နာမည်က ဒေါ်ထွေး ။လမ်းထဲတွင် မနက်ပိုင်းအသုပ်စုံရောင်း၏ အသက်က ၄၀ ကျော် စီးပွားရေးက အဆင်ပြေကြီးလည်းမဟုတ်မပြေဘူးလည်းမဟုတ် အသင့်အတင့်သာ ။ဒီနေ့မနက်တော့ ဒေါ်ထွေးဆိုင်မှာအသုတ်စားပြီးမှ လက်ဖက်ရည်ဆိုင်သွားမည်ဟု စဉ်းစားပြီး ဝင်စားနေခဲ့၏ ။
အချိန်က မနက်ခင်း ၈ နာရီ အဖိုးအိုတစ်ယောက်နှင့် အဖွားအိုတစ်ယောက်အသုတ်ခုံလေးထဲဝင်ထိုင်လျက်အသက်က ၇၀ နားကပ်နေသော အရွယ်တွေ .အဖိုးအိုက ခုံပေါ်မှ စားပြီးသားပန်ကန်များလိုက်သိမ်း၏ ခုံတွေသုတ်၏ ။အဖွားအိုက ပန်းကန်များဝင်ဆေး၏ ။
ဒေါ်ထွေးက ပိုက်ဆံခွက်ကို သူ့ရှေ့ထားလိုက်၏ထို့နောက် နည်းနည်းမျှမလှုပ် ဂရုမစိုက်ဟန်ဖြင့် နေနေ၏ ။” သမီး … ဒီနေ့ရောင်းကောင်းရဲ့လား ! “( အဖွားကြီး၏ အသံ )” မကောင်းဘူး အကြွေးတွေကျတယ် “( အသံခပ်ပြတ်ပြတ် မျက်နှာပင်ကြည့်မပြော )
ဟုတ်ပါသည် ။ထိုအဖိုးနှင့်အဖွားတို့မှာ ဒေါ်ထွေးအပါအဝင် သား သမီး ၆ ယောက်ရှိ၏ ။၁၉၉၅ လောက်ထိ ကျွန်တော်တို့လမ်းတွင်နေထိုင်သွားပြီးသား သမီးအားလုံအိမ်ထောင်ကျသွားသောအခါအဖိုးအိုနှင့် အဖွားအိုနှစ်ယောက် မိသားစုအတွင်းရေးကြောင့် အိမ်ရောင်းလိုက်ရသည်ဟုဆို၏ ။
သား သမီး ၆ ယောက်တွင် သမီးတစ်ယောက်က သိတက်လိမ္မာ၏သို့သော်လည်း လိမ္မာသောသမီးကစောစီးစွာဆုံးပါးသွားခဲ့၏ ။
ကျန် ၅ ယောက်ကလည်း မိဘကိုပြန်မကြည့် မည်သူမျှခေါ်မထားအိုစာ မင်းစာ အိမ်လေးကလည်းမရှိတော့ . . .အဖိုးကြီးနှင့် အဖွားကြီးက လစဉ်တရားစခန်းတွေမပြတ်လျှောက်ဝင်ရ၏မည်သို့ဆိုစေ … နေစရာနှင့် စားစရာအဆင်ပြေသွားသည် ။
မကြာလိုက်ပါ သား၊ သမီးများက သူတို့ကိုအရှက်ခွဲသည်ဟုဆိုသောကြောင့်အဖိုးကြီးနှင့် အဖွားကြီးနေစရာမရှိတော့ ။လူချမ်းသာတစ်ဦးက သူဝယ်ထားသော မြို့သစ်က မြေကွက်လေးတွင် အိမ်စောင့်သဘောမျိုးနေချင်လျှင်နေဟု ဆိုသဖြင့် အသက်ရှုချောင်သွားသည် ။
ထိုမြေကွက်လေးတွင် ခြံလည်းစောင့်ရင်း သီးပင် စားပင်လေးတွေလည်းစိုက်ကာဝမ်းရေးအတွက်ဖြေရှင်းရ၏ မိဘ ဟူသည်ကလည်း ကံဆိုးသူတွေဖြစ်ဟန်တူသည် ။
သားသမီး၅ယောက်လုံး၏အိမ်ထောင်တွေက မနီးမဝေးတွင် ရှိသောကြောင့်သား သမီးမျက်နှာလေးတွေ မြင်ချင်ဇောဖြင့် မကြာမကြာလမ်းထဲသို့လာ၏လမ်းအတွင်း အကြောင်းသိနေသော မိတ်ဆွေဟောင်းများမှ တက်နိူင်သလောက်ကူညီကြ၏ ။တချို့က ငွေကြေးလှူသည် ။တချို့က ဆန်ပေး၏ ဆီပေး၏ ။အဖိုးကြီးက လွယ်အိပ်လေးထဲထိုပစ္စည်းများကိုထည့်တက်သည် ။
