ၾကားသိရသမွ်

ကြယ်မိုး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်တဲ့ မေလ ၃၀ ရက်နေ့ည …

ကြယ်မိုး မုန်တိုင်း (များပြားတဲ့ ကြယ်ကြွေခြင်း) တခု ဖြစ်လာနိုင်တဲ့ မေလ ၃၀ ရက်နေ့ည

ကြယ်မိုး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်တဲ့ မေလ ၃၀ ရက်နေ့ည …

လာမည့် ၂၀၂၂ ခုနှစ် ​မေလ ၃၀ ည (၃၁ နံနက်) မှာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်​ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်​ပေါ်လာနိုင်​ချေ တခု ရှိ​နေပါတယ်။

ဟာကျူလီ ကြယ်တာရာမှ ​ကြွေဆင်းမည့် Tau Herculid ကြယ်မိုးဟာ အခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင် သီ​ပေါမင်း ပါ​တော်မူစဥ်က ကျဆင်းခဲ့​သော ကြယ်​ကြွေခြင်းပုံစံအတိုင်း …

တစ်နာရီလျှင် အလုံး ရာ-​ထောင် ချီ ပြီး ကျဆင်းလာနိုင်သလို လုံးဝ မကျဆင်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။

ကြယ်​ကြွေတယ် ဆိုတာ စကြဝဠာအတွင်းက ကြယ်​တွေ ​ကြွေကျပျက်စီးခြင်း မဟုတ်ပါ။

ကျ​နော်တို့ ​နေအဖွဲ့အစည်းအတွင်းက ​နေကို ဗဟိုပြု လှည့်ပတ်​နေ​သော ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့​သော အမှုန်များ ရှိရာသို့ ကမ္ဘာ ​ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့​လေထုနဲ့ အဆိုပါ ​ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာမှ ​ပေါ်ထွက်လာတဲ့ အလင်းတန်းများ ဖြစ်ပါတယ်။

ဟာကျူလီ ကြယ်စု​နေရာမှာ မြင်ရမည့် ကြယ်​ကြွေဆင်းခြင်းများဟာ SW3 လို့​ခေါ်တဲ့ 73P/ Schwassmann – Wachmann ကြယ်တံခွန်လမ်း​ကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များ ဖြစ်ပါတယ်။

အဆိုပါ ကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရှာ​ဖွေ​တွေ့ရှိခဲ့တာ ဖြစ်ပြီး ​နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပတ်​နေပါတယ်။ ​

နေနဲ့ နီးကပ်စဥ်မှာ ​နေမုန်တိုင်း အပူဒဏ်​ကြောင့် အမှုန်များ လွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီကြယ်တံခွန်ဟာ နှစ်ခြမ်း စတင် ကွဲထွက်လာတာကို ​လေ့လာ​တွေ့ရှိခဲ့ပါတယ်။

ထို့​နောက် အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း (အကြီး) ၄ ခုအထိ ရှိ​နေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ် အပိုင်း တစ်ခုက​နေ အစိတ်​ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။

လာမည့် ​မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ်နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်​တွေ့ရနိုင်ပါတယ်။

တကယ်လို့ ထိုအရှိန်ထက် ​နှေးသွားပါက ကြယ်​ကြွေခြင်း ဖြစ်စဥ် မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက် ​စောင့်ကြည့်ရမည့် အ​နေအထား ဖြစ်ပါတယ်။

၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်​နေ့ သီ​ပေါမင်းပါ​တော်မူစဥ်မှာ အန်ဒရိုမီဒါ ကြယ်တာရာမှ ကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။

အာကာသ ဝါသနာရှင်များအတွက် …

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Zawgyi ဖြင့် ဖတ်ရန်



လာမည့် ၂၀၂၂ ခုနှစ် မေလ ၃၀ ည (၃၁ နံနက်) မွာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်ပေါ်လာနိုင်ချေ တခု ရွိနေပါတယ်။




က်နော်တို့ နေအဖွဲ့အစည်းအတွင်းက နေကို ဗဟိုပြု လှည့်ပတ်နေသော ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့သော အမှုန်များ ရှိရာသို့ ကမ္ဘာ ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့လေထုနဲ့ အဆိုပါ ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာမှ ပေါ်ထွက်လာတဲ့ အလင်းတန်းများ ဖြစ်ပါတယ်။


အဆိုပါ ကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရွာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပတ်နေပါတယ်။

နေနဲ့ နီးကပ်စဉ်မှာ နေမုန်တိုင်း အပူဒဏ်ကြောင့် အမှုန်များ လွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီကြယ်တံခွန်ဟာ နှစ်ခြမ်း စတင် ကြဲထြက္လာတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ထို့နောက် အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း (အကြီး) ၄ ခုအထိ ရွိနေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ် အပိုင်း တစ္ခုကနေ အစိတ်ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။

လာမည့် မေလ ၃၀ ၃၁ မွာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ္နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်တွေ့ရနိုင်ပါတယ်။



