ဗေဒင်

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက်(၁) နှစ်စာ ခုနှစ်ရက်သားသမီး ဗေဒင်ဟောစာတမ်း

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက်(၁) နှစ်စာ ဗေဒင်ဟောစာတမ်း

မဟာသင်္ကြန် ကျချိန် – မြန်မာသက္ကရာဇ် (၁၃၈၃ -ခုနှစ်)၊ နှောင်းတန်ခူးလ္ဆန်း (၁၄)ရက်၊ ခရစ်နှစ် ၂၀၂၂ ဧပြီလ (၁၄)ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် (၁၁) နာရီ (၅၉) မိနစ် (၃၀) စက္ကန့် အချိန်တွင် မဟာသင်္ကြန်ကျသည်။

သင်္ကြန်အကြတ်နေ့ – မြန်မာသက္ကရာဇ် (၁၃၈၃-ခုနှစ်) နှောင်းတစ်ခုလ္ဆန်း (၁၅) ရက်၊ ခရစ်နှစ် ၂၀၂၂ ဧပြီလ (၁၅) ရက် သောကြာနေ့။

သင်္ကြန်အတက်နေ့ – မြန်မာသက္ကရာဇ် (၁၃၈၃-ခုနှစ်) နှောင်းတစ်ခူးလပြည့်ကျော် (၁) ရက် ၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် ဧပြီလ (၁၆) ရက် စနေနေ့ ညနေစက် (၄) နာရီ (၄) မိနစ် (၁၃) စက္ကန့် အချိန်တွင် မဟာသင်္ကြန် တက်ပါသည်။

မြန်မာ နှစ်ဆန်း (၁) ရက်နေ့ – မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ဦးတန်ခူး လပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် (၂၀၂၂) ခုနှစ် ဧပြီလ (၁၇) ရက် ၊ တနင်္ဂနွေနေ့။(စနေသားသမီးများ တာစားသည်)

ပုပ္ပါးစောရဟန်းမင်းကို အကြောင်းပြုပြီးရေးထိုးသော မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သခင်ခရစ် တော်ကို အကြောင်းပြုပြီးရေးထိုးသော ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှ ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့အတွင်း

တနင်္ဂနွေသားသမီးများ

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။.

ငွေရေးကြေးရေး – ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။

အချစ်ရေး – ဆုပ်လည်းစူး စားလည်းရူး အခြေအနေများကြုံရအံ့။

အိမ်ထောင်ရေး – အကောင်းအဆိုးရောထွေးနေလတ္တံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေအံ့။

ပညာရေး – ပညာရေးကံအလယ်အလတ်သာရှိအံ့။ မိမိရည်မှန်းထားသလောက်သာ အောင်မြင်အံ့။

ကျန်းမာရေး – နား ၊နှာခေါင်း ၊ ဒူး ၊ ကိုယ်ပူခြင်း ၊ ဖျားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို သစ်သီး (၆) လုံး ၊ သောက်တော်ရေ (၅)ခွက် ၊ ဖယောင်းတိုင် (၅) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

တနင်္လာသားသမီးများ

စီးပွားတက်အံ့။ ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။

ငွေရေကြေးရေး – နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။

အချစ်ရေး – မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ လတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ ဆရာကောင်း သမားကောင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရအံ့။

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ဆေးရုံ ဆေးခန်းနှင့် ပက်သက်ရတတ်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို နှင်းဆီ(၇) ပွင့် ၊ နွားနို့ (၁) ခွက် ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

အင်္ဂါသားသမီးများ

စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။ လုပ်ငန်းစီးပွား လက်ရှိအခြေအနေထက် များစွားမြင့်တက်လတ္တံ့။ လုပ်ငန်းသစ်များစတင်သင့်။

ငွေရေးကြေးရေး – လွဲချော်ပြီးမှ အောင်မြင်အံ့ ။ ရမလိုလိုဖြစ်နေတဲ့ငွေကြေးများ ကြန့်ကြာနေပြီး ၊ မရဘူးဟုထင်ရသောငွေကြေးများ ပြန်လည်ရရှိအံ့။

အချစ်ရေး – ချစ်သူ၏ မာယာပရိယာယ်ကြားမှာ နစ်မျောသွားတတ်။ သတိပြုသင့်။ ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။

အိမ်ထောင်ရေး – အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲအံ့။ ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည်သည့်နေ့တွင်မဆို နှင်းဆီ (၇) ပွင့် သောက်တော်ရေ (၄) ခွက် ဖယောင်းတိုင် (၄) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

ဗုဒ္ဓဟူးသားသမီးများ

လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြြန်မန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ရွက်သင့်အံ့။ စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့် တိုးချဲ့သင့်အံ့။

ငွေရေးကြေးရေး – မိမိရည်မှန်းထားသလောက် အောင်မြင်အံ့ ။ စိတ်ပူပြီးမှ အောင်မြင်အံ့ ။

အချစ်ရေး – အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရလတ္တံ့။ မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရအံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏အကျိုးပြုခြင်းကိုရရှိအံ့။ စိတ်တူကိုယ်တူဖြင့် ကြည်ဖြူနေအံ့။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။ နည်းနည်းကြိုးစားယုံမျှဖြင့် များများအောင်မြင်လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့အံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရင်ဂေါင်း ၊ လက် ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည်သည့်နေ့တွင်မဆို ကိတ်မုန့်(၂) ချပ် ၊ ကော်ဖီ (၂) ခွက် ၊ ပန်းအဖြူ (၂) ပွင့် ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

ကြာသပတေးသားသမီးများ

ကံတရား၏ မျက်နှာသာပေးခြင်း ၊ အကူအညီ အပံ့အပိုးပေးခြင်းကို မခံရပဲ ၊ မိမိ၏ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အစွမ်းအစများဖြင့် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမည့်နှစ်ဖြစ်အံ့။

