ဗဟုသုတ






မင်္ဂလာဦးညလေးကို အပေးအယူမျှမျှနဲ့ ဖြတ်သန်းနိုင်မှသာ ရှေ့လျှောက် အဆင်ပြေချောမွေ့တဲ့ အိမ်ထောင်ရေး ဘဝကို တည်ဆောက်နိုင်မှာပါ


ပွဲအပြီး တစ်ခါတည်း အိပ်ခန်းထဲ မဝင်ပါနဲ့ မနက်ပိုင်းပွဲတွေ ဆိုရင် ကိစ္စမရှိပေမယ့် ညစာစားပွဲတွေနဲ့ ဧည့်ခံမယ်ဆိုရင်တော့










အမျိုးသားတွေက စိတ်အားထက်သန်မှုနဲ့ စိတ်လောကြီးမှုတွေ ရှိမှာဖြစ်တဲ့အတွက် မိန်းကလေးတွေ အနေနဲ့ မနှစ်မြို့တဲ့အပြုအမူတွေကို ပြုလုပ်မိကောင်း ပြုလုပ်မိမှာပါ

အပျိုစင်သတို့သမီးလေးတို့ မင်္ဂလာဦးည မတိုင်ခင် သိထားသင့်တာတွေ အပျိုစင် သတို့သမီးလေးတို့ အတွက် မင်္ဂလာဦးည ဆိုတဲ့ ကိစ္စကြီးက တွေးကြည့်လိုက်တာနဲ့ ရင်ဆိုင်ရတာ ခက်ခဲလိမ့်မယ်လို့ ထင်ရတဲ့ ကိစ္စကြီးပါ

ဒါပေမယ့် သတို့သမီးလေးတွေ အတွက် ဒီကိစ္စက ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်သလို ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အတူမင်္ဂလာဦးညလေးကို အပေးအယူမျှမျှနဲ့ ဖြတ်သန်းနိုင်မှသာ ရှေ့လျျှောက် အဆင်ပြေချောမွေ့တဲ့ အိမ်ထောင်ရေး ဘဝကို တည်ဆောက်နိုင်မှာပါ

ဒါကြောင့် အတွေ့အကြုံ မရှိတဲ့ သတို့သမီးလေးတို့အတွက် သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ် ပွဲအပြီတစ်ခါတည်း အိပ်ခန်းထဲ မဝင်ပါနဲ့ မနက်ပိုင်းပွဲတွေ ဆိုရင် ကိစ္စမရှိပေမယ့် ညစာစားပွဲတွေနဲ့

ဧည့်ခံမယ်ဆိုရင်တော့ ပွဲပြီးတဲ့အချိန်ဟာ အိပ်ခန်းထဲ ဝင်သင့်တဲ့ အချိန်ရောက်နေပါပြီ အဲ့လိုဆိုပေမယ့်လည်း ပွဲအပြီးအိပ်ခန်းထဲ တန်းမဝင်သင့်ပါဘူးနော်

ဧည့်ခံပွဲမှာ ဝတ်ထားတဲ့ အင်္ကျီတွေ၊ အတွင်းခံတွေမှာ ချွေးနံ့တွေ ရှိနေနိုင်ပါတယ် နှစ်ကိုယ်တူ ချစ်ရည် လူး ချိန်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးက အရေးပါတာမို့ ကိုယ်လက်သန့်စင်တာနဲ့ အတွင်းခံ အဝတ်တွေကို အသစ်လဲလှယ် ဝတ်ဆင်တာမျိုးတွေ လုပ်သင့်ပါတယ်

စိုးရိမ်မှုတွေ လျှော့ထားပါ သူ့အလိုလို အဆင်ပြေသွားမှာပါ စိုးရိမ်မှုတွေနဲ့ စိတ်ကို တင်းကျပ်မနေပါစေနဲ့ သဘာဝအတိုင်း ကြုံတွေ့ရမယ့် ကိစ္စတစ်ခုဖြစ်လို့ သူ့အလိုလို အဆင်ပြေသွားမှာပါ

သတို့သမီးလေးမှာ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေ ရှိနေမယ်ဆိုရင် မင်္ဂလာဦးညလေးမှာ ကြည်နူးစရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ ခဲယဉ်းသွားပါလိမ့်မယ် ယောက်ျား၊မိန်းမ လိင်ကွဲပြားခြင်းရဲ့ ခြားနားချက် တစ်ခုပါပဲ ဒီလို ကိစ္စတြေမွာ အမျိုးသားတွေက စိတ်အားထက်သန်မှုနဲ့

စိတ်လောကြီးမှုတွေ ရှိမှာဖြစ်တဲ့အတွက် မိန်းကလေးတွေ အနေနဲ့ မနှစ်မြို့တဲ့ အပြုအမူတွေကို ပြုလုပ်မိကောင်း ပြုလုပ်မိမှာပါ ဒါပေမယ့် ဒါဟာ ယောက်ျား၊မိန်းမ လိ င်ကွဲပြားခြင်းရဲ့ ခြားနားချက် တစ်ခုပါပဲ ရာဇဝတ်မှုတစ်ခု မဟုတ်တဲ့အတွက် သတို့သမီးလေးတို့အနေနဲ့ ဒေါသထွက်ဖို့နဲ့ ကြောက်ကန်ကန်ဖို့ မလိုအပ်တာကို သတိပြုပါနော်