ၾကားသိရသမွ်

“ဂ်ပ္ဆင္ထိပ္က လရိပ္ျပာ” သီခ်င္းထဲက ျပန္မလာႏိုင္ခဲ့တဲ့ အေဆာင္သူေလး တစ္ေယာက္အေၾကာင္း”

ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် အမှတ်တရတေးတွေထဲမှာအခိုက်ဆုံးသီချင်းက ကိုငှက်(ထူးအိမ်သင်)ရေးတဲ့” ဂျပ်ဆင်ထိပ်က လရိပ်ပြာ” ပါ။ အဲဒီသီချင်းကို

ပထမ အမျိုးသမီးအဆိုတော်တစ်ယောက်ဆိုဖူးတယ်။

ကိုငှက်ကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲမှာပြန်လည်သီဆိုထားတာပါ။အခွေက ၁၉၈၈အရေးတော်ပုံအလွန် ကျောင်းသားသွေးတွေပူနွေးစွတ်စိုဆဲကာလမှာ ထွက်ရှိခဲ့တာပါ။သာမန်အားဖြင့်ကြည့်ရင်အချစ်သီချင်းရိုးရိုးလေးလို့ ထင်ရပေမယ့် ကိုငှက်ကသူကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ပူပူနွေးနွေး သမိုင်းတစ်ရပ်ကို ပါးပါးလေးရေးဖွဲ့ခဲ့တာပါ။

ရသလည်းမြောက်စေ ဆင်ဆာလည်းလွတ်စေပေါ့။အရေးတော်ပုံအပြီး ကျောင်းတွေပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးနဲ့ကျောင်းဝန်းထဲပြန်မရောက်နိုင်တော့တဲ့ ကျောင်းသားတွေလည်းအများအပြားရှိခဲ့တာပေါ့။

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာသူပြန်မလာနိုင်ပြီပဲ..တဲ့။

ရန်ကုန်တက္ကသိုလ်ကြီးသို့ ပညာလာရောက်သင်ကြားနေသည့် အဆောင်သူလေးကို စွဲလန်းနှစ်သက်နေသော လူငယ်လေးတစ်ယောက်သည် အဆောင်သူလေး၏အဆောင်အောက်အမှောင်ရိပ်ကလေး တစ်နေရာတွင် ရင်ခုန်သံတို့ကိုအခြေခံထားသော တေးသီချင်းတို့အား ဂစ်တာတစ်လက်ဖြင့် တွဲဖက်သီဆိုနေလေ့ရှိသည်။

အဆောင်သူကလေးသည် ဂျပ်ဆင်ထိပ်ကလမင်းလေးအလား ငြိမ်းချမ်းအေးမြသော အလှတရားတို့ဖြင့် ပြီးပြည့်စုံနေသူဖြစ်ပြီး လူငယ်လေး၏ သီချင်းတို့ကို သာယာနားစွင့်ရင်း နှလုံးသား ၂ ခုတို့ နားလည်မှုအပြည့်ဝ ရရှိသွားလေခဲ့သည်။

မကြာမှီ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ အဆောင်သူလေး ထိုအနားသို့ရောက်သွားစဉ် ကံအကြောင်းမလှမှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရလေတော့သည်။

ဘယ်ဆီ၊ဘယ်အခြေနေသို့ ရောက်လေသည်ကို မသိနိုင်အောင် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် စောင့်နေရုံမှတပါး နည်းလမ်းမရှိတော့ချေ။ နွေရာသီကျောင်းပိတ်ရက်တို့ ကျော်လွန်ပြီး ကျောင်းပြန်ဖွင့်ချိန်ရောက်သော်လည်း အဆောင်သူလေးပြန်ရောက် မလာတော့ချေ။

ညဥ့်နက် သန်းခေါင် နိုးတစ်ဝက်အိပ်မက်တွင် မီးမထွန်းသော အခန်းကျဉ်းလေးထဲတွင် လိပ်ပြာငယ်လေးတစ်ကောင် ဝဲပျံနေသည်။ ဤအိပ်မက်သည် တကယ်တော့ အဆောင်သူလေးကသူသိပ်ချစ်သော လူငယ်လေးကို အိပ်မက်လာပေးခြင်းဖြစ်သည်။

အဆောင်နံရံပေါ်တွင် ပုံရိပ်ဝိုးတဝါး မြင်ရနိုးနိုးဖြင့် နေဝင်ပြီဆိုလျှင်ဂစ်တာတစ်လက်ယူပြီး သီချင်းတို့ကို သွားရောက်သီကျူးရင်း နှလုံးသားကား စွဲလန်းသောစိတ်မီးတို့ဖြင့် လောင်မြုက်နေသည် ဂျပ်ဆင်ထိပ်တွင် လရိပ်ကလေးသာနေသည် သို့သော်လူငယ်၏ဘဝတစ်သက်သာလက်တွဲဖော်ကား မျက်ရည်သာဖြစ်လေတော့သည်။😢😢😢

သီလေးကို ပြန်လည်ခံစား ကြည့်ပါဦး

Copy from

Zawgyi

ရန္ကုန္တကၠသိုလ္ ႏွစ္၁၀၀ျပည့္ အမွတ္တရေတးေတြထဲမွာအခိုက္ဆုံးသီခ်င္းက ကိုငွက္(ထူးအိမ္သင္)ေရးတဲ့” ဂ်ပ္ဆင္ထိပ္က လရိပ္ျပာ” ပါ။ အဲဒီသီခ်င္းကို

