မေလ ၃၀ရက်နေ့၊ ညနေ ၅ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊တံတားကြီး ကျေးရွာအနီးရှိ ဆွာချောင်း၌ နွားနှစ်ကောင်ရေသောက်နေစဉ် အနီးအနားရှိ ရထားဖြတ်သွားသည့် အသံကြောင့် နွားများမှာ ကြောက်လန့်ပြီးချောင်းထဲသို့ ခုန်ချခဲ့ကြရာ

ထိုနွားနှစ်ကောင်၏ လည်ပင်းကြိုးအား ကိုင်ထားသည့်
ကလေး (၃)ဦးမှာ နွားများနှင့်အတူ ချောင်းထဲသို့ပြုတ်ကြပြီး၊ အသက်(၂)နှစ်အရွယ် မောင်သီဟထွန်း၊ အသက်(၁၁)နှစ် အရွယ်ရှိသည့် မသဲစုလှိုင် နှင့် အသက်(၈)နှစ်အရွယ်ရှိသည့် ဆောင်းသီရိမွန် တို့မှာ ရေနစ်သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ် အကြမ်းဖျဉ်းကတော့ ရေတာရှည်မြို့နယ် အေးသာယာရွာနေ ကိုဖိုးသင်္ကြန်ဆိုသူသည် သားဖြစ်သူနှင့် တူမများဖြစ်သူ ကလေးငယ်(၃)ဦးအား ခေါ်၍ စပါးမျိုးများသယ်ရန် တံတားကြီးရွာသို့ သွားရောက်ခဲ့ပြီး လမ်းတွင် နွားများအား ရေတိုက်ရန် နွားလှည်းရပ်၍ ဆွာချောင်းထဲ၌ နွားရေတိုက်စဉ်ကလေးများက နဖားကြိုးအား ကိုင်ထားကြကြောင်းသိရသည်။

![]()
ယင်းအချိန်တွင် ရထားတစ်စီးဖြတ်သန်းသွားခဲ့ရာရထားသံကြောင့် နွားများလန့်ဖြတ်ပြီးချောင်းထဲခုန်ချလိုက်ခဲ့ကြကြောင်းသိရသည်။ ခုန်ချသွားသည့် နွားများနှင့်အတူ ကလေးငယ်များပါ ချောင်းထဲပါသွားကာ ရေနစ်သေဆုံးခဲ့ကြရကြောင်း သိရသည်။

ဒီလိုဖြစ်စဉ်တွေကလည်း တကယ့်ကို သတိထားစရာပါ။
အထူးသဖြင့် နွားလှည်းတွေအသုံးပြုနေရသေးတဲ့ ရွာဘက်တွေမျိုးပေါ့။ လှည်းတံပိုး တပ်ခါစ နွားတွေ ဆူညံသံတွေနဲ့
မယဉ်ပါးသေးတဲ့နွားတွေမျိုးဆို တကယ်လန့်တတ်ပါတယ်။
ခုတော့ အရွယ်မရောက်သေးတဲ့ကလေးတွေ အချိန်မတိုင်
ခင် အဖြစ်ဆိုးနဲ့ ကြေလွင့်ခဲ့ရပြီး။
Photo – Credit



