ၾကားသိရသမွ်

အချိန်တန်ရင် ခေါ်အိပ်လိုက် ပြီးရင်ပြန်လွှတ်လိုက်နဲ့ တချို့မိန်းကလေးတွေ ဂျုံးဂျုံးကျနေရှာပြီ….

အခ်ိန္တန္ရင္ ေခၚအိပ္လိုက္။ၿပီးရင္ ျပန္လႊတ္လိုက္နဲ႔တခ်ိဳ႕မိန္းခေလးေတြဆို လက္ဆုပ္လက္ကိုင္ျပစရာ ေယာက်္ားသာမရွိတာ အိမ္ေထာင္သည္

ခ်စ္သူ ရည္းစားေတြ တြဲလာတာ ၾကာလာတဲ့ အျပင္ တေယာက္ အေၾကာင္း တေယာက္ သိၿပီး

( Living Together ) လင္မယားလို ျဖစ္ေနရင္ေတာ့ လက္ထပ္လိုက္ ၾကတာ အေကာင္းဆုံးပါ ။

အခ်ိန္ေတြ ဘာေတြ ဆြဲၿပီး တြဲေနရင္ေတာ့ ေကာင္ေလးဘက္က မနစ္နာေပမယ့္ေကာင္မေလး ဘက္က အရမ္းကို နစ္နာတယ္။

အခ်ိန္တန္ရင္ ေခၚအိပ္လိုက္။ၿပီးရင္ ျပန္လႊတ္လိုက္နဲ႔ တခ်ိဳ႕ မိန္းခေလးေတြဆို လက္ဆုပ္ လက္ကိုင္ ျပစရာေယာက်္ားသာ မရွိတာအိမ္ေထာင္သည္ မိန္းမႀကီးေတြနဲ႔ တူၿပီး Snare သီခ်င္းထဲကလို ဂ်ဳံးဂ်ဳံး က်ေနၿပီ ။

နိုင္ငံျခား တိုင္းျပည္ေတြကို အားက်ၿပီး တေယာက္ အေၾကာင္း တေယာက္ သိေအာင္တေယာက္ စရိုက္ေတြ တေယာက္ ေလ့လာနိုင္ေအာင္လို႔

Living together ေနၾကၿပီးတခါတေလ ေသြးသား ဆႏၵအရ အတူေနမိ ၊ အတူအိပ္မိတာကို ဒီဘက္ ေခတ္မွာ နားလည္ေပးရ ပါမယ္ ။ လက္ခံေပး ရပါမယ္။

ဘာမွ မက်ဴးလြန္မိပဲ ထိန္းသိမ္းနိုင္ ရင္ေတာ့ ေယာက်္ားေလးေရာ မိန္းခေလးေရာ တန္ဖိုး အရွိဆုံးပါ။အခုက living together ဆိုတာ sေx ကိစၥ တခုထဲ ကိုသာ ဦးတည္ေနၿပီး

အခ်ိန္တန္ရင္ ဖုတ္ဖက္ ခါၿပီး ကိုယ့္အိမ္ကိုယ္ ျပန္သြားၾက၊ ေတြ႕တဲ့ အခ်ိန္တိုင္းလည္း ဒီကိစၥကိုပဲ ဦးတည္ေန ၾကေတာ့ တေယာက္ကို တေယာက္ ေလ့လာျဖစ္ၾက သလား ၊ မေလ့လာျဖစ္ၾက လားေတာ့ မသိ ။

ဒီလိုနဲ႔ ႏွစ္ေတြ ၾကာလာတဲ့ အခါမွာ ၊ တခ်ိဳ႕ဆို လပိုင္းေလး လာက္ေလးနဲ႔ ရိုးအီ သြားလို႔ေနာက္တေယာက္ဆီ ၿခံခုန္လို႔ ရမယ့္ အကြက္ေတြ ျမင္ေတာ့ ” မင္းနဲ႔ငါ ဆက္တြဲလို႔ အဆင္မေျပေတာ့ဘူး ”

” မင္းနဲ႔ငါ ျပတ္ပီ ” ဆိုတဲ့ စကားေလးေတြ နဲ႔တင္ ကိုယ့္ဘဝႀကီး တခုလုံးကို အစိတ္စိတ္ အမႊာမႊာ ၿဖိဳခြဲသြားပါ လိမ့္မယ္ ။

