မိုးေလ၀သ

မုန်တိုင်းတလုံးရဲ့ အစာအာဟာရနဲ့ ဖြစ်ပေါ်လာတော့မယ့် အကျိုးပြု မုန်တိုင်းအကြောင် See more. း

မုန်တိုင်းတစ်လုံး၏ အစာအဟာရ

သက်ရှလူသား၊ တိရိစ္ဆာန်များမှာ အစာအဟာရပြည့်စုံမှ အားအင်ပြည့်ဖြိုး/ အားကောင်းလာသလိုမုန်တိုင်းတစ်လုံးမှာလဲ သူ့အတွက်လိုအပ်တဲ့ အစာအဟာရ ပြည့်ဝလာရင် အားကောင်းလာပါတယ်။

ရေခိုးရေငွေ့တွေ ပြည့်ဝနေတဲ့ တိမ်ထု၊ ရေခိုးရေငွေ့တွေ ထုတ်လွင့်လာစေတဲ့ ပင်လယ်ပြင်အပူချိန်နဲ့ တိမ်ထု(MASS)ကို စုစည်းသွားစေတဲ့ လေစီးကြောင်းရဲ့ အခြေအနေတွေက မုန်တိုင်းတစ်လုံးရဲ့ အစာအဟာရပါဘဲ။

ဘင်္ဂလားပင်လယ်အော်ထဲမှာ တိမ်ကင်းစင်သလောက်ရှိနေတာကြောင့်ဒီပင်လယ်ပြင်က မုန်တိုင်းအတွက် အစာအဟာရ လုံလုံလောက်လောက် ထွက်မလာသေးပေမဲ့ ပင်လယ်ပြင်အပူချိန်မြင့်တက်နေတာကြောင့် ရေခိုးရေငွေ့တွေ ပိုပြီးလွင့်ပျံတက်လာစေတဲ့အတွက် မုန်တိုင်းရဲ့ အစာက သူ့အချိန်တန်ရင်ပြည့်စုံလာမှာပါ။

အီကွေတာတောင်ဘက်(တောင်ကမ္ဘာခြမ်း)မှ မြောက်ကမ္ဘာခြမ်းဆီကို ရွေ့လျားဝင်ရောက်လာတဲ့ တိမ်တိုက်ကြီးတွေရယ် ထိုင်းပင်လယ်ကွေ့ဘက်က ဝင်ရောက်လာမဲ့ တိမ်တိုက်ကြီးတွေရယ်က INVEST 92B အတွက် အဓိက ပံ့ပိုးပေးနေတဲ့ တိမ်ထုတွေ(အစာအဟာရတွေ)ဖြစ်လာပါမယ်။

INVEST 92B အတွက် အစာအဟာရတွေ များများရလာလေ အားပိုကောင်းလာလေဖြစ်မယ်ဆိုတာ အများနားလည်အောင် ဥပမာပေးပြီး ပြောပြပေးတာပါ။ အချုပ်ပြောရရင် အစာအဟာရတွေ ပြည့်စုံလာမဲ့ INVEST-92B ကတော့ အားပိုကောင်းပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ မုန်တိုင်းအဆင့်အထိရောက်လာတော့မှာပါ။

အားအင်ပြည့်စုံလာတဲ့ မုန်တိုင်းဆိုတဲ့အကောင်ကြီးက တချို့တွေကို ဒုက္ခပေးပြီး တချို့တွေကိုတော့ အကျိုးဖြစ်စေပါတယ်။ ဘာပဲဖြစ်လာဖြစ်လာ အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေတယ်ဆိုတာ လောကကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝတရားကြီးပါဘဲ။

မြန်မာနိုင်ငံသူနိုင်ငံသားများ မုန်တိုင်းရဲ့ အကျိုးကျေးဇူးကိုရနိုင်ကြပါစေ။

INVEST-92B Track Update(1400 MST) ဒီနေ့နေ့လည် ၂ နာရီအချိန်မှာရတဲ့ ECMWF Model ရဲ့ INVEST-92B အတွက် ဆက်လက်ဖြစ်လာနိုင်မဲ့ လမ်းကြောင်းကြိုတင်ခန့်မှန်းချက်အရ မေလ ၁၃ ရက်နဲ့ ၁၄ ရက်ဝန်းကျင်မှာ အရှေ့ဘက်ကို ကွေ့လာနိုင်မယ်လို့ တွေ့ရပါတယ်။

ပြီးမှ မေလ ၁၃ ရက် ည ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်ကို ပြန်လည်ချိုးကွေ့ရွေ့လျားမယ်လို့ ခန့်မှန်းချက်အသစ် ထွက်ပေါ်လာတာတွေ့ရပါတယ်။

မုန်တိုင်းအဆင့်ရောက်လာပြီးရင် မုန်တိုင်းရွေ့လျားမဲ့ လမ်းကြောင်းက အရှေ့ဘက်ကို ပိုပြီး နီးလာတာတွေ့ရတဲ့အတွက် မုန်တိုင်းအရှိန်သက်ရောက်မှုကို ကျနော်တို့ဘက်မှာပိုပြီးတွေ့ရနိုင်မယ်ဆိုတဲ့ သဘောပါဘဲ။ ဒါကြောင့် ဆက်လက်စောင့်ကြည့်ပြီး ထူးခြားလာနိုင်မဲ့ အခြေအနေများကို တင်ပြပေးနေပါဦးမယ်။

ပင်လယ်ပြင်(မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်)တွေအတွက်

LAT-LON ၁၅-၉၆ အခြေပြုထားတဲ့ ခန့်မှန်းချက်က ၇ ရက်နေ့က စ ပြီး ၁၄ ရက်နေ့ မုန်တိုင်း ကုန်းတွင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ရက်အထိ လှိုင်းလေ ကြမ်းနေပါမယ်။ လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်ပြီး၊ လှိုင်းအမြင့်က ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း Windy မှာရော BUOY Weather chart တွေမှာရော တွေ့ရပါတယ်။

မုန်တိုင်းလမ်းကြောင်းက အိန္ဒိယကမ်းခြေဘက်ကို နီးသွားတဲ့အတွက် ကမ်းနီး လုပ်ကွက်တည်နေရာတွေနဲ့တော့ ဝေးသွားပါတယ်။ မုန်တိုင်းလမ်းကြောင်းကြိုတင်ခန့်မှန်းချက်ကို ကျနော်လဲ တင်ပေးနေပါမယ်။ လမ်းကြောင်းအခြေအနေကိုတော့ ပင်လယ်ပြင်လုပ်သားများအနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့်နေကြရပါမယ်။

မုန်တိုင်းကုန်းတွင်းဝင်မဲ့နေ့-ခန့်မှန်း မေလ ၁၄ ရက်မှာတော့ အနောက်တောင်ဘက်က လေပိုကြမ်းလာပြီး လေတိုက်နှုန်း အမြင့်ဆုံးအခြေအနေကို ရောက်ပါမယ်။

Crd#