” သမီး … အဖေ့ကို ဒီလွယ်အိပ်အပေါက်လေးချုပ်ပေးပါလား သမီးရယ်သမီးအမေက အပ်ပေါက်ထိုးဖို့ မျက်လုံးမကောင်းတော့လို့
ချုပ်ရင်လည်း လက်ချည်းချော်ထိုးမိလို့ လက်တပြင်လုံးသွေးချည်းမို့ပါ သမီးရယ့် ”
” ဟင်း … … … အဲဒါပဲထားခဲ့ ထားခဲ့ , အဖေတို့ သိပ်အလုပ်ရှုပ်တာပဲ
မနက်ဖြန်မရဘူးနော် သမီးမအားဘူးတစ်လကြာချင်ကြာမယ် … နှစ်လကြာချင်ကြာမယ်မကျေနပ် ကိုယ့်ဘာသာကိုယ့်ချုပ် ” အေးပါ သမီးရယ်အဖေတို့ အိမ်ရောက်မှချုပ်လိုက်ပါတော့မယ် “အဖိုးကြီး စိတ်မကောင်းဖြစ်သွားဟန်တူ၏ဆိုင်အတွင်း လူပါးနေ၍တော်သေး၏ ။
လွယ်အိပ်လေးထဲမှ ကြက်သွန်နီတစ်လုံးအပေါက်မှ ထွက်ကျလာ၏
” အဖေတို့ အိမ်တကာလိုက်တောင်းစားနေပြန်ပြီမလား “”မဟုတ်ပါဘူး သမီးရယ်အဖေတို့ စားစေချင်တယ်ဆိုပြီးထည့်ပေးလိုက်လို့ ယူလာတာပါ “” အဖေတို့က သူများသနားအောင်သွားလုပ်ပြတာကိုး
အဲဒါတွေ သိပ်စိတ်ပျက်တာ ”
ကျွန်တော် အသုတ်ဆက်စားချင်စိတ်မရှိတော့ မြင်ကွင်းကလုံးဝအဆင်မပြေသို့သော် ကိုယ်နှင့်မဆိုင်ဘူးလေ သူတို့ သားသမီးနဲ မိဘ ကိစ္စပဲ …ထိုအဖိုးနှင့် အဖွား မနက်စာစားပြီးပြီလား ?ထိုလွယ်အိပ်အပေါက်လေးချုပ်ပေးတာ အလွန်ဆုံးကြာ ငါးမိနစ်ပေါ့ !
အဖိုးနှင့် အဖွား ပန်ကန်များအကုန်ဆေးပေးပြီးဆိုင်အတွင်းမှ ထွက်သွား၏ ။ထွက်သွားပြီးမကြာလိုက်ဒေါ်ထွေး သားတစ်ယောက် အိမ်တွင်းမှထွက်လာ၏ ။” အမေ , သား ကျောင်းလွယ်အိပ်ကဟောင်းနေလိုို့ အသစ်ဝယ်ဖို့အမေ့အိပ်ထဲက တစ်သောင်းခွဲယူသွားတယ် ”
” ဟဲ့ . သေချာလည်းရွေးဝယ်ဦးနော် “ဒေါ်ထွေးသာ လှမ်းအော်တာသူ့သားက ဂရုပင်မစိုက် လှည့်တောင်မကြည့် ဆက်ထွက်သွား၏ ။” ကိုလင်းရယ် , ငါကလေး ၄ ယောက်မွေးထားတာအသက်ကြီးလာတယ့်အချိန် တစ်ယောက်မဟုတ် တစ်ယောက် ငါ့ကိုပြန်ကြည့်ရင် ပင်ပန်းရကြိုးနပ်ပါတယ် ဟယ် ”
ကျွန်တော် ဒေါ်ထွေးကို ဒေါသဖြစ်မယ့်အစား သနားသွား၏ ။သူ၏ နားမလည်မူ့ မတွေးတက်မူ့ကို သနားသွား၏ ။ကိုယ်တိုင်ကျတော့ မိဘအပေါ် မသိတက်ပါပဲကိုယ့် သား သမီးကျမှ ကိုယ့်အပေါ်သိတက်စေချင်တယ်လား ! ဒေါ်ထွေးရယ် …
ကျွန်တော် ပြန်မပြောချင်တော့ငွေရှင်းပြီးထ.ထွက်လာခဲ့၏ ခြေလှမ်းနည်းနည်းလှမ်းပြီးမကြာလိုက်စောန အဖိုးနှင့် အဖွားကိုလှမ်းတွေ့သည်ထို့နောက် ဒေါ်ထွေး၏ သားအငယ်ဆုံးလေး၏ အသံ” ဖိုးဖိုး . မုန့်ဖိုးပေး ”