မိန္းကေလးတိုင္း ကိုယ့္ခ်စ္သူကို အျပစ္ မရွိတဲ့ ရိုးစင္းတဲ့ ယုန္သူငယ္ေလး ေတြလို ျမင္ၾက သလိုကိုယ့္ေရွ႕ ကေန မားမားမတ္မတ္ ရပ္တည္ေပး ကာကြယ္ေပးမယ့္ သူရဲေကာင္းႀကီး ေတြလိုလည္း အားကိုးတတ္ ၾကပါတယ္။

သူမ်ားေတြက ကိုယ့္ခ်စ္သူကို မေကာင္းေျပာရင္ ၊ သတိေပးရင္ လက္မခံၾက ပါဘူး ။ မႀကိဳက္ပါဘူး။ေသခ်ာတာ ကေတာ့ စြန္႔ပစ္ခံ ထားခဲ့ခံ ရတဲ့ မိန္းမေတြလည္း တခ်ိန္တုန္း ကေတာ့ ငါ့ခ်စ္သူက ဒီလို ေယာက်္ားမ်ိဳး မဟုတ္ဘူး

ဒီလို လုပ္မွာ မဟုတ္ဘူးလို႔ ယုံၾကည္ၾကဖူး ပါတယ္ ။ အဲဒီလိုမ်ိဳး ယုံၾကည္မႈေတြကပဲ ရႈံးၿပီးရင္း ရႈံးေအာင္ တြန္းပို႔ခဲ့ၾက တာပါ ။ဒီေခတ္က ကိုယ့္လက္ထဲ ေရာက္ေနရင္ေတာင္ ဘယ္သူက လာႏွိုက္မလဲ လို႔ ရင္ပူေနရတဲ့ ေခတ္ပါ ။

ကိုယ့္ လက္ထဲလည္း မေရာက္ေသးတဲ့အျပင္ ဘဝနဲ႔ ရင္းပီးပါ ခ်စ္ျပထား ရင္ေတာ့အခ်ိန္တန္ရင္ ဆုံးရႈံးရမွာ ကိုယ္ပါ နာက်င္ရမွာ ကိုယ္ပါ ။

နာၾကည္းရမွာ ကိုယ္ပါ။အဲ့ဒီေတာ့ ေကာင္ေလးဘက္ ကလည္း ေကာင္မေလးေတြ ဘက္ကို ထည့္တြက္ရင္ အခ်ိန္ အၾကာႀကီး ဆြဲၿပီး မတြဲသင့္ဘူး ။

ငါ့ကို ဒီေကာင္က အရမ္း ခ်စ္တာ ၊ ငါ့လက္ထဲက ႐ုန္းနိုင္မွာ မဟုတ္ဘူးလို႔ကိုယ့္ကိုယ္ကို ေသြးနားထင္ မေရာက္ပါနဲ႔ေနာ္ ။ Everything is possible ပါ။

ေကာင္ေလးေတြက ဒီေန႔မွာ ကိုယ့္ကို နတ္သမီးလို႔ ျမင္ေပမယ့္ ေနာက္တေန႔ မွာ ေရႊၾကာ လို႔လဲ ျမင္နိုင္ပါတယ္ ။

အဲ့ဒီေတာ့ တြဲလာတာ ၾကာေနေပမယ့္ ေရွ႕ေရးေတြ ေနာက္ေရးေတြ စဥ္းစားေနရလို႔ မယူနိုင္ေသးဘူး ဆိုရင္ သူထားခဲ့တဲ့ အခ်ိန္ ကိုယ္ က်န္ခဲ့ရမယ့္ အေရးထက္ ဘယ္ဟာကမွ အေရးပိုမႀကီးနိုင္ဘူး ဆိုတာလည္း ထည့္ေတြးပါ ။

ကိုယ္က တေယာက္ မေကာင္းေတာ့ ေနာက္တေယာက္ ေျပာင္းခ်စ္ ေနာက္ တေယာက္ ကလည္း ဒီအခ်ိဳးေတြပဲ ဆိုရင္ အသက္ကသာ ႀကီးၿပီး အခြံ ဘဝသာ က်န္လိမ့္တယ္ ။

