်းပေါ်လိမ့်မည်။

တရုတ်၊အိန္ဒိယ၊ အမေရိကန်၊မြန်မာ၊မင်းလေးပါး၏ ဉာဏ်ရည်စစ်ပွဲတွေရှိတယ်။ နောင်ပေါ်မည့်မင်းသည် ဓမ္မရာဇာမင်းပဲ တရားစောင့်လိမ့်မည်၊ စကြာမင်းကဲ့သို့ဘုန်းကြီးမယ်။ လူစွမ်းကောင်းလေးယောက်ရောက်ပါမည်။

တစ်ယောက်ကမြေကြောရှုံ့နိုင်၏၊ တစ်ယောက်ကဩဇာတိက္ခမကြီး၏။ တစ်ယောက်ကအရပ်လေးမျက်နှာမှ ရန်သူအပေါင်းကိုဖြိုခွင်းနိုင်၏။ တစ်ယောက်ကပြဒါးသေပြီး တိုင်းပြည်အဝန်းဝလင်စွာကျွေးနိုင်၏။

ပဒေသာပင်သီးသည့် ခေတ်ကြီးပြန်ရောက်လိမ့်မည်၊ ယခုမြင်နေရသည့်တောင်တွေဟာ စိန်တောင်၊ရွှေတောင်၊ ပတ္တမြားတောင်တွေပဲ။ အဲ့ဒီခေတ်ကြီးကို မှီအောင်ကြိုးစားကြ။ ယုံကြည်ရင်ပတ္တမြား၊ မယုံကြည်ရင်အလကား၊ ဝိဇ္ဇာစကားဆိုတာ အမှန်နဲ့အမှားအချိန်ကာလခြားမှသိရမည်။

အဘိုးကလေးဝဆရာတော် မှတ်စုမူရင်းအတိုင်း ဗဟုသုတအဖြစ်နှင့် ဖေါ်ပြလိုက်ပါသည်။ ဆရာတော်ကြီး၏ သီလဂုဏ်၊ပညာဂုဏ် သမာဓိဂုဏ်တို့ကို ရိုသေစွာကန်တော့ပါ၏။

Credit;…

Zawgyi

ကေလးဝဆရာေတာ္ဘုရားႀကီး၏ ၾကက္သီးထေလာက္ေအာင္မွန္ေနတဲ့ အနာဂါတ္ျမန္မာျပည္ေဟာစာတမ္းမ်ား

ကေလးဝဆရာေတာ္ဘုရားႀကီး၏ ၾကက္သီးထေလာက္ေအာင္မွန္ေနတဲ့ အနာဂါတ္ျမန္မာျပည္ေဟာစာတမ္းမ်ား။ တိုင္းျပည္အနာဂါတ္အတြက္ ေဘာင္းဘီဝတ္ေတြလာလိမ့္မည္၊ ဘုရားအဆူဆူမွာ စစ္ဖိနပ္သံေတြၾကားရလိမ့္မည္။

ေရစက္ခြက္ကိုင္လည္းေဘာင္းဘီဝတ္ေတြပဲ၊ ၂၀၀၀ႏွစ္ေထာင္ခုႏွစ္မွစ၍ ျမတ္ဘုရား၏သာသနာကို သၾကားကူလို႔ေစာင့္ေရွာက္မည္၊ နဂါးေတြကိုသာသနာကူဖို႔ သၾကားကတာဝန္ေပးလိုက္ၿပီ၊ ကပ္ေဆးလိမ့္မည္။

အမည္အသစ္နဲ႔အနာေရာဂါေတြေပၚလာမည္၊ ကူစက္ျမန္သည့္ကာလဝမ္းအနာမ်ိဳးလိုပဲ ပိုးမႊားအနာေပါ့ေလ။ ေရေတြႀကီးမယ္၊ မီးေတြေလာင္မယ္။ ေျမကမာၻမွာမီးေတာင္ေသေတြျပန္ရွင္မယ္၊ အစုလိုက္အပုံလိုက္ေသေက်ပ်က္စီးမယ္။

