နေ့လည် ၃နာရီလောက်က ယုဇနပလာဇာ ရှေ့
ကားမှတ်တိုင်နားမှာ ဖြစ်သွားတာပါ။
ကားမှတ်တိုင်နားမှာ လောင်းကစားဝိုင်း တစ်ခုလုပ်ပြီး
မှတ်တိုင်မှာ ရှိတဲ့ သူတွေကို ပစ်မှတ်ထားတယ်။
သူတို့ လူချည်းဘဲ ၈ယောက်လောက်ရှိမယ် ထင်တယ်။
အဲဒီမှတ်တိုင်မှာ သူတို့ကစားနေတဲ့ဝိုင်းကို ကြည့်တဲ့ လူငယ် ကောင်လေးကို ပထမ ဦးဆုံး ပိုက်ဆံ ငါးသောင်း ထိုးပေးပြီး
လောင်းကစားဝိုင်းထဲ မှာ သွားပေးခိုင်းတယ်။
အဲဒီကောင်လေးက မယူဘူး အတင်းငြင်းတာကို အမျိုးမျိုးပြောပြီး သွားပေးခိုင်းတယ်။
အဲဒီကောင်လေး သွားပေးတော့ အနီအစိမ်းအကွက်မှာ ချပေးလိုက်တာနဲ့ မင်း ပေါက်ပြီ ဆိုပြီး နောက်ထပ် ၅သောင်း ထပ်ထုတ်ပေးတယ်။
ဘေးနားက သူ့လူတွေကလည်း လုံးဝ ရှုပ်ယှက်ခက်သွားအောင် ဗြာများပြီး အာရုံနောက်သွားအောင် ကိုလုပ်တာ
ခနချင်းဘဲ မင်းဖုန်းပေး ဘာညာဆိုပြီး အတင်းတောင်းယူ
Lock တွေဘာတွေတောင် ဖွင့်ခိုင်းတာ
အဲ့ဒီအခါမှ ကောင်လေးက ကျနော့် ဖုန်း ကျနော့်ဖုန်းပြန်ပေးဆိုပြီးတောင်းတာ ဖုန်းမပေးတဲ့အပြင် မျက်နှာကို ဖြတ်ရိုက် ပြီး ကန်ကျောက် တာတွေတောင်လုပ်တာ။
လူမြင်ကွင်းကြီးမှာနော်။
Video ထဲမှာကြည့်ပါ။
ပြီးတော့ သူတို့ Taxi ပေါ်တက်ပြီးမောင်းပြေးဖို့ ကားတံခါးပိတ်တဲ့အချိန် အဲဒီကောင်လေး က တံခါးပိတ်မရအောင် လက်ထဲ့ပြီး သူ့ဖုန်း အတင်းပြန်တောင်းတာ
အုပ်စုဖွဲ့ပြီး လူမြင်ကွင်းမှာ ပေါ်တင်လုပြီး လူကိုပါရိုက်တာနော်။
အလုခံရတဲ့ဖုန်းက iphone ထင်တယ်။
ဖုန်းတင်မကဘူး၊ လွယ်ထားတဲ့ အိတ်လည်း ကြိုးပျက်
ပိုက်ဆံတွေပါ လုသွားတာ။
အော်ပြီး အကူအညီ တောင်းပေမယ့် ကူညီမယ့်သူ တစ်ယောက်မှ မရှိပါဘူး။
ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ပုံစံကြီး အခြေအနေကြီး ကို ရောက်နေပြီ။
videoက ကိုယ်တိုင်ရိုက်တာ မဟုတ်လို့
မင်းကော အဲဒီအချိန် ဘာလုပ်နေသလဲ လာမမေးပါနဲ့။
Video ရိုက်တဲ့ မိတ်ဆွေကလည်း အများနဲ့ တစ်ယောက် ဆိုတော့ တခြားသူတွေ ဝင်ပါရင် သူလည်း
ပြန်ကူချပေးလို့ရပေမယ့် ဘယ်သူမှ ဝင်ပါတာ ဝင်ကူတာ မရှိတာကြောင့်နောက်လူတွေ သတိထားလို့ရအောင် Video လေးဘဲ ရိုက်ယူထားလိုက်ရတာပါ။
လူအစည်အကားဆုံးအချိန် လူအစည်အကားဆုံး
နေရာတစ်ခုမှာ အဲ့လို လုပ်တာဆိုတော့
ဘယ်လောက်တောင် အခြေအနေဆိုးနေပြီလဲ
မပြောတတ်တော့အောင်ပါဘဲ။
Media များ ကူးယူဖော်ပြနိုင်ပါသည်။
crd
unicode