ၾကားသိရသမွ်





Rain (For Ialinks)

Unicode

လေဖြတ်သွားသော အချစ်ဆုံးသူငယ်ချင်းလေးကို ပြုစုစောင့်ရှောက်ပေးမည့်သူမရှိတာကြောင့် သားဖြစ်သူနဲ့ပေးစားခဲ့သည့်အဖြစ်

တရုတ်နိုင်ငံ Hubeiပြည်နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် သူမရဲ့အချစ်ဆုံး သူငယ်ချင်းမှ လေဖြတ်သွားခဲ့ရာ ခင်ပွန်းသည်ကလည်း မပြုစုချင်တာကြောင့် ကွာရှင်းပြတ်စဲခဲ့တာကို ခံရချိန် အလွန်ဝမ်းနည်းကြေကွဲနေသောပုံရိပ်အား မမြင်ရက် မကြည့်ရက်တာကြောင့် သားဖြစ်သူနဲ့ လက်ထပ်ထိမ်းမြားပေးခဲ့ပြီး ပျော်ရွှင်မှုအသစ်ကို ဖန်တီးစေခဲ့သည်။

သူမရဲ့ အချစ်ဆုံးသူငယ်ချင်းလေးမှာ ၃နှစ်အရွယ် သားလေးတစ်ယောက်ရှိခဲ့ပေမယ့် ရေနစ်ပြီးဆုံးပါးသွားတာကြောင့် မိခင်ချင်းစာနာစိတ်ထားကာ နှစ်သိမ့်အားပေးမှုတွေပေးခဲ့ရင်းနဲ့ နှစ်ဦးကြားဆက်ဆံရေးက မိသားစုဝင်တစ်ယောက်လိုပင် ဖြစ်ခဲ့ကြသည်။

အမျိုးသမီးသည် သူငယ်ချင်းဖြစ်သူလေဖြတ်သွားပြီးနောက် ခင်ပွန်းသည်ကပါ ထားသွားခြင်းကို ခံလိုက်ရချိန်မှာလည်း အသက်၃၀ရှိပြီး ရည်းစားတစ်ယောက်မှ မထားဖူးသေးသော နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ သားဖြစ်သူကို လှမ်းခေါ်ကာ သူမရဲ့သူငယ်ချင်းကို ပြုစုစောင့်ရှောက်ပေးသွားရန် ပေးစားခဲ့သေးသောအဖြစ်သည် သူငယ်ချင်းအပေါ်ထားသော ချစ်ခြင်းမေတ္တာကြီးမားကြောင်း သက်သေပြနေသည်။

Rain (For Ialinks)