ၾကားသိရသမွ်






1.


2.

Rain (For Ialinks)

Unicode

အသက်၆နှစ်သာရှိသေးပေမယ့် သက်ကြီးရွယ်အို အဖိုးအိုတစ်ယောက်လို ဖြစ်နေရသော ကောင်လေး

ကာဇက်စတန်နိုင်ငံမှ အသက်၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် မွေးဖွားပြီး တစ်လအကြာမှာ ရှားပါးရောဂါကြောင့် အရေပြားတွေက တွန့်နေပြီး အချိန်မတန်သေးပဲ အဖိုးအိုတစ်ဦးလို ဖြစ်နေခဲ့သည်။

ကောင်လေးရဲ့မိဘတွေသည် သားလေးရဲ့ကျန်းမာရေးအတွက် စိုးရိမ်ပြီးစစ်ဆေးကြည့်ခဲ့သော်လည်း အရေပြားတွန့်နေတာကလွဲပြီး စိုးရိမ်စရာမရှိ၍ ပြန်လည်ကောင်းမွန်ဖို့ရာအတွက်တော့ ခွဲစိတ်ကုသမှုခံယူနိုင်ကြောင်း ပြောဆိုခဲ့သည်။

မိဘနှစ်ပါးသည်လည်း သားလေးရဲ့ဘဝတစ်လျှောက်လုံးကို အများကြားသိမ်ငယ်စွာမနေရစေဖို့ အရဲစွန့်ပြီး ငွေကြေးကုန်ကျခံကာ ခွဲစိတ်မှုလုပ်ပေးခဲ့သော်လည်း အခြေအနေက ထူးခြားမလာပဲ အသက်ခြောက်နှစ်ကလေးငယ်က ခြောက်ဆယ်ကျော်အဖိုးအိုရုပ်လို မပြောင်းလဲသွားပဲရှိနေခဲ့သည်။

Rain (For Ialinks)