ေတာမွိုကို ခ်က္ျပဳတ္စားရာမွ မိသားစုလိုက္ See More…
ပူတာအို – ဧၿပီ ၁၁ ၊ ၂၀၂၂ ။
ပူတာအိုၿမိဳ့၊ ဆာရ္ခြမ္ဒမ္းေက်းရြာတြင္ ေဒသအေခၚ ေတာမွိုကို ခ်က္ျပဳတ္စားရာမွ အစာအဆိပ္သင့္ခဲ့ေသာေၾကာင့္ ကေလးငယ္ႏွစ္ဦးေသဆုံးၿပီး မိခင္ျဖစ္သူမွာ အသက္အႏၲရာယ္ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေနေၾကာင္းသိရသည္။
ဆာရ္ခြမ္ဒမ္းေက်းရြာရွိ အလယ္တန္းေက်ာင္းဝင္းမွ ခူးလာေသာ ေတာမွိုကို ဧၿပီလ ၆ ရက္ေန႔က ခ်က္ျပဳတ္စားရာမွ သားအမိသုံးဦးစလုံး အစာအဆိပ္သင့္ခဲ့ေၾကာင္း ၎မိသားစုႏွင့္နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။
“ေက်ာင္းဝင္းက သားနဲ႔သမီးက ခူးလာတဲ့ မွိုကို အေမကို ခ်က္ေပးပါလို့ ပူဆာလိုက္တာ အေမက ခ်က္ေပးလိုက္ၿပီး သုံးေယာက္လုံး စားမိလိုက္တာ။ မနက္သုံးနာရီက အန္လာၿပီ ။ အန္ဖတ္စားတဲ့ ေခြးအရင္ ေသသြားတာ။
သားအမိသုံးေယာက္စလုံးေဆး႐ုံတင္။ သားနဲ႔သမီးက ေအာက္စီဂ်င္ရွူတဲ့အဆင့္နဲ႔ၾကဳံခဲ့ၿပီး ၉ ရက္ညမွာ သမီးေလးဆုံးသြားၿပီး သားေလးက ၉ ရက္ည သန္ေခါင္ခ်ိန္ဆုံးတာ။ သူ႔အမ်ိဳးသားက မစားလိုက္ဘူး” ဟုေျပာသည္။
မွိုအဆိပ္သင့္ကာ ေသဆုံးသြားေသာ အသက္ ခုႏွစ္အရြယ္ရွိ သမီးျဖစ္သူ၏ ႐ုပ္အေလာင္းကို ယမန္ေန႔က သၿဂိဳဟ္ခဲ့ၿပီး ယမန္ေန႔ညက ေသဆုံးသြားေသာ အသက္ေလးႏွစ္အရြယ္ သားျဖစ္သူ၏႐ုပ္အေလာင္းကို ယေန႔ သၿဂိဳဟ္ခဲ့ေၾကာင္း သူကေျပာသည္။
မိခင္ျဖစ္သူ ေက်ာင္းဆရာမ ေဒၚခင္ေဌးႂကြယ္သည္ က်န္းမာေရးအေျခအေန စိုးရိမ္ရသျဖင့္ ဧၿပီလ ၁၂ရက္ေန႔(မနက္ျဖန္) တြင္ ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံသို့ ပို့ေဆာင္မည္ျဖစ္ေၾကာင္း သူကေျပာသည္။
မွိုအဆိပ္သင့္ေသာ ဆရာမမိသားစုသည္ စစ္ကိုင္းတိုင္း ၊ မင္းကင္းၿမိဳ့နယ္မွ ပူတာအိုၿမိဳ့ ဆာရ္ခြမ္ဒမ္းေက်းရြာရွိ အလယ္တန္းေက်ာင္းတြင္ တာဝန္က်ေသာေၾကာင့္ ေျပာင္းေရႊ႕လာေသာ မိသားစုျဖစ္သည္။
ၿပီးခဲ့သည့္ မတ္လအတြင္းကလည္း ပူတာအိုၿမိဳ့မွ ဦးရင္ထန္ဆင္ႏွင့္ ၎၏သူငယ္ခ်င္းအမ်ိဳးသားတစ္ဦးသည္ ေတာမွိုစားမိေသာေၾကာင့္ အဆိပ္သင့္ကာ ေသဆုံးခဲ့သည္။
ကမၻာေပၚတြင္ မွိုအမ်ိဳးအစားေပါင္း တစ္ေထာင္ေက်ာ္ရွိကာ အမ်ိဳးအစား ၅၀ခန႔္သည္ အဆိပ္ရွိၿပီး အဆိပ္ရွိေသာမွိုမ်ားအနက္မွ အခ်ိဳ့မွာ ျပင္းထန္စြာ အဆိပ္သင့္ေစၿပီး အသက္ဆုံးရွုံးသည္အထိ ျဖစ္ေစနိုင္သည္။
မွိုတြင္ အဆိပ္ရွိ၊ မရွိ စမ္းသပ္ရန္နည္းလမ္းမွာ မွိုကိုလက္ျဖင့္ ညစ္ၾကည့္ပါက အညိဳကြက္မ်ား ျဖစ္ေပၚလာျခင္းႏွင့္ ေခ်ၾကည့္ပါက ေသြးေရာင္ထြက္လာျခင္း၊ မွိုဟင္းအတြင္းစတီးဇြန္း(သို့မဟုတ္) ဓါးျဖင့္ေမႊၾကည့္ပါက မွိုဟင္းမဲသြားျခင္း၊
မွိုဟင္းအတြင္း ၾကက္သြန္နီဥ ထည့္လိုက္ပါက ၾကက္သြန္နီဥမဲသြားျခင္း၊ မွိုကိုဆားရည္တြင္ စိမ္လိုက္ပါက အေရာင္မဲလာျခင္းတို့ျဖစ္ေပၚလာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အသိပညာေပး ထုတ္ျပန္ခ်က္အရသိရသည္။
