ဆိုင်သို့လာသော ဖောက်သည်များဧ။် စိတ်တိုင်းကျဆံပင်ကေအား ပုံဖော်ညှပ်ပေးနေသော ၆နှစ်အရွယ် ကောင်လေး
လူတစ်ယောက်တွင် အလှပရေးရာနှင့် ပက်သက်ပြီး ဆံပင်ကေသည်လည်း အရေးပါ၍ ဆံပင်ကေနှင့်ပက်သက်ပြီး လူတို့ဧ။် ရုပ်ရည်သည်လည်း အမျိုးမျိုး ပြောင်းလဲသွားတတ်သည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ Jiang Hongqiအမည်ရှိသော အသက် ၆နှစ်အရွယ် ကောင်လေးသည် အလှပြင်ဆိုင်ဖွင့်ထားသော မိဘဆီကနေ ဆံပင်နှင့် ပက်သက်ပြီး စိတ်ဝင်တစား လေ့လာသင်ယူခဲ့သည်။
မည်သူမဆို ဆံပင်ညှပ်ပြီးတိုင်း ညှပ်ခိုင်းတာကတစ်ပုံ ထွက်လာတာကတစ်ပုံ ဖြစ်သွားလျှင် စိတ်ပျက်ပြီး အချို့ကျ မှန်ကြည့်ရင်း ငိုသွားကြရ၍ ဆံပင်ညှပ်သည့်အခါတွင်လည်း ကျွမ်းကျင်သော နာမည်ရှိသော ဆရာများနှင့်သာ ညှပ်လိုကြသည်။
သို့သော်လည်း အသက် ၆နှစ်သာရှိသေးသော ကောင်လေးတစ်ယောက်ဧ။် လက်ထဲတွင် မိမိဆံပင်ပုံစံအား ပြောင်းပေးဖို့ မည်သူမျှရဲမည်မဟုတ်သော်လည်း မိဘဧ။်ကျေးဇူးကြောင့် ကောင်လေးသည် ဖောက်သည်များဧ။် ဆံပင်ကို ကိုယ်တိုင်ထိတွေ့ ပုံဖော်ပေးနိုင်ခဲ့သည်။
မိဘကလည်း ကောင်လေးဧ။် ၂နှစ်တာ ဆံပင်ညှပ်အတွေ့အကြုံကို ကြည့်ပြီး အခြားသူများကို ညှပ်ပေးခွင့်ပြုခဲ့ရာ ကောင်လေးသည် ဖောက်သည်များ အလိုကျ ဆံပင်ပုံစံအား ညှပ်ပေးနိုင်ခဲ့၍ အများက ချီးမွမ်းကြပြီး လူမှုကွန်ယက်တွင် အတော်လေး ရေပန်းစားလျက်ရှိသည်။
Crd
Zawgyi
Crd