ၾကားသိရသမွ်

စစ်ကောင်စီရဲ့ဆွမ်းလောင်းလှူပွဲ မြို့ခံလူထုမပါဝင်

ဒီနေ့ ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီ က ပြုလုပ်တဲ့ သံဃာအပါးတစ်သောင်းကျော် ဆွမ်းလောင်းပွဲမှာ

လုံခြုံရေးတင်းကြပ်ကာ လူထုမပါဝင်ဘဲ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပဲကျင်းပသွားတယ်လို့ မန္တလေးမြို့ခံတွေဆီကသိရပါတယ်။

ဆွမ်းလောင်းပွဲအတွက် ဌာနဆိုင်ရာတွေကို စစ်ကောင်စီက ခေါ်ယူထားတာဖြစ်သလို

စစ်အုပ်စုနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေ ၊ အသင်းအဖွဲ့တွေပါဝင်ကြပါတယ်။

ဆွမ်းလောင်လှူပွဲမကျင်းပမီ ရက်ပိုင်းအလိုကတည်းက စစ်ကောင်စီက ကြီးမှူးတဲ့ ဆွမ်းဆန်လောင်းလှူပွဲကို

သပိတ်မှောက်ကြဖို့ မန္တလေးက သံဃသမဂ္ဂ လူထုကို တိုက်တွန်းထားကြပါတယ်။

နိုင်ငံရေးအကြပ်တည်းထဲ ကျရောက်နေချိန်မှာ ထွက်ပေါက်ရှာတဲ့အနေနဲ့ စစ်ကောင်စီဟာ

ဘာသာရေးအခမ်းအနားတွေလုပ်ပြီး သာသနာပြုနေသယောင် ဘာသာရေးနဲ့

May be an image of one or more people, people standing and outdoors

ဘာသာရေးခေါင်းဆောင်တွေကိုအသုံးချနေတာလို့ သံဃသမဂ္ဂ (မန္တလေး) ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။


ဆိုင်းမင်း/People’s Spring

zawgyi,