ၾကားသိရသမွ်

ယနေ့ နံနက် မှာ မုံရွာမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခု ပစ်ခတ်ခဲ့တဲ့ ( ရုပ်သံဖိုင် )

ယနေ့ နံနက် မှာ မုံရွာမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခု ကိုလက်ပစ်မိုင်းဖြင့် ပစ်ခတ်ခဲ့တဲ့ရုပ်သံဖိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီအလိုကျ KPay အ​ကောင့်များပိတ်​ပေးနေသည့် ကမ္ဘောဇ(KBZ)ဘဏ်ခွဲတစ်ခုအား

လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother defense Forceက အသိ​ပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းစောင့်နေသော မုံရွာမြို့တွင်း ပေ (၈၀)လမ်း KBZ Bankဘဏ်ခွဲ(၄) ၊ပြည်ထောင်စုလမ်းမော်တော်ပီကယ်ရုံးနှင့်

အထက (၁) စာသင်ကျောင်းတို့အား ယနေ့ ဧပြီ ၉ ရက် နံနက် ၁၁ နာရီမှ ၁၁ နာရီခွဲအတွင်း လက်ပစ်မိုင်းများဖြင့်

ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother defense Forceက ထုတ်ပြန်သည်။

KBZ Bank အနေဖြင့် အများပြည်များ၏ Kpay အကောင့်များကို ဗဟိုဘဏ်၏ ညွှန်ကြားချက်ဟု ဆိုကာ

တားမြစ်ပိတ်ဆို့မှု့များ ပြုလုပ်နေကြောင်း၊ ဆက်လက်ပြီး KBZ Bank အနေဖြင့် စစ်ထောက်တိုင်အဖြစ် ရပ်တည်နေမည်ဆိုလျှင်

KBZ ဘဏ်အား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိ​ပေးထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ပြပြောက်ကျားအဖွဲ့များအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Unity F

orce Monywa, Brother defense Force နှင့် people’s Warriors မဟာမိတ် ပူးပေါင်းအဖွဲ့များမှ ပစ်ပေါက်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး

စစ်​ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု မသိရှိရသေးဘဲ ရဲဘော်များဘေးကင်းလုံခြုံသောနေရာများသို ပြန်လည်ရောက်ရှိခဲ့ကြောင်း၊

မိဘပြည်သူများအနေဖြင့် စကစများရှိသော နေရာများကို ရှောင်ရှားသွားလာကြပါရန်နှင့် သင်္ကြန်ကာလအတွင်း မိမိတို့၏

လုံခြုံသောအိမ်များအတွင်း နေထိုင်ပေးကြပါရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။

Zawgyi,











Unity F



