ၾကားသိရသမွ်

ဇနီးသည်လစ်တုန်းလေး အလုပ်မသွားပဲ ဂိမ်းခိုးဆော့ခဲ့ရာ ပြန်လာရင် အဆူခံရမည်စိုးပြီး ဗီရိုထဲဝင်ပုန်းခဲ့ရာမှ သူခိုးထင်ပြီး see more….

တ႐ုတ္ႏိုင္ငံ က်န္းျပည္နယ္ ဟန္က်ိဳးၿမိဳ႕တြင္ ေနထိုင္ေသာ အိမ္ေထာင္သည္အမ်ိဳးသားတစ္ဦးသည္ လိုင္းေပၚကေန ဂိမ္းတစ္ခုကို ေဆာ့ၾကည့္ခဲ့ရာမွ စြဲစြဲလန္းလန္းႀကီးျဖစ္သြား၍ ဒုကၡေရာက္ခဲ့ရသည္။

အမ်ိဳးသားသည္ ဇနီးျဖစ္သူမွာ ကေလးေတြကို ေက်ာင္းလိုက္ပို႔ရင္းနဲ႔ အလုပ္တန္းသြားဖို႔ အိမ္ကေန အေစာထြက္လာခဲ့ခ်ိန္တြင္ သူကေတာ့ ဂိမ္းေဆာ့ခ်င္တာေၾကာင့္ သူ႔ရဲ႕အလုပ္႐ုံဆီဖုန္းဆက္ကာ ေနမေကာင္းလို႔ဆိုၿပီး ခြင့္ယူခဲ့သည္။

ဇနီးျဖစ္သူသည္ အလုပ္ကေန ညေနေစာင္းေလာက္မွ ျပန္လာတတ္တာေၾကာင့္ အမ်ိဳးသားလည္း အိမ္မွာ စိတ္ႀကိဳက္ဂိမ္းခိုးေဆာ့ေနခဲ့ရာ ကံမေကာင္းစြာပဲ ဇနီးျဖစ္သူသည္ ပစၥည္းေမ့က်န္ခဲ့လို႔ဆိုၿပီး အိမ္သို႔ျပန္လာယူစဥ္ တံခါးေပါက္မွာ အထဲကခတ္ထား၍ ဖြင့္မရတာေၾကာင့္ သူခိုးဝင္ေနတယ္အထင္နဲ႔ ရဲတပ္ဖြဲ႕ဆီ အေၾကာင္းၾကားခဲ့သည္။

ထို႔ေနာက္ ရဲတပ္ဖြဲ႕မွ ေရာက္လာခ်ိန္တြင္ အခန္းထဲရွိ ဗီ႐ိုထဲမွာ ပုန္းေအာင္းေနေသာ အမ်ိဳးသားတစ္ဦးကို ေတြ႕ရွိခဲ့ခ်ိန္ ဇနီးျဖစ္သူမွ သူခိုးမဟုတ္ပဲ သူမရဲ႕ခင္ပြန္းျဖစ္ေၾကာင္း ရယ္ေမာရင္း ဆိုခဲ့သည္။

အမ်ိဳးသားလည္း တစ္ေနကုန္အိမ္မွာေနရင္း ဂိမ္းေဆာ့မည္ဟုႀကံထားခဲ့ရာ ဇနီးသည္မွ ႐ုတ္တရက္ ျပန္လာတာေၾကာင့္ အဆူခံရမွာေၾကာက္၍ ဗီ႐ိုထဲ ဝင္ပုန္းေနေၾကာင္း ရွင္းျပခဲ့ရာ ရဲတပ္ဖြဲ႕မွ မယုံသကၤာနဲ႔ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ လက္ထပ္စာခ်ဳပ္ကို ေတာင္းၾကည့္ခဲ့သည္။

Crd…

Unicode

တရုတ်နိုင်ငံ ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် နေထိုင်သော အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေ ဂိမ်းတစ်ခုကို ဆော့ကြည့်ခဲ့ရာမှ စွဲစွဲလန်းလန်းကြီးဖြစ်သွား၍ ဒုက္ခရောက်ခဲ့ရသည်။

အမျိုးသားသည် ဇနီးဖြစ်သူမှာ ကလေးတွေကို ကျောင်းလိုက်ပို့ရင်းနဲ့ အလုပ်တန်းသွားဖို့ အိမ်ကနေ အစောထွက်လာခဲ့ချိန်တွင် သူကတော့ ဂိမ်းဆော့ချင်တာကြောင့် သူ့ရဲ့အလုပ်ရုံဆီဖုန်းဆက်ကာ နေမကောင်းလို့ဆိုပြီး ခွင့်ယူခဲ့သည်။

ဇနီးဖြစ်သူသည် အလုပ်ကနေ ညနေစောင်းလောက်မှ ပြန်လာတတ်တာကြောင့် အမျိုးသားလည်း အိမ်မှာ စိတ်ကြိုက်ဂိမ်းခိုးဆော့နေခဲ့ရာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူသည် ပစ္စည်းမေ့ကျန်ခဲ့လို့ဆိုပြီး အိမ်သို့ပြန်လာယူစဉ် တံခါးပေါက်မှာ အထဲကခတ်ထား၍ ဖွင့်မရတာကြောင့် သူခိုးဝင်နေတယ်အထင်နဲ့ ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ ရောက်လာချိန်တွင် အခန်းထဲရှိ ဗီရိုထဲမှာ ပုန်းအောင်းနေသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ချိန် ဇနီးဖြစ်သူမှ သူခိုးမဟုတ်ပဲ သူမရဲ့ခင်ပွန်းဖြစ်ကြောင်း ရယ်မောရင်း ဆိုခဲ့သည်။

အမျိုးသားလည်း တစ်နေကုန်အိမ်မှာနေရင်း ဂိမ်းဆော့မည်ဟုကြံထားခဲ့ရာ ဇနီးသည်မှ ရုတ်တရက် ပြန်လာတာကြောင့် အဆူခံရမှာကြောက်၍ ဗီရိုထဲ ဝင်ပုန်းနေကြောင်း ရှင်းပြခဲ့ရာ ရဲတပ်ဖွဲ့မှ မယုံသင်္ကာနဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ထပ်စာချုပ်ကို တောင်းကြည့်ခဲ့သည်။