ၾကားသိရသမွ်

လူခ်င္းတူေပမယ့္ ျဖစ္တည္လာရေသာ ဘဝအေျခအေနခ်င္းကြာျခားေနေသာ ကေလးႏွစ္ေယာက္၏ ျမင္ကြင္းေလး

ဗီယက်နမ်နိုင်ငံမှ မြို့ထဲစားသောက်ဆိုင်တစ်ခုတွင် တွေ့ရှိခဲ့ရသော ကလေးနှစ်ယောက်၏ မြင်ကွင်းလေးသည် လူတိုင်း၏ နှလုံးသားကို ထိမိစေခဲ့သည်။

ဆိုင်ထဲတွင် မိသားစုနဲ့အတူ စားကောင်းသောက်ဖွယ်များကို မိမိစိတ်တိုင်းကျ မှာယူစားနိုင်ပြီး ဖုန်းအကောင်းစားတစ်လုံးကိုကိုင်ထားပြီး ဂိမ်းထိုင်ဆော့နေသောဝဝဖြိုးဖြိုးကောင်လေးမှာ လိုတိုင်းတ အလွယ်တကူရရှိနိုင်သည့် စိတ်ချမ်းသာစရာ ဘဝလေးဖြစ်နေသည်။

သို့သော်လည်း ဘေးကနေ အသာလေးရပ်ကြည့်နေရသော ပိန်ပိန်သေးသေးကောင်လေးမှာတော့ အရွယ်နှင့်မလိုက်အောင် မိသားစုစားဝတ်နေရေးအတွက် မြေပဲပြုတ်လေးကို အိတ်လေးနှင့် ထုပ်ထားပြီး ခြင်းငယ်လေးတွင် ထည့်ကာ မကုန်မချင်း ရောင်းချရသည့် ပင်ပန်းဆင်းရဲသည့် ဘဝလေးဖြစ်ပြီး စမတ်ဖုန်းဆိုသည်မှာလည်း သူ့အတွက်တော့ စိတ်ကူးယဉ်အိပ်မက်သာသာဖြစ်နေခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ လမ်းဘေးဈေးသည် ကောင်လေးအား စာနာသနားမိကာ တစ်ချိန်ချိန်တွင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပြီး ဆင်းရဲမှုကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်မိနေကြသည်။

Crd

zawgyi

ဗီယက္နမ္ႏိုင္ငံမွ ၿမိဳ႕ထဲစားေသာက္ဆိုင္တစ္ခုတြင္ ေတြ႕ရွိခဲ့ရေသာ ကေလးႏွစ္ေယာက္၏ ျမင္ကြင္းေလးသည္ လူတိုင္း၏ ႏွလုံးသားကို ထိမိေစခဲ့သည္။

ဆိုင္ထဲတြင္ မိသားစုနဲ႔အတူ စားေကာင္းေသာက္ဖြယ္မ်ားကို မိမိစိတ္တိုင္းက် မွာယူစားႏိုင္ၿပီး ဖုန္းအေကာင္းစားတစ္လုံးကိုကိုင္ထားၿပီး ဂိမ္းထိုင္ေဆာ့ေနေသာဝဝၿဖိဳးၿဖိဳးေကာင္ေလးမွာ လိုတိုင္းတ အလြယ္တကူရရွိႏိုင္သည့္ စိတ္ခ်မ္းသာစရာ ဘဝေလးျဖစ္ေနသည္။

သို႔ေသာ္လည္း ေဘးကေန အသာေလးရပ္ၾကည့္ေနရေသာ ပိန္ပိန္ေသးေသးေကာင္ေလးမွာေတာ့ အ႐ြယ္ႏွင့္မလိုက္ေအာင္ မိသားစုစားဝတ္ေနေရးအတြက္ ေျမပဲျပဳတ္ေလးကို အိတ္ေလးႏွင့္ ထုပ္ထားၿပီး ျခင္းငယ္ေလးတြင္ ထည့္ကာ မကုန္မခ်င္း ေရာင္းခ်ရသည့္ ပင္ပန္းဆင္းရဲသည့္ ဘဝေလးျဖစ္ၿပီး စမတ္ဖုန္းဆိုသည္မွာလည္း သူ႔အတြက္ေတာ့ စိတ္ကူးယဥ္အိပ္မက္သာသာျဖစ္ေနခဲ့သည္။

ထိုအျဖစ္ကို ျမင္ေတြ႕ေသာသူမ်ားမွာ လမ္းေဘးေဈးသည္ ေကာင္ေလးအား စာနာသနားမိကာ တစ္ခ်ိန္ခ်ိန္တြင္ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာၿပီး ဆင္းရဲမႈကေန ႐ုန္းထြက္ႏိုင္ဖို႔ ေမွ်ာ္လင့္မိေနၾကသည္။

Crd