Zawgyi
အဆိုေတာ္ခိုင္ျမဲသစၥာေျပာျပီ
အသံခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ခ်စ္ခင္အားေပးမူ႔ကို ရရွိထားတဲ့ အဆိုေတာ္ ခိုင္ၿမဲသစၥာ ကိုေတာ့ အားလုံးပဲမွတ္မိၾကအုန္းမယ္ထင္ပါတယ္။ ” အထာက်တဲ့အခ်စ္” ဆိုတဲ့ အခ်စ္သီခ်င္းေလးကို JFire နဲ႔ အတူ သီဆိုခဲ့ၿပီး နာမည္ႀကီးလူသိမ်ားလာခဲ့တာျဖစ္ၿပီး
ပရိသတ္ေတြ သတိထားမိခဲ့တာလဲ ျဖစ္ပါတယ္။ ယခုေနာက္ဆုံးထြက္ထားတဲ့ J Fire နဲ႔ အတူ သီဆိုထားတဲ့ ” ႐ႊင္လန္းကာစိတ္ခ်မ္းသာၾကေစ” ဆိုတဲ့ သၾကၤန္သီခ်င္းေလး ဟာလဲ ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလးလူႀကိဳက္မ်ားခဲ့ၿပီး ထူးျခားေကာင္းမြန္တဲ့ ႐ိုက္ခ်က္ေတြေၾကာင့္လဲ ခ်ီးက်ဴးခံခဲ့ရပါေသးတယ္။
အဆိုေတာ္ ခိုင္ၿမဲသစၥာ ဟာ ” ႐ႊင္လန္းကာစိတ္ခ်မ္းသာၾကေစ” ဆိုတဲ့ သၾကၤန္သီခ်င္းေလးရဲ႕ MTV ထဲမွာ မ်က္ႏွာတည္တည္ႀကီး သ႐ုပ္ေဆာင္ခဲ့တာနဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။ သူမဟာ ဓမၼတာလာေနတဲ့အခ်ိန္မွာ ဆိုင္မွာသြားေရာက္ၿပီး ေဂါင္းေလွ်ာ္ခဲ့ၿပီးေနာက္ မနက္မိုးလင္းလာတဲ့အခါ မ်က္ႏွာတစ္ျခမ္းဟာ ေယာင္ေနခဲ့တာေၾကာင့္
ေဆးခန္းကို ခ်က္ခ်င္းသြားျပခဲ့ပါတယ္။ “ဓမၼတာလာေနခ်ိန္မွာ ေခါင္းေလွ်ာ္၊ နားေဆး လုပ္လိုက္မိတာ မ်က္ႏွာ နဲ႔ ေခါင္းက အေၾကာေတြ တင္းလာၿပီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ ေသြးေၾကာမွ်င္ေတြ ျပတ္ေတာက္သြားခဲ့တယ္။ “႐ႊင္လန္းကာ စိတ္ခ်မ္းသာၾကပါေစ” သၾကၤန္သီခ်င္း ဗီဒီယို ႐ိုက္ခါနီး ျဖစ္သြားေတာ့ ႐ိုက္ကူးေရးမွာ ၿပဳံးလို႔လဲ မရ၊ မ်က္ႏွာေယာင္ၿပီး ႏႈတ္ခမ္းပါ ႐ြဲ႕သြားခဲ့ရတယ္” လို႔ ခိုင္ၿမဲသစၥာ က ေျပာျပထားပါတယ္။
အဆိုေတာ္ ခိုင္ၿမဲသစၥာ ကေတာ့ မိန္းကေလးေတြ အားလုံးကို သူမလိုမျဖစ္ေစဖို႔ သတိေပးထားပါတယ္။ ဓမၼတာလာတဲ့အခ်ိန္ဟာ မိန္းကေလးအတြက္ အေရးႀကီးဆုံးအခ်ိန္ျဖစ္ၿပီး ဒီလိုအခ်ိန္မွာ လက္ဖက္စားျခင္း၊အေအးခံျခင္း၊ေဂါင္းေလွ်ာ္တာေတြကို
အတတ္ႏိုင္ဆုံး မလုပ္မိဖို႔ အေရးႀကီးတယ္လို႔ သူမ က ေျပာျပေပးထားပါတယ္။ ခိုင္ၿမဲသစၥာ ဟာ လက္ရွိမွာ သူမရဲ႕က်န္းမာေရးအေျခအေနဟာ 85% ေလာက္ျပန္ေကာင္းေနၿပီးေတာ့ အရွင္းေတာ့မေပ်ာက္ကင္းေသးဖူးလို သိရပါတယ္။ အျမန္ဆုံးေနျပန္ေကာင္းပါေစ ခိုင္ၿမဲေရ။