အခြန္ဘ႑ာေတြၾကက္အစာေကာက္သလို ဇလုတ္ေမာက္ေအာင္ေကာက္လိမ့္မည္။ ခ်စ္တီးေခါင္းလယ္ထြန္မယ္၊ မ်ားမ်ားခ်မ္းသာခ်င္သူေတြ မ်ားမ်ားဒုကၡေရာက္ယ္။

ဂုမၻဏ္ဘီလူးတပ္ေတြ လူ႔ျပည္ကိုဝင္စီးမယ္၊ သဘာဝေဘးနဲ႔အတူ စစ္ေဘးေတြပါလာလိမ့္မယ္။ တစ္က်ပ္မွာတစ္မတ္ပဲက်န္မယ္၊ အေဖကလည္းသားကိုမကယ္ႏိုင္ သားကလည္းအေဖကိုမကယ္ႏိုင္၊ ေခတ္ဆိုးကာလဆိုးနဲ႔ႀကဳံလိမ့္မယ္၊ ကပ္ႀကီးသုံးပါးလာလိမ့္မယ္။

သရဏဂုံတည္ၾက၊ ငါးပါးသီလၿမဲၾက၊ ေခတ္ဆိုးႀကီးလာမယ္။ ဆိုးၿပီးပ်က္ၿပီးမွ မင္းေကာင္းမင္းျမတ္ထူးျခားစြာေပၚမယ္။ မွီေအာင္ႀကိဳးစားၾက၊ ျမန္မာေတြစိတ္ေရာကိုယ္ပါခ်မ္းသာၿပီး ေသသည့္လူေတြကိုသတိတရရွိမယ္။

ဒုတိယအေမရိကန္ျဖစ္မယ္။ တစ္ရာ့တစ္ပါးလူမ်ိဳးေတြ လာေရာက္ၿပီးဉီးခိုက္လိမ့္မည္။ သာသနာအေရာင္အဝါ ကမာၻကိုျပန္လင္းမယ္။ မွီေအာင္ႀကိဳးစားၾက။ မင္းေလးပါးစုံ ေ႐ႊတိဂုံကိန္းေပၚလိမ့္မည္။

တ႐ုတ္၊အိႏၵိယ၊ အေမရိကန္၊ျမန္မာ၊မင္းေလးပါး၏ ဉာဏ္ရည္စစ္ပြဲေတြရွိတယ္။ ေနာင္ေပၚမည့္မင္းသည္ ဓမၼရာဇာမင္းပဲ တရားေစာင့္လိမ့္မည္၊ စၾကာမင္းကဲ့သို႔ဘုန္းႀကီးမယ္။ လူစြမ္းေကာင္းေလးေယာက္ေရာက္ပါမည္။

တစ္ေယာက္ကေျမေၾကာရႈံ႕ႏိုင္၏၊ တစ္ေယာက္ကဩဇာတိကၡမႀကီး၏။ တစ္ေယာက္ကအရပ္ေလးမ်က္ႏွာမွ ရန္သူအေပါင္းကိုၿဖိဳခြင္းႏိုင္၏။ တစ္ေယာက္ကျပဒါးေသၿပီး တိုင္းျပည္အဝန္းဝလင္စြာေကြၽးႏိုင္၏။

ပေဒသာပင္သီးသည့္ ေခတ္ႀကီးျပန္ေရာက္လိမ့္မည္၊ ယခုျမင္ေနရသည့္ေတာင္ေတြဟာ စိန္ေတာင္၊ေ႐ႊေတာင္၊ ပတၱျမားေတာင္ေတြပဲ။ အဲ့ဒီေခတ္ႀကီးကို မွီေအာင္ႀကိဳးစားၾက။ ယုံၾကည္ရင္ပတၱျမား၊ မယုံၾကည္ရင္အလကား၊ ဝိဇၨာစကားဆိုတာ အမွန္နဲ႔အမွားအခ်ိန္ကာလျခားမွသိရမည္။

အဘိုးကေလးဝဆရာေတာ္ မွတ္စုမူရင္းအတိုင္း ဗဟုသုတအျဖစ္ႏွင့္ ေဖၚျပလိုက္ပါသည္။ ဆရာေတာ္ႀကီး၏ သီလဂုဏ္၊ပညာဂုဏ္ သမာဓိဂုဏ္တို႔ကို ႐ိုေသစြာကန္ေတာ့ပါ၏။