ဗေဒင်

ကြာသပတေးသားသမီးများအတွက်၂၀၂၂မေလ(၁)လစာဗေဒင်ဟောစာတမ်း

























#ဆရာဦးဘိုနိုင် (ဗေဒင်)

unicode

ကြာသပ​တေး နေ့ သားသမီးများ….

၂၀၂၂ ခုနှစ် မေ လ ၁ လအတွင်း ကြာသပတေး နေ့ သားသမီးများဟာ…

ယခုကာလသည် မိမိကို အကူအညီပေးမည့်သူများ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။

အထက်လူကြီးတွေချစ်ခင်မစခြင်းသူတစ်ပါး၏အကူအညီရရှိ​ခြင်း တွေကြုံတွေ့ခံစားရပါလိမ့်မယ်။

ယခင်က ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေကြေးတွေပြန်ရရှိတတ်ပြီး မမျော်လင့်ထားသော အခွင့်ရေးကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။

လက်ရှိလုပ်နေတဲ့ အလုပ်အကိုင် လုပ်ငန်းမှ အကျိုးအမြတ်ခံစားရတတ်ပါတယ်။

လက်ရှိကာလမှာ ရာထူး ၊ နေရာအလုပ် အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါလိမ့်မည်။

ထက်အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖတ်များ၏ ယုံကြည်လေးစား ခြင်း နေရာပေး ချီးမြှောက်ခြင်းများကြုံတွေ့ရတတ်ပါတယ်။

အိုး ပြောင်း ၊ အိမ်ပြောင်း နေရာပြောင်း ဌာနပြောင်း များကြုံတွေရတတ်ပါတယ် ။ နိုင်ငံခြား ခရီးသွားရန်ကိစ္စများရှိက အဆင်ပြေမှုများ ကြုံတွေ့ရတတ်ပါတယ်။

နေအိမ်မှကောင်းသော ယာယီခရီးများထွက်ရတတ်ပါတယ်။

ပညာရေးနှင့် ဘဝတက်လှမ်းရေး ကိစ္စများ အဆင်​ပြေအောင်မြင်မည်။ အလှကုန်ပစ္စည်းများအကျိုးပေးမည်။ ပြည်ပနှင့် ဆက်နွယ်သော
အလုပ်အကိုင်များအဆင်ပြေအကျိုးဖြစ်ထွန်းမည်။

အမျိုးသမီးမိတ်ဆွေများထံမှ အကူအညီများရရှိတတ်ပါတယ်။

ကား ၊ ကွန်ပျူတာနှင့် စာရေးကိရိယာ လုပ်ငန်းများအကျိုးပေးမည်။မမျော်လင့်သောနေရာများမှ မျော်လင့်မထားသော ငွေများဝင်လာတတ်ပါတယ်။

ကြာသပတေးသားသမီးများ၏ အကူအညီကိုရရှိပါက စီးပွားရေး လူမှုရေး ဘဝတက်လှမ်းရေးကိစ္စများ ဆင်ပြေမည်။

လက်အောက်ငယ် သားများကြောင့်စိတ်သောများရတတ်၍ သတိထားပြောဆိုဆက်ဆံသင့်ပါတယ်။

မိမိနေအိမ်မှ အနောက်တောင်အရပ်သို့ ခရီးသွားခြင်းရှောင်ကြဉ်သင့်ပါတယ်။

လူငယ်များအချစ်ရေးအဆင်ပြေကာ မျက်နှာပွင့်လန်းစိတ်ရွှင်လန်းသောအချိန်ကာလဖြစ်ပါလိမ့်မယ်။

အချစ်ရေးလည်း ကံကောင်းခြင်းတွေသာဖြစ်ပေါ်လာဖို့တွေ့ရလို့ ဆိုးရွားလှတဲ့အချစ်ရေး အိမ်ထောင်ရေး ပုံစံမရှိပါဘူး။

ကျန်းမာရေး အနေဖြင့် အရိုးအဆစ်တွေမကြာခဏကိုက်တာ ခံစားရတတ်ပါတယ်။

ဗိုက်အောင့် ဗိုက်နာ နှင့် အရေပြားဆိုင်ရာရောဂါများ သတိထားသင့်ပါတယ်။

ကောင်းသောကံကို ပိုမိုကောင်းမွန်စေရန်အတွက် နှင်းဆီ ၅ ပွင့်အား မိမိနေအိမ်ဘုရားတွင်လှူခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေပါမည်။

ဤ ကာလအတွင်း အကျိုးပေးသော ဂဏန်းများမှာ ၁ ဂဏန်း ၊ ၅ ဂဏန်း ၆ ဂဏန်းတို့ဖြစ်ပါတယ်။

ကြာသပ​တေးနေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ….

သီးသန့် ဗေဒင်မေးလိုပါက..Cb or viber or ph 09428121824 သို့ဆက်သွယ်နိုင်ပါတယ်….

#ဆရာဦးဘိုနိုင် (ဗေဒင်)