တန္ဖိုးထား ခံရျခင္း ဆိုတဲ့ အရသာကို မသိလိုက္မွာ စိုးလို႔ပါ ။ေယာက်္ားေလးဘက္က ေဖေဖေတြ ေမေမေတြ အေၾကာင္းျပၿပီး အခ်ိန္ဆြဲေနရင္ေတာ့ အေျခအေန သိပ္မေကာင္းပါ ။

ဒီေန႔ေခတ္ ေမေမေတြက သားေတြနဲ႔ ပြင့္လင္းျမင္သာ ေဆြးေႏြးမႈ ရွိၿပီး သားနဲ႔ အေမ အရာရာ တိုင္ပင္ၿပီး လႈပ္ရွားၾကတာ ပါေနာ္ ။

အနာေတြ ရွိရင္ေတာ့ စပ္ပါလိမ့္မယ္ ။ စပ္ေစခ်င္လို႔ ဆားျဖဴးတာေတာ့ မဟုတ္ပါဘူး ။ထားခဲ့ ခံရလို႔ လာၿပီး ရင္ဖြင့္တဲ့ မိန္းခေလးေတြ မ်ားလာတာရယ္ ၊

တခ်ိဳ႕မိန္းခေလးေတြ ထပ္ၿပီး ထားခဲ့တာ ခံရမွာ စိုးတာရယ္ေၾကာင့္ သတိေပးတာပါ ။Living together ကို လက္ကိုင္ ထားတယ္ ဆိုရင္လည္း မွန္ကန္တဲ့ နည္းလမ္းနဲ႔ တူဂဲသား နိုင္ ၾကပါေစ…။

Unicode ,

အချိန်တန်ရင် ခေါ်အိပ်လိုက်။ပြီးရင် ပြန်လွှတ်လိုက်နဲ့တချို့မိန်းခလေးတွေဆို လက်ဆုပ်လက်ကိုင်ပြစရာ ယောကျ်ားသာမရှိတာ အိမ်ထောင်သည်

ချစ်သူ ရည်းစားတွေ တွဲလာတာ ကြာလာတဲ့ အပြင် တယောက် အကြောင်း တယောက် သိပြီး

( Living Together ) လင်မယားလို ဖြစ်နေရင်တော့ လက်ထပ်လိုက် ကြတာ အကောင်းဆုံးပါ ။

အချိန်တွေ ဘာတွေ ဆွဲပြီး တွဲနေရင်တော့ ကောင်လေးဘက်က မနစ်နာပေမယ့်ကောင်မလေး ဘက်က အရမ်းကို နစ်နာတယ်။

အချိန်တန်ရင် ခေါ်အိပ်လိုက်။ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို လက်ဆုပ် လက်ကိုင် ပြစရာယောကျ်ားသာ မရှိတာအိမ်ထောင်သည် မိန်းမကြီးတွေနဲ့ တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံး ကျနေပြီ ။

နိုင်ငံခြား တိုင်းပြည်တွေကို အားကျပြီး တယောက် အကြောင်း တယောက် သိအောင်တယောက် စရိုက်တွေ တယောက် လေ့လာနိုင်အောင်လို့

Living together နေကြပြီးတခါတလေ သွေးသား ဆန္ဒအရ အတူနေမိ ၊ အတူအိပ်မိတာကို ဒီဘက် ခေတ်မှာ နားလည်ပေးရ ပါမယ် ။ လက်ခံပေး ရပါမယ်။

ဘာမှ မကျူးလွန်မိပဲ ထိန်းသိမ်းနိုင် ရင်တော့ ယောကျ်ားလေးရော မိန်းခလေးရော တန်ဖိုး အရှိဆုံးပါ။အခုက living together ဆိုတာ sေx ကိစ္စ တခုထဲ ကိုသာ ဦးတည်နေပြီး

အချိန်တန်ရင် ဖုတ်ဖက် ခါပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြ၊ တွေ့တဲ့ အချိန်တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေ ကြတော့ တယောက်ကို တယောက် လေ့လာဖြစ်ကြ သလား ၊ မလေ့လာဖြစ်ကြ လားတော့ မသိ ။

