အတၱေၾကာင့္ ေႂကြလြင့္ခဲ့ေသာ ပန္းေလးတစ္ပြင့္
အတၱေၾကာင့္ ေႂကြလြင့္ခဲ့ေသာ ပန္းေလးတစ္ပြင့္ ဆရာမ သမီး မခိုးပါဘူး။ သမီး မခိုးရင္ ဒီစာအုပ္က ဘယ္လိုလုပ္ သမီး လြယ္အိတ္ထဲ ေရာက္ေနတာလဲ ။
ဒါေတာ့သမီးလည္း မသိပါဘူး။ ဒါေပမယ့္ ဒီစာအုပ္ကို တစ္ကယ္ မခိုးခဲ့ပါဘူးရွင့္ ။ ဘုရားေပးေပး က်မ္းေပးေပးပါ ဆရာမရယ္ သမီး မခိုးခဲ့ပါဘူး..ဟီးဟီး ဟီးခုမွ ငိုျပ မေနနဲ႔ေတာ့။
” ဟုတ္ကဲ့ ဆရာမ ”ဒီေန႔ ကြၽန္မ အတန္းတြင္ စိတ္ပ်က္ဖြယ္ရာ ကိစၥမ်ားက ေစာင့္ႀကိဳေနသည္။ တစ္ေန႔တာရဲ႕ စာသင္ခ်ိန္းတစ္ ဝက္ ကုန္ဆုံးၿပီး အားလပ္ခ်ိန္
ဆင္းၿပီးေနာက္ စာသင္ခန္းထဲျပန္ဝင္ခ်ိန္တြင္ ကြၽန္မ အတန္းထဲက ေက်ာင္းသူေလး တစ္ေယာက္ ငိုယိုၿပီး စာအုပ္ေပ်ာက္ လာတိုင္သည္။
ကြၽန္မ ကိုင္တြယ္ေနသည့္ အတန္းသည္ ေျခာက္တန္း တန္းခြဲ အားလုံးထဲတြင္ အေတာ္ဆုံး အတန္းျဖစ္ေန ရမည္။ စာရိတၱေကာင္းေသာ ယဥ္ေက်း လိမၼာေသာ စာေတာ္ေသာ စည္းကမ္းရွိေသာ ဟူသည့္ စံနမူနာမ်ားျဖင့္ ျပည့္ေနရမည္။
ကြၽန္မလိုခ်င္ေသာ ပုံစံခြက္ အတိုင္း အတန္းထဲက ကေလးအားလုံးကို ပုံသြင္းထား သည္။ဒါေၾကာင့္ ကြၽန္မ အႏုနည္း အၾကမ္းနည္း နည္းေပါင္းမ်ားစြာ သုံးခဲ့ရသည္။ ထိုေၾကာင့္ ေက်ာင္းသူ/ သား မ်ားၾကားတြင္ နာမည္ေက်ာ္ၾကားေလသည္ ။
တစ္ခန္းလုံး လြယ္အိတ္ေတြကို စာေရးခုံေပၚတြင္ တင္ခိုင္းလိုက္ေလသည္။ စာအုပ္ေပ်ာက္ေသာ ေက်ာင္းသူအား တစ္ေယာက္ခ်င္း၏ လြယ္အိတ္ေတြကို လိုက္လံ စစ္ေဆးခိုင္းေလသည္ ။
ေက်ာင္းသူေလးသည္ လြယ္အိတ္ တစ္လုံးၿပီး တစ္လုံး စစ္ေဆးၿပီးေနာက္ အေရွ႕တန္း ၅ ခုံေျမာက္တြင္ စာအုပ္ေပ်ာက္ရွာေဖြျခင္း ရပ္ဆိုင္းလိုက္သည္။
သူတို႔ကိုလည္း ေျပာေပးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက္နဲ႔ရင္းၿပီး သက္ေသျပခဲ့ပါတယ္လို႔။ သမီးရဲ႕ မိဘမဲ့ေဂဟာက ဆရာမႀကီးကိုလည္းေျပာေပးပါ သမီးေၾကာင့္ ဆရာမႀကီး ခုလို အရွက္ကြဲ မခံေစ ခ်င္လို႔
စိတ္မပူေစခ်င္လို႔ သမီးရဲ႕ကိစၥကို သမီးရွင္းေအာင္ လုပ္သြားခဲ့ပါတယ္ ။ဆရာမရဲ႕ ျပ႒ာန္းထားတဲ့ စည္းကမ္းေတြေအာက္မွာ အမည္းစက္ ထင္ခဲ့တဲ့ သမီးရဲ႕ အျပစ္ ကိုလည္း ဖ်က္ေပး ပါေနာ္။
ကြၽန္မ ရဲ႕အေတြးေတြ ျဖန႔္က်က္ေနစဥ္တြင္…” ဆရာမ ”” သားကို ဘုန္းဘုန္းေပးထားတဲ့ စာအုပ္ သာဂိ ခိုးထားတယ္။ ”ကြၽန္မ အာ႐ုံေတြ စုစည္းလိုက္သည္။
ကြၽန္မ ဒီတစ္ခါ ကိုင္တြယ္မႈ မမွားခ်င္ေတာ့ပါ။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ေလာက္က ေသဆုံးသြားေသာေက်ာင္းသူေလးအား ဖ်တ္ခနဲ သတိရလိုက္သည္။ဒိုင္ယာရီ စာအုပ္ၾကားက ေသြးစြန္းေနေသာ စာ႐ြက္ေလးကို ဖြင့္ၾကည့္ရင္း..။
crd

အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့်
အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့် ဆရာမ သမီး မခိုးပါဘူး။ သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ။
ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီးဟီး ဟီးခုမှ ငိုပြ မနေနဲ့တော့။
” ဟုတ်ကဲ့ ဆရာမ ”ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန်
ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။
ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။
ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။
တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။
ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။
သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့
စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက် ထင်ခဲ့တဲ့ သမီးရဲ့ အပြစ် ကိုလည်း ဖျက်ပေး ပါနော်။
ကျွန်မ ရဲ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်…” ဆရာမ ”” သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ် သာဂိ ခိုးထားတယ်။ ”ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။
ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။
crd



