ဘဝမွာ ကိုယ့္အေပၚကို ထင္မွတ္မထားေလာက္ေအာင္ ရက္စက္သြားတဲ့ သူေတြရွိတတ္ပါတယ္။ ကိုယ့္အေပၚကို နာက်င္မႈေတြေပးျပီး ရက္စက္သြားတဲ့သူကို လက္စားေခ်ဖို႔ အေကာင္းဆံုးနည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္
(၁) အရင္ထက္ပိုလွေအာင္ေနပါ
သင္အရင္က လွသည္ျဖစ္ေစ၊ မလွသည္ျဖစ္ေစ၊ ဒီအခ်ိန္မွာေတာ့ အလွဆံုးျဖစ္ေအာင္ေနပါ။ သူ႔လက္ထဲမွာရွိတုန္းက ေက်ာက္တံုးလို႔ထင္ျပီး လႊင့္ပစ္လိုက္တဲ့ အရာဟာ စိန္ျဖစ္ေနတယ္ဆိုတာကို သိသြားေအာင္ လုပ္ျပလိုက္ပါ။
သင့္ရဲ႕ အလွကိုျမင္ျပီး တသသ ျပန္လိုခ်င္ေပမယ့္ ခ်ဥ္းကပ္ရဲမွာမဟုတ္တဲ့ အတြက္ သူ႔ရင္ထဲ ကလိကလိျဖစ္ေနမွာပါ။
(၂) ေရာက္ေနတဲ့အေျခအေနမွာပိုေကာင္းေအာင္ၾကိဳးစားပါ
သင္ဟာေက်ာင္းတက္ေနတာျဖစ္ျဖစ္၊ အလုပ္လုပ္ေနတာျဖစ္ျဖစ္ လုပ္ေနတဲ့အလုပ္၊ ေရာက္ေနတဲ့ေနရာမွာ ပိုေကာင္းေအာင္ ၾကိဳးစားပါ။ သူထားခဲ့လည္း သင့္ဘဝကဘာမွမျဖစ္တဲ့အျပင္ ပိုလို႔ေတာင္ ေကာင္းသြားေသးတယ္ ဆိုတာကို လက္ေတြ႔ျပလိုက္ပါ။
ဒါဆိုရင္ သင့္ကို ထားခဲ့ေပမယ့္ သင့္အေပၚမွာ လံုးဝအထင္အျမင္ေသးရဲမွာ မဟုတ္ပါဘူး။
(၃) သူ႔အေရွ႕မွာမျပိဳလဲပါနဲ႕
အသည္းကြဲတယ္ဆိုတာ တကယ္ကို ခံစားရခက္ျပီး နာက်င္လြန္းတာေၾကာင့္ သင့္ကို ကိုယ္ခ်င္းစာပါတယ္။ ဒါေပမယ့္ ယံုၾကည္ရတဲံ အရင္းႏွီးဆံုးသူ အနည္းငယ္ေလာက္ ဆီမွာပဲ သင့္ခံစားခ်က္ကို ျပပါ။ ဒါေပမယ့္ သင့္ကိုထားသြားတဲ့ သူေရွ႔မွာေတာ့ လံုးဝအျပံဳးမပ်က္ေစနဲ႔။
သူ႔ကို သြားျပန္ခ်ဥ္းကပ္တာမ်ိဳး လံုးဝလံုးဝ မလုပ္ပါနဲ႔။ သင္လဲျပိဳေနတဲ့ ပံုစံကို သူ႔ကိုလံုးဝမျပပါနဲ႔။ ေအးေအးေဆးေဆး ဘာမွမျဖစ္သလို ေနျပလိုက္ပါ။
(၄) လ်စ္လ်ဴရႈထားလိုက္ပါ
သင္တစ္သက္လံုး အရႈံးသမားမျဖစ္ခ်င္ရင္ေတာ့ သူ႔ကို ေခါငး္ထဲကေရာ၊ ႏွလံုးသားထဲကပါ အျပီးအပိုင္ ဆြဲထုတ္လိုက္ပါ။ သူ႔သတင္းေတြ၊ သူ႔အေၾကာင္းေတြကို လံုးဝ နားမစြင့္ပါနဲ႕၊ သိလည္း မသိခ်င္ပါနဲ႕။
သူ႔ကို သတိရလာတိုင္း နာက်င္စရာေတြကိုေတြးျပီး ေခါင္းထဲကေန ခ်က္ခ်င္းျပန္ထုတ္တတ္ေအာင္ ၾကိဳးစားပါ။ အခ်ိန္ကာလ တစ္ခုေရာက္သြားတဲ့အခါမွာ သူ႔ကိုသတိရခ်င္ရင္ေတာင္ သတိရႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ဘဝထဲကေန သူ႔ကိုထုတ္ႏိုင္ခဲ့လို႔ပါ။
(၅) ေပ်ာ္ပါ
သင့္အျပံဳးေတြနဲ႕ သူ႔ကိုလက္စားေခ်ပါ။ သူ႔ေၾကာင့္ သင္တငိုငို တရီရီျဖစ္ေနရင္ သူကမသနားတဲ့အျပင္ ေပ်ာ္ေတာင္ ေပ်ာ္ေနဦးမယ္။ ဒါေၾကာင့္ ေပ်ာ္ေအာင္ေနပါ။ သူငယ္ခ်င္းေတြနဲ႔ လည္ပါ။ စားခ်င္တာစား၊ လုပ္ခ်င္တာကိုလုပ္ပါ။
သူမပါပဲလည္း သင္ေကာင္းေကာင္းေနႏိုင္တယ္၊ ေပ်ာ္ေနတယ္ဆိုတာကို ျမင္ေအာင္ျပလိုက္ပါ။
Credit –(Auntymay)
Unicode