” အဖွားကြီး. ငါ့မြေးက ငါ့ဆီက မုန့်ဖိုးတောင်းတယ်ဟ “( ဖိုးအေတစ်ယောက်၏ ပိတိကို အတိုင်းသားလှမ်းမြင်နေရ၏ )အဖွားအိုက ရင်ဘတ်ထဲမှ ငါးဆယ်တန်လေးတစ်ရွက်ထုတ်ပေးတော့” ဖွားဖွားကလည်း ငါးဆယ်က ဘာမှစားလို့မရဘူးဖွားဖွားရယ့်သားက အရုပ်ပါတယ့်မုန့်လေးဝယ်ချင်လို့ ”
အဖိုးကြီးနှင့် အဖွားကြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်နှစ်ရာတန် လေးတစ်ရွက်ထုတ်ပေး၏ ။” ဒါမှ ဒို့ဖိုးဖိုးကွ ” ဟုဆိုကာ ပိုက်ဆံလေးလက်ထဲက ကိုင်လျက်ထွက်ပြေးသွား၏ ။ကျွန်တော် ဆက်ကြည့်နေမိ၏
” ကဲ … ကားခ နှစ်ရာပေးလိုက်တော့
ရှင်နဲ့ ကျွန်မက ဘယ်ပိုက်ဆံနဲ့ ဘက်စ်ကားစီးပြန်ရမလဲ “အဖိုးကြီးက ပြုံး၏” ငါတို့က အသက်ကြီးတော့ ကျန်းမာရေကောင်းဖို့လိုတယ်လေကွာလမ်းလျှောက်ပြန်တော့ နေ့လည်တော့ အိမ်ပြန်ရောက်မှာပေါ့ “အဖွားကြီးကလည်း စိတ်ညစ်ဟန်မပေါ်ကြည်နူး အပြုံးဖြင့်
” ကဲ ဒါဖြင့်လည်း လမ်းလျှောက်ကြတာပေါ့ အဖိုးကြီးရယ် “မြင်ကွင်းက ရသ ၂ မျိုး အားပြိုင်နေ၏ . . .ကျတော်အနားတိုးကပ်သွားသည်တစ်ထောင်တန်တစ်ရွက်ထုတ် လက်နှစ်ဖက်ဖြင့်” ဒါအဖိုးနဲ့အဖွားကို ကျတော်လှူတာပါ အလှူလက်ခံပေးပါနော် “အဖွားက ” သာဓုပါ မြေးရယ် ” ပြောပြီးပိုက်ဆံကို လက်မကမ်းခင်
အဖိုးက . . .”
စောန တုန်းက အသုတ်စားနေတဲ့ မြေးလေးထင်တယ် “” ဟုတ်ပါတယ် အဖိုး “” သာဓုပါ မြေးရယ် ဒါပေမယ့် အဖိုးတို့လက်မခံပါရစေနဲ့အဖိုးတို့က အသက်ကြီးပြီဆိုတော့ ကျန်းမာရေးကောင်းဖို့လိုတယ်လေစောနက အဖိုးသမီးနဲ့ အဖိုးတို့စကားတွေကြောင့်လည်းသမီးထွေးကို တမျိုးမမြင်ပါနဲ့နော်သမီးက စိတ်မကြည်လို့နေမှာပါ ”
ပြောပြောဆိုဆိုဖြင့်ကျွန်တော့်မြင်ကွင်းမှ အဖိုးနဲ့အဖွားတရွေ့ရွေ့ဖြင့် ပျောက်ကွယ်သွား၏ ။ကျတော်သိပါသည် . . .ကိုယ့်သားသမီးကို အဆိုးမြင်စေမည့် ကိစ္စကို မိဘတိုင်းက မနှစ်မြို့ကြပါ ကျွန်တော့် ရင်တွင်းမှာတော့ . . . .အဖိုးကြီး ရဲ့ လွယ်အိပ်ပေါက်လေးဒေါ်ထွေး၏ မိဘအပေါ် အပြောအဆိုဒေါ်ထွေး၏ သားသမီးအပေါ်မျှော်လင့်ချက် နှင့်မြေး အပေါ် အဖိုးအဖွားအချစ် …
မိဘ ၏ စုန်ရေ စီးသံတွေ သာယာကျယ်လောင်နေသလောက်သား သမီး ဆန်ရေက သုဿန်တစ်စပြင်လိုဆိတ်ငြိမ်သွေးပျက်ဖွယ် ကောင်းလှသည် ။
Ulay Kyi ( ကိုလင်း )
Credit