Unicode
အဆိုတော်ခိုင်မြဲသစ္စာပြောပြီ
အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်ချစ်ခင်အားပေးမူ့ကို ရရှိထားတဲ့ အဆိုတော် ခိုင်မြဲသစ္စာ ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ်ထင်ပါတယ်။ ” အထာကျတဲ့အချစ်” ဆိုတဲ့ အချစ်သီချင်းလေးကို JFire နဲ့ အတူ သီဆိုခဲ့ပြီး နာမည်ကြီးလူသိများလာခဲ့တာဖြစ်ပြီး
ပရိသတ်တွေ သတိထားမိခဲ့တာလဲ ဖြစ်ပါတယ်။ ယခုနောက်ဆုံးထွက်ထားတဲ့ J Fire နဲ့ အတူ သီဆိုထားတဲ့ ” ရွှင်လန်းကာစိတ်ချမ်းသာကြစေ” ဆိုတဲ့ သြင်္ကန်သီချင်းလေး ဟာလဲ ပရိသတ်တွေကြားထဲမှာ အတော်လေးလူကြိုက်များခဲ့ပြီး ထူးခြားကောင်းမွန်တဲ့ ရိုက်ချက်တွေကြောင့်လဲ ချီးကျူးခံခဲ့ရပါသေးတယ်။
အဆိုတော် ခိုင်မြဲသစ္စာ ဟာ ” ရွှင်လန်းကာစိတ်ချမ်းသာကြစေ” ဆိုတဲ့ သြင်္ကန်သီချင်းလေးရဲ့ MTV ထဲမှာ မျက်နှာတည်တည်ကြီး သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ သူမဟာ ဓမ္မတာလာနေတဲ့အချိန်မှာ ဆိုင်မှာသွားရောက်ပြီး ဂေါင်းလျှော်ခဲ့ပြီးနောက် မနက်မိုးလင်းလာတဲ့အခါ မျက်နှာတစ်ခြမ်းဟာ ယောင်နေခဲ့တာကြောင့်
ဆေးခန်းကို ချက်ချင်းသွားပြခဲ့ပါတယ်။ “ဓမ္မတာလာနေချိန်မှာ ခေါင်းလျှော်၊ နားဆေး လုပ်လိုက်မိတာ မျက်နှာ နဲ့ ခေါင်းက အကြောတွေ တင်းလာပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သွေးကြောမျှင်တွေ ပြတ်တောက်သွားခဲ့တယ်။ “ရွှင်လန်းကာ စိတ်ချမ်းသာကြပါစေ” သြင်္ကန်သီချင်း ဗီဒီယို ရိုက်ခါနီး ဖြစ်သွားတော့ ရိုက်ကူးရေးမှာ ပြုံးလို့လဲ မရ၊ မျက်နှာယောင်ပြီး နှုတ်ခမ်းပါ ရွဲ့သွားခဲ့ရတယ်” လို့ ခိုင်မြဲသစ္စာ က ပြောပြထားပါတယ်။
အဆိုတော် ခိုင်မြဲသစ္စာ ကတော့ မိန်းကလေးတွေ အားလုံးကို သူမလိုမဖြစ်စေဖို့ သတိပေးထားပါတယ်။ ဓမ္မတာလာတဲ့အချိန်ဟာ မိန်းကလေးအတွက် အရေးကြီးဆုံးအချိန်ဖြစ်ပြီး ဒီလိုအချိန်မှာ လက်ဖက်စားခြင်း၊အအေးခံခြင်း၊ဂေါင်းလျှော်တာတွေကို
အတတ်နိုင်ဆုံး မလုပ်မိဖို့ အရေးကြီးတယ်လို့ သူမ က ပြောပြပေးထားပါတယ်။ ခိုင်မြဲသစ္စာ ဟာ လက်ရှိမှာ သူမရဲ့ကျန်းမာရေးအခြေအနေဟာ 85% လောက်ပြန်ကောင်းနေပြီးတော့ အရှင်းတော့မပျောက်ကင်းသေးဖူးလို သိရပါတယ်။ အမြန်ဆုံးနေပြန်ကောင်းပါစေ ခိုင်မြဲရေ။