Zawgyi
အမည္မသိ လူ(၂)ေယာက္က ေက်ာင္းထဲဝင္ျပီး သက္ေတာ္(၈၄)နွစ္ ဘုန္းေတာ္ႀကီးSee More…
ဧၿပီ ၊ ၂၁-၂၀၂၂
SP (VOM)
စစ္ကိုင္းတိုင္း ၊ ခႏၲီးခရိုင္ ၊ ဟုမၼလင္းၿမိဳ့နယ္ ၊ ေနာင္မိုးေက်းရြာအုပ္စု ၊ တင္းက်စ္ေက်းရြာ ၊ ရြာဦးဘုန္းႀကီးေက်ာင္းမွာ သီတင္းသုံးေနတဲ့ သက္ေတာ္ရွည္ဘုန္းႀကီးဟာ မေန႔ ဧၿပီ ၂၀ ရက္ေန႔လယ္ပိုင္းက ပိုက္ဆံရိုက္လုခံရတဲ့ ဒဏ္ရာေၾကာင့္ ပ်ံလြန္ေတာ္မူသြားၿပီျဖစ္တယ္လို့ ေနာင္မိုးရြာခံေတြဆီက သိရပါတယ္။
” အမည္မသိ လူ ၂ ေယာက္က ေက်ာင္းထဲဝင္လာၿပီး ဘုန္းေတာ္ႀကီး ဉူးဩတိဏၰ၊ သက္ေတာ္(၈၄) ႏွစ္၊ ဝါေတာ္(၆၄)ဝါရဲ့ ဦးေခါင္းကိုရိုက္ႏွက္ၿပီး ဘုန္းႀကီး ပိုက္ဆံ ၇ သိန္းလုယူခံရတာ ျဖစ္တယ္ ၊ အဲ့ဒီ ဒဏ္ရာနဲ႔ ဘုန္းေတာ္ႀကီး ပ်ံေတာ္မူရတာ “လို့ တင္းက်စ္ေက်းရြာခံတေယာက္က ေျပာပါတယ္။
ၿပီးခဲ့တဲ့ သၾကၤန္တြင္း ဧၿပီ ၁၃ ရက္ ေန႔လယ္၂ နာရီ ဝန္းက်င္မွာ တင္းက်စ္ရြာသားတခ်ိဳ့က ဥပုသ္သီလယူဖို့ ဘုန္းႀကီးေက်ာင္းကို သြားတဲ့အခါ ဘုန္းႀကီးက ေသြးအိုင္ထဲမွာ လဲေနတဲ့အတြက္ ရြာသားေတြက ဘုန္းႀကီးကို ေဆး႐ုံပို့ေဆာင္ကာ ေဆးကုသေပးခဲ့ရတယ္လို့ သိရပါတယ္။
ဘုန္းႀကီးေက်ာင္းမွာ ေဝယ်ဝစၥလုပ္ကိုင္ေပးေနတဲ့ သူတေယာက္က “ဧၿပီ ၁၄ ရက္ မနက္ ၉ နာရီမွာ ဆရာေတာ္က သတိျပန္ရလာတယ္ ၊ ဆရာေတာ္ေျပာတာက အမည္မသိ လူ ၂ ေယာက္က ပိုက္ဆံေတာင္းတယ္ ၊ မရွိဘူးေျပာလို့ အခုလို ရိုက္ႏွက္ခဲ့တာ ျဖစ္တယ္ “လို့ ေျပာပါတယ္။
ဆရာေတာ္ႀကီးဟာ ပိုက္ဆံ ရိုက္လုခံရတဲ့ ဒဏ္ရာေၾကာင့္ မေန႔က ေန႔လယ္ပိုင္းမွာ ပ်ံေတာ္မူသြားတာျဖစ္တယ္လို့ တင္းက်စ္ရြာခံေတြက ေျပာပါတယ္။
ျဖစ္စဥ္နဲ႔ ပတ္သက္လို့ ဟုမၼလင္းၿမိဳ့နယ္ ရဲတပ္ဖြဲ႕က အမွုဖြင့္ အေရးယူေနတယ္လို့လည္း ရဲအသိုင္းအဝိုင္းကေန သိရပါတယ္။
ဟုမၼလင္းၿမိဳ့နယ္က ေက်းလက္ဘုန္းႀကီးေက်ာင္းေတြမွာ ဝါဆိုသံဃာ စာရင္းေတြအရ ပိုက္ဆံရိုက္လုခံရၿပီး ပ်ံေတာ္မူသြားတဲ့ ဘုန္ႀကီးဟာ သက္ေတာ္အရွည္ဆုံးနဲ႔ ဝါေတာ္အမ်ားဆုံးျဖစ္တယ္လို့ ဟုမၼလင္းနယ္ခံေတြရဲ့ ေျပာျပခ်က္အရ သိရပါတယ္။
#voiceofmyanmar
Unicode
