တရားကို ေတးဆို ၊ အေဖကိုသားကဆဲ
ေဆြမ်ိဳးထဲက ဓါးျပတိုက္ ၊ မိုက္လၽွင္ေသာတာပန္
မေကာင္းႀကံလၽွင္ သမာဓိ ၊ေရႊရွိမွ လူလိမၼာ
လိမ္နိုင္မွ သစၥာရွင္ ၊ပညာရွင္ကို ပယ္၍ထား
အခ်စ္ဆုံးက သစၥာပ်က္ ၊ရိုးသားသူကို အ႐ူးဆို
အပ်ိဳငယ္က လင္ေနေစာ ၊အကၤ်ီပါးနဲ႔ ဥပုသ္သည္ဇရပ္အလယ္ ကို့ယို့ကားယား
၊အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာ
အပ်ိဳမျဖစ္ခင္က ရည္းစားထား ၊ဆင္းရဲသားက သူေဌးေယာင္ေဆာင္
အဝတ္ေျပာင္မွ လူရိုေသ ၊လင္ရွိမယားက အပ်ိဳလုပ္
မသာပို့ရင္း အပ်ိဳလွည့္ ၊အလွူေပးရင္း ထမင္းေရာင္း
ဆယ္ႏွစ္သမီးက အိမ္ေထာင္က် ၊ဆယ္အိမ္ေခါင္းက စိတ္ႀကီးဝင္
ပြဲသဘင္ပါမွ အလွူျဖစ္ ၊စာမတတ္သူက တရားျပ
ဇာတ္သမားမွ လူေခၚခ်င္ ၊သူေတာ္စင္ကို ပယ္၍ထား
ေႂကြးေပးသူက ကၽြန္နဲ႔တူ ၊ေႂကြးယူသူက သခင္ျဖစ္
မုန႔္ေပးလၽွင္ က်မ္းဂန္တတ္ ၊ေရႊကပ္သည့္ဘုရားမွ လူရိုေသ
အေဖ အေမက ကၽြန္နဲ႔တူ ၊သားသမီးက သခင္ျဖစ္
ေခတ္ႀကီးကိုေတာ့ အျပစ္ဆို ၊မိမိကိုယ္ေတာ့ အေကာင္းေျပာ
ဂုံံးတိုက္လၽွင္ ေက်းဇူးရွင္ ၊ေျဖာင့္မတ္လၽွင္ လူမသုံး
သီလယူရင္း မ်က္စပစ္သူေတာ္ေကာင္းတို့တရားပ်က္ၾကေလၿပီ ။
*ေရွးစာဆို အတိတ္တေဘာင္
ျပန္လည္မၽွေဝသည္။
မူရင္း credit
တရားကို တေးဆို ၊ အဖေကိုသားကဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား
၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင်
အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ
အဖေ အမေက ကျွန်နဲ့တူ ၊သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြော
ဂုံံးတိုက်လျှင် ကျေးဇူးရှင် ၊ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။
*ရှေးစာဆို အတိတ်တဘောင်
ပြန်လည်မျှဝေသည်။
မူရင်း credit