ငွေရေးကြေးရေး – ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသောအလုပ်များ သတိထားပြီးလုပ်ပါ။

အချစ်ရေး – ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။

အိမ်ထောင်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ။

ပညာရေး – ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်းထားသလောက် အောင်မြင်လတ္တံ့။

ကျန်းမာရေး – ဆီး ၊ သွေး ၊ အစာမှား ၊ ဆေးမှား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. ကြာသပတေးနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို ကြာဇံကြော် (၂) ပွဲ ၊ ပန်းအဖြူ (၂) ပွင့် ၊ ဖယောင်း (၂) တိုင် နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

သောကြာသားသမီးများ

အတိုက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်လတ္တံ့။ အပေါင်းအသင်းမှားတတ်။ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေသတိပြုပါ။

အထူးလိုက်နာရန်။ ။ ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။ စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။

ငွေရေးကြေးရေး – ငွေကြေး အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်ဖို့ ၊ ငွေကြေးအကြံအစည်များအောင်မြင်ဖို့ အခြေအနေကောင်း အခွင့်အလမ်းကောင်း ၊ အဆက်အသွယ်ကောင်းများ ၊ အကူအညီကောင်းများပေါ်လာအံ့။

အချစ်ရေး – အချစ်ရေးကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။ ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေအံ့ ။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ အကြံကောင်း ဉာဏ်ကောင်းများရအံ့။

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက် လက်ဖက်ရည် (၄) ခွက် ၊ ယို (၄) မျိုး ၊ ဖယောင်းတိုင် (၄) တိုင် ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

အထူးယတြာ။ ။ သောကြာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။ အကြောင်းကိစ္စပေါ်လျှင် ကံမကောင်းဘူးထင်ရင် ထပ်လုပ်ပါ။

စနေသားသမီးများ

ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်လတ္တံ့။အတိတ်ကံကိုအကြောင်းပြုပြီးငွေအစုလိုက်အပုံလိုက်ရခြင်း၊ထီဆုကြီးပေါက်ခြင်း၊ခြံ၊ကား၊ကျောက် ကောင်းသောဝင်ခြင်းတွင်ရှိလတ္တံ့။

ငွေရေးကြေးရေး – အတိတ်ကံကို အကြောင်းပြု၍ ငွေကြေးအစုလိုက်အပုံလိုက်ရအံ့။ ငွေကြေးကိစ္စများ မိမိရည်မှန်းထားတာထက် ပိုမိုအောင်မြင်အံ့။

အချစ်ရေး – အပျိုလူပျိုများ အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရလတ္တံ့။ စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ရောထွေးနေအံ့။

အိမ်ထောင်ရေး – တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေအံ့။ မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီနေအံ့။ စိတ်ပူစရာအချို့ ရောနေအံ့။

ပညာရေး – ပညာရေးကံတအားကောင်းနေအံ့။ထူးထူးချွန်ချွန် အောင်မြင်အံ့။ နည်းနည်းူကြိုးစားလိုက်ယုံနှင့် များများအောင်မြင်လတ္တံ့။

ကျန်းမာရေး – ဦးခေါင်း ၊ အာရုံကြော ၊ အဆုတ် ၊ အစာအိမ် နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို ပေါင်မုန့် (၅) ချပ် ၊ ပန်းအဝါ (၅) ပွင့် ၊ ဖေယာင်းတိုင် (၅) တိုင် မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။

( အထူးအားဖြင့် – အတာစားသောနေ့သည် စနေနေ့ဖြစ်သည်။ ထို့ကြောင့် စနေသားသမီးများသည် သင်္ကြန်အတက်နေ့တွင် …

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ ရဟန္တာအရှင်သူမြတ်အပေါင်းတို့အား ပန်းအဝါ (၅) ပွင့် ၊၊ သောက်တော် ရေ(၅)ခွက် ၊ ဖယောင်းတိုင်(၅)တိုင် ပူဇော်လှူဒါန်းပြီး … ။

သင်္ကြန်မင်း (သို့) သိကြားမင်း (သို့) စနေဂြိုဟ်မင်း နှင့်တကွ ၊ နတ်ဒေဝတာများ ၊ မိမိအားစောင့်ရှောက်ကြကုန်သော မိမိနှင့်ပဌန်းဆက်ရှိကြကုန်သော နတ်ပုဂ္ဂုလ်များကို မေတ္တာပို့သဆုတောင်းပါ ….။

၁၃၈၄ ခုနှစ် တစ်နှစ်တာလုံးတွင်လည်း ဘာသာရေးပိုလုပ်ခြင်း ၊ ကောင်းမှုကုသလိုလ်များ ပိုမိုပြုလုပ်ခြင်း ၊ မေတ္တာများများပို့ခြင်း ၊ သည်းခံစိတ်မွေးခြင်း ၊ အစစအရာရာ သတိတရားလက်ကိုင်ထားပြီး ဖြတ်သန်းခြင်းအားဖြင့် …

စနေသားသမီးများသည် ၁၃၈၄ ခုနှစ်တစ်နှစ်တာလုံးတွင် အန္တရာယ်ကင်းဘေးရှင်း ၊ အခိုက်အညံ့ကင်းရှင်း ၊ ရောဂါဘယကင်းရှင်းပြီး ကောင်းကျိုးချမ်းသာများ ရရှိခံစားရကာ ကောင်းသောအပြောင်းအလဲများသည် ဧကံမုချဖြစ်လတ္တံ့။)

အကျွန်ုပ်၏ကောင်းသောဟောချက်များ သွေးထွက်အောင်မှန်ကန်၍ ၊ မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)

Hony . Doctor of (Ph.D) Astrology . India (2019)