ဒီလိုနဲ့ နှစ်တွေ ကြာလာတဲ့ အခါမှာ ၊ တချို့ဆို လပိုင်းလေး လာက်လေးနဲ့ ရိုးအီ သွားလို့နောက်တယောက်ဆီ ခြံခုန်လို့ ရမယ့် အကွက်တွေ မြင်တော့ ” မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး ”

” မင်းနဲ့ငါ ပြတ်ပီ ” ဆိုတဲ့ စကားလေးတွေ နဲ့တင် ကိုယ့်ဘဝကြီး တခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွားပါ လိမ့်မယ် ။

မိန်းကလေးတိုင်း ကိုယ့်ချစ်သူကို အပြစ် မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေး တွေလို မြင်ကြ သလိုကိုယ့်ရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့် သူရဲကောင်းကြီး တွေလိုလည်း အားကိုးတတ် ကြပါတယ်။

သူများတွေက ကိုယ့်ချစ်သူကို မကောင်းပြောရင် ၊ သတိပေးရင် လက်မခံကြ ပါဘူး ။ မကြိုက်ပါဘူး။သေချာတာ ကတော့ စွန့်ပစ်ခံ ထားခဲ့ခံ ရတဲ့ မိန်းမတွေလည်း တချိန်တုန်း ကတော့ ငါ့ချစ်သူက ဒီလို ယောကျ်ားမျိုး မဟုတ်ဘူး

ဒီလို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြဖူး ပါတယ် ။ အဲဒီလိုမျိုး ယုံကြည်မှုတွေကပဲ ရှုံးပြီးရင်း ရှုံးအောင် တွန်းပို့ခဲ့ကြ တာပါ ။ဒီခေတ်က ကိုယ့်လက်ထဲ ရောက်နေရင်တောင် ဘယ်သူက လာနှိုက်မလဲ လို့ ရင်ပူနေရတဲ့ ခေတ်ပါ ။

ကိုယ့် လက်ထဲလည်း မရောက်သေးတဲ့အပြင် ဘဝနဲ့ ရင်းပီးပါ ချစ်ပြထား ရင်တော့အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ နာကျင်ရမှာ ကိုယ်ပါ ။

နာကြည်းရမှာ ကိုယ်ပါ။အဲ့ဒီတော့ ကောင်လေးဘက် ကလည်း ကောင်မလေးတွေ ဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီး ဆွဲပြီး မတွဲသင့်ဘူး ။

ငါ့ကို ဒီကောင်က အရမ်း ချစ်တာ ၊ ငါ့လက်ထဲက ရုန်းနိုင်မှာ မဟုတ်ဘူးလို့ကိုယ့်ကိုယ်ကို သွေးနားထင် မရောက်ပါနဲ့နော် ။ Everything is possible ပါ။

ကောင်လေးတွေက ဒီနေ့မှာ ကိုယ့်ကို နတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့ မှာ ရွှေကြာ လို့လဲ မြင်နိုင်ပါတယ် ။

အဲ့ဒီတော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့ အချိန် ကိုယ် ကျန်ခဲ့ရမယ့် အရေးထက် ဘယ်ဟာကမှ အရေးပိုမကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ ။

ကိုယ်က တယောက် မကောင်းတော့ နောက်တယောက် ပြောင်းချစ် နောက် တယောက် ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံ ဘဝသာ ကျန်လိမ့်တယ် ။

တန်ဖိုးထား ခံရခြင်း ဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ ။ယောကျ်ားလေးဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေရင်တော့ အခြေအနေ သိပ်မကောင်းပါ ။

ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ ပွင့်လင်းမြင်သာ ဆွေးနွေးမှု ရှိပြီး သားနဲ့ အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာ ပါနော် ။

အနာတွေ ရှိရင်တော့ စပ်ပါလိမ့်မယ် ။ စပ်စေချင်လို့ ဆားဖြူးတာတော့ မဟုတ်ပါဘူး ။ထားခဲ့ ခံရလို့ လာပြီး ရင်ဖွင့်တဲ့ မိန်းခလေးတွေ များလာတာရယ် ၊

တချို့မိန်းခလေးတွေ ထပ်ပြီး ထားခဲ့တာ ခံရမှာ စိုးတာရယ်ကြောင့် သတိပေးတာပါ ။Living together ကို လက်ကိုင် ထားတယ် ဆိုရင်လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တူဂဲသား နိုင် ကြပါစေ…။