အမည်မသိ လူ(၂)ယောက်က ကျောင်းထဲဝင်ပြီး သက်တော်(၈၄)နှစ် ဘုန်းတော်ကြီးSee More…
ဧပြီ ၊ ၂၁-၂၀၂၂
SP (VOM)
စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ နောင်မိုးကျေးရွာအုပ်စု ၊ တင်းကျစ်ကျေးရွာ ၊ ရွာဦးဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော်ရှည်ဘုန်းကြီးဟာ မနေ့ ဧပြီ ၂၀ ရက်နေ့လယ်ပိုင်းက ပိုက်ဆံရိုက်လုခံရတဲ့ ဒဏ်ရာကြောင့် ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ နောင်မိုးရွာခံတွေဆီက သိရပါတယ်။
” အမည်မသိ လူ ၂ ယောက်က ကျောင်းထဲဝင်လာပြီး ဘုန်းတော်ကြီး ဉူးဩတိဏ္ဏ၊ သက်တော်(၈၄) နှစ်၊ ဝါတော်(၆၄)ဝါရဲ့ ဦးခေါင်းကိုရိုက်နှက်ပြီး ဘုန်းကြီး ပိုက်ဆံ ၇ သိန်းလုယူခံရတာ ဖြစ်တယ် ၊ အဲ့ဒီ ဒဏ်ရာနဲ့ ဘုန်းတော်ကြီး ပျံတော်မူရတာ “လို့ တင်းကျစ်ကျေးရွာခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြင်္ကန်တွင်း ဧပြီ ၁၃ ရက် နေ့လယ်၂ နာရီ ဝန်းကျင်မှာ တင်းကျစ်ရွာသားတချို့က ဥပုသ်သီလယူဖို့ ဘုန်းကြီးကျောင်းကို သွားတဲ့အခါ ဘုန်းကြီးက သွေးအိုင်ထဲမှာ လဲနေတဲ့အတွက် ရွာသားတွေက ဘုန်းကြီးကို ဆေးရုံပို့ဆောင်ကာ ဆေးကုသပေးခဲ့ရတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းမှာ ဝေယျဝစ္စလုပ်ကိုင်ပေးနေတဲ့ သူတယောက်က “ဧပြီ ၁၄ ရက် မနက် ၉ နာရီမှာ ဆရာတော်က သတိပြန်ရလာတယ် ၊ ဆရာတော်ပြောတာက အမည်မသိ လူ ၂ ယောက်က ပိုက်ဆံတောင်းတယ် ၊ မရှိဘူးပြောလို့ အခုလို ရိုက်နှက်ခဲ့တာ ဖြစ်တယ် “လို့ ပြောပါတယ်။
ဆရာတော်ကြီးဟာ ပိုက်ဆံ ရိုက်လုခံရတဲ့ ဒဏ်ရာကြောင့် မနေ့က နေ့လယ်ပိုင်းမှာ ပျံတော်မူသွားတာဖြစ်တယ်လို့ တင်းကျစ်ရွာခံတွေက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူနေတယ်လို့လည်း ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်က ကျေးလက်ဘုန်းကြီးကျောင်းတွေမှာ ဝါဆိုသံဃာ စာရင်းတွေအရ ပိုက်ဆံရိုက်လုခံရပြီး ပျံတော်မူသွားတဲ့ ဘုန်ကြီးဟာ သက်တော်အရှည်ဆုံးနဲ့ ဝါတော်အများဆုံးဖြစ်တယ်လို့ ဟုမ္မလင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#voiceofmyanmar