ပထမ အမ်ိဳးသမီးအဆိုေတာ္တစ္ေယာက္ဆိုဖူးတယ္။

ကိုငွက္ကေတာ့ “အတၱပုံေဆာင္ခဲမ်ား” အေခြထဲမွာျပန္လည္သီဆိုထားတာပါ။အေခြက ၁၉၈၈အေရးေတာ္ပုံအလြန္ ေက်ာင္းသားေသြးေတြပူေႏြးစြတ္စိုဆဲကာလမွာ ထြက္ရွိခဲ့တာပါ။သာမန္အားျဖင့္ၾကည့္ရင္အခ်စ္သီခ်င္း႐ိုး႐ိုးေလးလို႔ ထင္ရေပမယ့္ ကိုငွက္ကသူကိုယ္တိုင္ျဖတ္သန္းခဲ့တဲ့ ပူပူေႏြးေႏြး သမိုင္းတစ္ရပ္ကို ပါးပါးေလးေရးဖြဲ႕ခဲ့တာပါ။

ရသလည္းေျမာက္ေစ ဆင္ဆာလည္းလြတ္ေစေပါ့။အေရးေတာ္ပုံအၿပီး ေက်ာင္းေတြျပန္ဖြင့္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေက်ာင္းဝန္းထဲျပန္မေရာက္ႏိုင္ေတာ့တဲ့ ေက်ာင္းသားေတြလည္းအမ်ားအျပားရွိခဲ့တာေပါ့။

ေႏြေက်ာင္းပိတ္ရက္ေတြလြန္ခ်ိန္မွာသူျပန္မလာႏိုင္ၿပီပဲ..တဲ့။

ရန္ကုန္တကၠသိုလ္ႀကီးသို႔ ပညာလာေရာက္သင္ၾကားေနသည့္ အေဆာင္သူေလးကို စြဲလန္းႏွစ္သက္ေနေသာ လူငယ္ေလးတစ္ေယာက္သည္ အေဆာင္သူေလး၏အေဆာင္ေအာက္အေမွာင္ရိပ္ကေလး တစ္ေနရာတြင္ ရင္ခုန္သံတို႔ကိုအေျခခံထားေသာ ေတးသီခ်င္းတို႔အား ဂစ္တာတစ္လက္ျဖင့္ တြဲဖက္သီဆိုေနေလ့ရွိသည္။

အေဆာင္သူကေလးသည္ ဂ်ပ္ဆင္ထိပ္ကလမင္းေလးအလား ၿငိမ္းခ်မ္းေအးျမေသာ အလွတရားတို႔ျဖင့္ ၿပီးျပည့္စုံေနသူျဖစ္ၿပီး လူငယ္ေလး၏ သီခ်င္းတို႔ကို သာယာနားစြင့္ရင္း ႏွလုံးသား ၂ ခုတို႔ နားလည္မႈအျပည့္ဝ ရရွိသြားေလခဲ့သည္။

မၾကာမွီ ၈၈ အေရးေတာ္ပုံႀကီး ေပၚေပါက္လာခဲ့သည္။ အေဆာင္သူေလး ထိုအနားသို႔ေရာက္သြားစဥ္ ကံအေၾကာင္းမလွမႈေၾကာင့္ ဖမ္းဆီးေခၚေဆာင္ျခင္း ခံရေလေတာ့သည္။

ဘယ္ဆီ၊ဘယ္အေျခေနသို႔ ေရာက္ေလသည္ကို မသိႏိုင္ေအာင္ အဆက္အသြယ္ ျပတ္ေတာက္သြားသျဖင့္ ေစာင့္ေန႐ုံမွတပါး နည္းလမ္းမရွိေတာ့ေခ်။ ေႏြရာသီေက်ာင္းပိတ္ရက္တို႔ ေက်ာ္လြန္ၿပီး ေက်ာင္းျပန္ဖြင့္ခ်ိန္ေရာက္ေသာ္လည္း အေဆာင္သူေလးျပန္ေရာက္ မလာေတာ့ေခ်။

ညဥ့္နက္ သန္းေခါင္ ႏိုးတစ္ဝက္အိပ္မက္တြင္ မီးမထြန္းေသာ အခန္းက်ဥ္းေလးထဲတြင္ လိပ္ျပာငယ္ေလးတစ္ေကာင္ ဝဲပ်ံေနသည္။ ဤအိပ္မက္သည္ တကယ္ေတာ့ အေဆာင္သူေလးကသူသိပ္ခ်စ္ေသာ လူငယ္ေလးကို အိပ္မက္လာေပးျခင္းျဖစ္သည္။

အေဆာင္နံရံေပၚတြင္ ပုံရိပ္ဝိုးတဝါး ျမင္ရႏိုးႏိုးျဖင့္ ေနဝင္ၿပီဆိုလွ်င္ဂစ္တာတစ္လက္ယူၿပီး သီခ်င္းတို႔ကို သြားေရာက္သီက်ဴးရင္း ႏွလုံးသားကား စြဲလန္းေသာစိတ္မီးတို႔ျဖင့္ ေလာင္ျမဳက္ေနသည္ ဂ်ပ္ဆင္ထိပ္တြင္ လရိပ္ကေလးသာေနသည္ သို႔ေသာ္လူငယ္၏ဘဝတစ္သက္သာလက္တြဲေဖာ္ကား မ်က္ရည္သာျဖစ္ေလေတာ့သည္။😢😢😢

သီေလးကို ျပန္လည္ခံစား ၾကည့္ပါဦး

Copy from