ၾကားသိရသမွ်

စည္ကားတယ္ဆိုလို႔ ဘယ္ရမလဲေသခ်ာထိုင္ၾကည့္ေနတာ လက္စသတ္ေတာ့ ေဖာကာား(၃)စီးနဲ႔ ဟိုက္ခ်က္(၃)စီးပဲ ခ်ာလပတ္ေနတာ

Zawgyi

စည္ကားတယ္ဆိုလို႔ ဘယ္ရမလဲေသခ်ာထိုင္ၾကည့္ေနတာ လက္စသတ္ေတာ့ ေဖာကာား(၃)စီးနဲ႔ ဟိုက္ခ်က္(၃)စီးပဲ ခ်ာလပတ္ေနတာ

ရန္ကုန္သၾကၤန္လူမရွိဘဲ ေျခာက္ကပ္ေန ၊ စစ္ေကာင္စီ၏ရန္ကုန္ၿမိဳ႕ေတာ္ဝန္သၾကၤန္မ႑ပ္ေရွ႕ လူတခ်ိဳ႕ တင္လာေသာ စည္ပင္ ေဖာကား ၃ စီး၊ ဟိုက္ဂ်က္ကား ၃ စီးခန႔္ျဖင့္ အႀကိမ္ႀကိမ္ ေရပက္ခံျပေနမႈကို ထုတ္လႊင့္ေန

ရန္ကုန္၊ ဧၿပီ ၁၃

ယေန႔ ဧၿပီလ ၁၃ ရက္ေန႔ မဟာသၾကၤန္ အႀကိဳေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ လမ္းမႀကီးမ်ားတြင္ လူသူမရွိဘဲ ေျခာက္ကပ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

“က်ေနာ္ လွည္းတန္း၊ ေျမနီကုန္း၊ ၿမိဳ႕ထဲ ပတ္လာတာ လူကိုမရွိဘူး လမ္းေပၚမွာ။ ဆူးေလပတ္ဝန္းက်င္ကေတာ့ ပတ္ပတ္လည္ အကုန္ပိတ္ဆို႔ထားတယ္။ ေရပက္ခံကားလည္းမေတြ႕ဘူး။ ေရပက္သူလည္းမရွိဘူး။ အသံတိတ္သပိတ္တုန္းကလို ၿမိဳ႕ႀကီးက ေျခာက္ကပ္ေနတာ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီ၏ ႐ုပ္ျမင္သံၾကားလိုင္းမ်ားတြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္ဖြင့္ပြဲကို တိုက္႐ိုက္ထုတ္လႊင့္ျပသ ေနၿပီး အဆိုပါ ၿမိဳ႕ေတာ္ဝန္မ႑ပ္ေရွ႕တြင္ လူတခ်ိဳ႕တင္ေဆာင္လာေသာ ေဖာကား အျဖဴ ၃ စီး ၊ ဟိုက္ဂ်က္ကား အျဖဴ ၃ စီးမွာ အႀကိမ္ႀကိမ္ ၿမိဳ႕ေတာ္ဝန္မ႑ပ္ေရွ႕ ျဖတ္သန္း ေရပက္ခံေနမႈကို ျမင္ေတြ႕ရေၾကာင္း ေျပာဆိုသည္။

“ဘာရယ္မဟုတ္ TV ဖြင့္ၿပီး ထိုင္ၾကည့္ေနတာ ၿမိဳ႕ ေတာ္ဝန္မ႑ပ္ေရွ႕မွာ ေဖာကား ၃ စီးနဲ႔ ဟိုက္ဂ်က္ ၃ စီးေလာက္က အႀကိမ္ႀကိမ္ ျဖတ္ျပၿပီး လူရွိသလို လုပ္ေနတာ။ ခ်မ္းေသေလာက္တယ္။ စည္ပင္ေဖာကား ေတြျဖစ္ဖို႔မ်ားတယ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

Unicode

စည်ကားတယ်ဆိုလို့ ဘယ်ရမလဲသေချာထိုင်ကြည့်နေတာ လက်စသတ်တော့ ဖောကာား(၃)စီးနဲ့ ဟိုက်ချက်(၃)စီးပဲ ချာလပတ်နေတာ

ရန်ကုန်သြင်္ကန်လူမရှိဘဲ ခြောက်ကပ်နေ ၊ စစ်ကောင်စီ၏ရန်ကုန်မြို့တော်ဝန်သြင်္ကန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော စည်ပင် ဖောကား ၃ စီး၊ ဟိုက်ဂျက်ကား ၃ စီးခန့်ဖြင့် အကြိမ်ကြိမ် ရေပက်ခံပြနေမှုကို ထုတ်လွှင့်နေ

ရန်ကုန်၊ ဧပြီ ၁၃

ယနေ့ ဧပြီလ ၁၃ ရက်နေ့ မဟာသြင်္ကန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးများတွင် လူသူမရှိဘဲ ခြောက်ကပ်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော် လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ ပတ်လာတာ လူကိုမရှိဘူး လမ်းပေါ်မှာ။ ဆူးလေပတ်ဝန်းကျင်ကတော့ ပတ်ပတ်လည် အကုန်ပိတ်ဆို့ထားတယ်။ ရေပက်ခံကားလည်းမတွေ့ဘူး။ ရေပက်သူလည်းမရှိဘူး။ အသံတိတ်သပိတ်တုန်းကလို မြို့ကြီးက ခြောက်ကပ်နေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ရုပ်မြင်သံကြားလိုင်းများတွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသ နေပြီး အဆိုပါ မြို့တော်ဝန်မဏ္ဍပ်ရှေ့တွင် လူတချို့တင်ဆောင်လာသော ဖောကား အဖြူ ၃ စီး ၊ ဟိုက်ဂျက်ကား အဖြူ ၃ စီးမှာ အကြိမ်ကြိမ် မြို့တော်ဝန်မဏ္ဍပ်ရှေ့ ဖြတ်သန်း ရေပက်ခံနေမှုကို မြင်တွေ့ရကြောင်း ပြောဆိုသည်။

“ဘာရယ်မဟုတ် TV ဖွင့်ပြီး ထိုင်ကြည့်နေတာ မြို့ တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖောကား ၃ စီးနဲ့ ဟိုက်ဂျက် ၃ စီးလောက်က အကြိမ်ကြိမ် ဖြတ်ပြပြီး လူရှိသလို လုပ်နေတာ။ ချမ်းသေလောက်တယ်။ စည်ပင်ဖောကား တွေဖြစ်ဖို့များတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။