Photo – CJ
တောမှိုကို ချက်ပြုတ်စားရာမှ မိသားစုလိုက် See More…
ပူတာအို – ဧပြီ ၁၁ ၊ ၂၀၂၂ ။
ပူတာအိုမြို့၊ ဆာရ်ခွမ်ဒမ်းကျေးရွာတွင် ဒေသအခေါ် တောမှိုကို ချက်ပြုတ်စားရာမှ အစာအဆိပ်သင့်ခဲ့သောကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်းသိရသည်။
ဆာရ်ခွမ်ဒမ်းကျေးရွာရှိ အလယ်တန်းကျောင်းဝင်းမှ ခူးလာသော တောမှိုကို ဧပြီလ ၆ ရက်နေ့က ချက်ပြုတ်စားရာမှ သားအမိသုံးဦးစလုံး အစာအဆိပ်သင့်ခဲ့ကြောင်း ၎င်းမိသားစုနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းဝင်းက သားနဲ့သမီးက ခူးလာတဲ့ မှိုကို အမေကို ချက်ပေးပါလို့ ပူဆာလိုက်တာ အမေက ချက်ပေးလိုက်ပြီး သုံးယောက်လုံး စားမိလိုက်တာ။ မနက်သုံးနာရီက အန်လာပြီ ။ အန်ဖတ်စားတဲ့ ခွေးအရင် သေသွားတာ။
သားအမိသုံးယောက်စလုံးဆေးရုံတင်။ သားနဲ့သမီးက အောက်စီဂျင်ရှူတဲ့အဆင့်နဲ့ကြုံခဲ့ပြီး ၉ ရက်ညမှာ သမီးလေးဆုံးသွားပြီး သားလေးက ၉ ရက်ည သန်ခေါင်ချိန်ဆုံးတာ။ သူ့အမျိုးသားက မစားလိုက်ဘူး” ဟုပြောသည်။
မှိုအဆိပ်သင့်ကာ သေဆုံးသွားသော အသက် ခုနှစ်အရွယ်ရှိ သမီးဖြစ်သူ၏ ရုပ်အလောင်းကို ယမန်နေ့က သဂြိုဟ်ခဲ့ပြီး ယမန်နေ့ညက သေဆုံးသွားသော အသက်လေးနှစ်အရွယ် သားဖြစ်သူ၏ရုပ်အလောင်းကို ယနေ့ သဂြိုဟ်ခဲ့ကြောင်း သူကပြောသည်။
မိခင်ဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်ဌေးကြွယ်သည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် ဧပြီလ ၁၂ရက်နေ့(မနက်ဖြန်) တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သူကပြောသည်။
မှိုအဆိပ်သင့်သော ဆရာမမိသားစုသည် စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်မှ ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်းကျေးရွာရှိ အလယ်တန်းကျောင်းတွင် တာဝန်ကျသောကြောင့် ပြောင်းရွှေ့လာသော မိသားစုဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပူတာအိုမြို့မှ ဦးရင်ထန်ဆင်နှင့် ၎င်း၏သူငယ်ချင်းအမျိုးသားတစ်ဦးသည် တောမှိုစားမိသောကြောင့် အဆိပ်သင့်ကာ သေဆုံးခဲ့သည်။
ကမ္ဘာပေါ်တွင် မှိုအမျိုးအစားပေါင်း တစ်ထောင်ကျော်ရှိကာ အမျိုးအစား ၅၀ခန့်သည် အဆိပ်ရှိပြီး အဆိပ်ရှိသောမှိုများအနက်မှ အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
မှိုတွင် အဆိပ်ရှိ၊ မရှိ စမ်းသပ်ရန်နည်းလမ်းမှာ မှိုကိုလက်ဖြင့် ညစ်ကြည့်ပါက အညိုကွက်များ ဖြစ်ပေါ်လာခြင်းနှင့် ချေကြည့်ပါက သွေးရောင်ထွက်လာခြင်း၊ မှိုဟင်းအတွင်းစတီးဇွန်း(သို့မဟုတ်) ဓါးဖြင့်မွှေကြည့်ပါက မှိုဟင်းမဲသွားခြင်း၊
မှိုဟင်းအတွင်း ကြက်သွန်နီဥ ထည့်လိုက်ပါက ကြက်သွန်နီဥမဲသွားခြင်း၊ မှိုကိုဆားရည်တွင် စိမ်လိုက်ပါက အရောင်မဲလာခြင်းတို့ဖြစ်ပေါ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေး ထုတ်ပြန်ချက်အရသိရသည်။
Photo – CJ