ဘဝမှာ ကိုယ့်အပေါ်ကို ထင်မှတ်မထားလောက်အောင် ရက်စက်သွားတဲ့ သူတွေရှိတတ်ပါတယ်။ ကိုယ့်အပေါ်ကို နာကျင်မှုတွေပေးပြီး ရက်စက်သွားတဲ့သူကို လက်စားချေဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
(၁) အရင်ထက်ပိုလှအောင်နေပါ
သင်အရင်က လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ၊ ဒီအချိန်မှာတော့ အလှဆုံးဖြစ်အောင်နေပါ။ သူ့လက်ထဲမှာရှိတုန်းက ကျောက်တုံးလို့ထင်ပြီး လွှင့်ပစ်လိုက်တဲ့ အရာဟာ စိန်ဖြစ်နေတယ်ဆိုတာကို သိသွားအောင် လုပ်ပြလိုက်ပါ။
သင့်ရဲ့ အလှကိုမြင်ပြီး တသသ ပြန်လိုချင်ပေမယ့် ချဉ်းကပ်ရဲမှာမဟုတ်တဲ့ အတွက် သူ့ရင်ထဲ ကလိကလိဖြစ်နေမှာပါ။
(၂) ရောက်နေတဲ့အခြေအနေမှာပိုကောင်းအောင်ကြိုးစားပါ
သင်ဟာကျောင်းတက်နေတာဖြစ်ဖြစ်၊ အလုပ်လုပ်နေတာဖြစ်ဖြစ် လုပ်နေတဲ့အလုပ်၊ ရောက်နေတဲ့နေရာမှာ ပိုကောင်းအောင် ကြိုးစားပါ။ သူထားခဲ့လည်း သင့်ဘဝကဘာမှမဖြစ်တဲ့အပြင် ပိုလို့တောင် ကောင်းသွားသေးတယ် ဆိုတာကို လက်တွေ့ပြလိုက်ပါ။
ဒါဆိုရင် သင့်ကို ထားခဲ့ပေမယ့် သင့်အပေါ်မှာ လုံးဝအထင်အမြင်သေးရဲမှာ မဟုတ်ပါဘူး။
(၃) သူ့အရှေ့မှာမပြိုလဲပါနဲ့
အသည်းကွဲတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး နာကျင်လွန်းတာကြောင့် သင့်ကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ယုံကြည်ရတဲံ အရင်းနှီးဆုံးသူ အနည်းငယ်လောက် ဆီမှာပဲ သင့်ခံစားချက်ကို ပြပါ။ ဒါပေမယ့် သင့်ကိုထားသွားတဲ့ သူရှေ့မှာတော့ လုံးဝအပြုံးမပျက်စေနဲ့။
သူ့ကို သွားပြန်ချဉ်းကပ်တာမျိုး လုံးဝလုံးဝ မလုပ်ပါနဲ့။ သင်လဲပြိုနေတဲ့ ပုံစံကို သူ့ကိုလုံးဝမပြပါနဲ့။ အေးအေးဆေးဆေး ဘာမှမဖြစ်သလို နေပြလိုက်ပါ။
(၄) လျစ်လျူရှုထားလိုက်ပါ
သင်တစ်သက်လုံး အရှုံးသမားမဖြစ်ချင်ရင်တော့ သူ့ကို ခေါင်းထဲကရော၊ နှလုံးသားထဲကပါ အပြီးအပိုင် ဆွဲထုတ်လိုက်ပါ။ သူ့သတင်းတွေ၊ သူ့အကြောင်းတွေကို လုံးဝ နားမစွင့်ပါနဲ့၊ သိလည်း မသိချင်ပါနဲ့။
သူ့ကို သတိရလာတိုင်း နာကျင်စရာတွေကိုတွေးပြီး ခေါင်းထဲကနေ ချက်ချင်းပြန်ထုတ်တတ်အောင် ကြိုးစားပါ။ အချိန်ကာလ တစ်ခုရောက်သွားတဲ့အခါမှာ သူ့ကိုသတိရချင်ရင်တောင် သတိရနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဘဝထဲကနေ သူ့ကိုထုတ်နိုင်ခဲ့လို့ပါ။
(၅) ပျော်ပါ
သင့်အပြုံးတွေနဲ့ သူ့ကိုလက်စားချေပါ။ သူ့ကြောင့် သင်တငိုငို တရီရီဖြစ်နေရင် သူကမသနားတဲ့အပြင် ပျော်တောင် ပျော်နေဦးမယ်။ ဒါကြောင့် ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ လည်ပါ။ စားချင်တာစား၊ လုပ်ချင်တာကိုလုပ်ပါ။
သူမပါပဲလည်း သင်ကောင်းကောင်းနေနိုင်တယ်၊ ပျော်နေတယ်ဆိုတာကို မြင်အောင်ပြလိုက်ပါ။
Credit –(Auntymay)