*ဒီည စိတ်မကောင်းစရာတွေ့ရတယ်*
*မိဘတွေ ဘယ်လောက်များ ခံစားနေရမလဲဗျာ*
စိတ်မကောင်းလိုက်တာ ကိုရင်တို့ရယ် လုပ်ခဲ့တဲ့ လမ်းကြောင်းများစွာထဲ က ဒီနေ့စိတ်မကောင်းဆုံး လမ်းကြောင်းပါ
21–4–2022 ကူညီတောင်းမှုအရ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံမှ ကိုရင် နှစ်ပါး ဖြစ်သော ရှင်သောနန္ဒ (၁၀) နှစ် ရှင်ဓမ္မနန္ဒ
(၁၀) နှစ် တို့ နှစ်ပါး အား အိုးဘိုRescue မှ နေရပ် ဆားတောင်မြို့နယ် သိမ်ချောင်း ကျေးရွာ ရန်ကင်းစန္ဒမုနိ ကျောင်းတိုက် သို့
ပြန်လည်ပို့ဆောင်ကုသိုလ်ယူခဲ့ပါသည် ဖြစ်စဥ် အကျဥ်း အုန်းဆို အသံကြား၍ ထွက်ကြည့်ရာ
ပုံပါအတိုင်း ဆွမ်းခံ ကိုရင်သုံးပါး အား အနီးနားလူများ ပြေးကြည့်ကူညီတောင်း ဝိုင်းဝန်းပြုစုရင်း မန်းလေးသွားသော
ကြက်ခြေနီ ညီငယ်ပိုင်သော ကိုယ်ပိုင်ကားဖြင့် စစ်ကိုင်းဆေးရုံ သို့ ပို့ဆောင်ရာ
နှစ်ပါး ပျံလွန်တော်မူ တပါး မန်းလေး ဆေးရုံသို့ သုခကာရီ အသင်းဖြင့်ပို့ဆောင်
အော် ရှေးလူကြီးတွေ ပြောတဲ့ ဆွမ်းခံရင် ငှတ်သင့်ခဲ့တာ မဟုတ်ဘူး ဆွမ်းခံရင်း
မိုင်းထိခဲ့သော ကိုရင်လေးတို့ရယ် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရပါတယ် ဘုရား အိုးဘိုကျန်းမာရေး နှင့် Rescue ဥက္ကဌ
မြန်မာနိူင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ
09—444807033. 09–793006800
zawgyi,
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