ၾကားသိရသမွ်

ဒေါက်တာခင်ခင်ကြီး အသိပေးလာတဲ့ ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုး သန္ဓေပြောင်း D614G

ဒေါက်တာခင်ခင်ကြီး အသိပေးလာတဲ့ ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုး သန္ဓေပြောင်း D614G

ကမ္ဘာမှာ ကူးစက် မှု အ လွန် မြန်ဆ န်တဲ့ ကိုဗ စ်ပိုး သန္ဓေပြောင်း D614G မြန်မာနို င်ငံမှာ ရှိနေပြီ ဖြစ်ကြောင်းအသိပေးလို က် တဲ့ ဒေါက်တာခင်ခင်ကြီး




 




 





Credit Dr Khin Khin Gyi

Unicode

ဒေါက်တာခင်ခင်ကြီး အသိပေးလာတဲ့ ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုး သနေ ္ဓပြောင်း D614G

ကမ္ဘာမှာ ကူးစက် မှု အ လွန် မြန်ဆ န်တဲ့ ကိုဗ စ်ပိုး သနေ ္ဓပြောင်း D614G မြန်မာနို င်ငံမှာ ရှိနေပြီ ဖြစ်ကြောင်းအသိပေးလို က် တဲ့ ဒေါက်တာခင်ခင်ကြီး

9:57 am, 20-8-2020 ဒီနေ့မ နက် အတွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ် ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် ….အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ် …။

သူကတော့ Q ထားတဲ့သူ ဖြစ်ပါတယ် ….ဒါ့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုကြဖို့ အသိပေးလိုပါတယ် …နောက်တစ်ယောက်ကတော့ သံသယလက္ခဏာ ရှိနေတဲ့ စောင့်ကြည့်လူနာထဲက ဖြစ်ပါတယ်….ဒါ့ကြောင့် လက်ရှိအချိန်အထိ ပိုးတွေ့လူနာ ၃၉၆ ဦး ရှိနေပါတယ်….။

ပြန်ကောင်းတာက ၃၃၃ ဦး ရှိနေပါတယ် ….ဒါဟာရောဂါပိုးတွေ့ရှိသူတွေရဲ့ ၈၄ % ပြန်ကောင်းတာဖြစ်ပါတယ်….ဒီနေ့ (၁၉-၈-၂၀၂၀) အတွက် စစ်ဆေးတာ စုစုပေါင်း ၁,၆၆၄ ဦးရှိပြီး ပိုးတွေ့လူနာ စုစုပေါင်း ၁၇ ဦးရှိတာကို အားလုံးသိစေချင်ပါတယ် ….။

ရခိုင်ပြည်နယ်အတွက် အထူးစစ်ဆေးဖို့ Gene expert စက်တွေလဲ ပေးပို့ထားပြီး တပြိုင်နက်စစ်ဆေးနေတာကိုလဲ အသိပေးလိုပါတယ်အရာရာမှာ အမြဲတမ်း သတိ အသိကပ်ဖို့ လိုပါတယ် သတိ ဆိုတာ ပိုတယ်မရှိပါ….။

ဒါ့ကြောင့် Mask တပ်ဖို့ မပျင်းပါ နဲ့ Face shield တစ်ခုပဲတပ်တာဟာ ကာကွယ်မှု နည်းလွန်းပါတယ် ဆိုတာလဲ သတိပြုမိစေချင်ပါတယ် ….နှစ်ခုလုံးတပ်တာကတော့ အကောင်းဆုံးပါ..လက်ဆေးပါ …ရေနဲ့ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ မှ ၄၀ ထိ ကြာအောင်ဆေးပါ….။

ဖြစ်နိုင်သမျှ လူတွေကြားထဲ မသွားပါနဲ့….တစ်ယောက်နဲ့ တစ်ယောက် ၆ ပေခွာပါ….ယမန်နေ့ညကထွက်တဲ့ ပိုးတွေ့လူနာ ၁၅ ယောက်လုံး ရောဂါလက္ခဏာ မပြတာကို တွေ့ရပါတယ်….ဒါဟာ သိပ်ကိုအရေးကြီးပါတယ် …..။

ရောဂါလက္ခဏာ မပြပဲ ရောဂါရှိသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တာမို့ အန္တရာယ်က လက်တ ကမ်းမှာပါ…..နောက်တခု အရေးကြီးတာ တစ်ခုက ကမ္ဘာမှာ ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G ရှိနေပြီး ….

မြန်မာနိုင်ငံမှာလဲ သန္ဓေပြောင်းပိုး ရှိနေပြီဆိုတဲ့အကြောင်း အသိပေးပါရစေ…..ပြီးတော့ ဒီရောဂါဟာ ခုန်ကျော်ကူးတတ်ပါတယ် ပြောလိုတာက ရောဂါပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူ (primary contact) ကို တိုက်ရိုက်ကူးစက်တာ မဟုတ်ပဲ ….

ထိတွေ့သူရဲ့ မိသားစုဝင်တွေ (secondary contact) ကို ကူးစက်တာ ကို တွေ့လာရပါပြီ ….ဒါဟာလဲ အထူး ဂရုပြုစ ရာ ဖြစ်ပါတယ်….ဒါ့ကြောင့် သင်ရော ဒီအန္တရာယ် ကို လက်သင့်ခံချင်ပါသလား မခံချင်ဘူးလား ….

ဒါဟာသင့်ရွေးချယ်မှု ဆိုပေမဲ့ သင်တစ်ယောက်ထဲ ခံစားရမှာမ ဟုတ်ပဲ သင့်မိဘတွေ သင့်ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံသားတွေကို ကူးစက်စေနိုင်တာမို့ လူသား တစ်ယောက်အနေနဲ့ လုပ်သင့်လား မလုပ်သင့်ဘူး လား သိနိုင်ပါလိမ့်မယ်…။

Credit Dr Khin Khin Gyi