ၾကားသိရသမွ်

စစ်တက္ကသိုလ်ဆင်းပြီး(၂)နှစ်အကြာဗိုလ်သော်ကောင်းစံPDF၏ဖမ်းဆီးမှုမှထွက်ပြေးစဉ်See more

စစ်တက္ကသိုလ်ဆင်းပြီး(၂)နှစ်အကြာဗိုလ်သော်ကောင်းစံPDF၏ဖမ်းဆီးမှုမှထွက်ပြေးစဉ်See more

ရန်ကုန် ၊ မေ ၁၅

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုးနှင့် ရေလျှံရွာအနီးတွင် မေလ ၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ မှ ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီး ၁ ဦးတို့မှာ KNLA၊ PDFပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရာမှ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး ေ-သဆုံ-းသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၇ ရက်နေ့ ညနေပိုင်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီးတစ်ဦး လိုက်ပါသော ကားကို ဖမ်းဆီးလိုက်ကြောင်း၊

သို့ရာတွင် ဗိုလ်သော်ကောင်းစံနှင့်တပ်ကြပ်ကြီးက ကားပေါ်မှ ဆင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်အရှင် ဖမ်းဆီးမိခဲ့သော်လည်း လမ်းတွင် ထပ်မံထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးသွားကြာင်း သိရှိရသည်။

သေဆုံးသွားသူ ဗိုလ်သော်ကောင်းစံ(ကြည်း၇၆‌၃၂၄) သည် ခလရ (၈၄)မှ ဖြစ်ပြီး ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ ဖြစ်ကြောင်း၊ စစ်တက္ကသိုလ် အပတ်စဉ် – ၆၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“အဲဒီတပ်က ရှားစေးဘိုစခန်းမှာ နားနေတာ။ ရှားစေးဘိုနဲ့ကျီတော်လမ်းမှာ ကျနော်တို့အဖွဲ့နဲ့ သူတို့ကား တည့်တည့်တိုးတာ။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုတွေ့တော့ ကားပေါ်က

ဆင်းပြေးတာ လိုက်ဖမ်းတာ အရှင်မိတယ်။ လမ်းမှာထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ” ဟု ထန်းတပင် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မေလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းများကို စစ်သားများက လာကောက်သွားခဲ့ကြောင်း သိရှိရသည်။

ဗိုလ်သော်ကောင်းစံ၏ အရိုးပြာကို သူ၏ ဇာတိ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ဂူသွင်းသဂြိုလ်ကြောင်း၊ ဗိုလ်သော်ကောင်းစံ၏ မိသားစုဖြစ်သည့် ဟန်သစ်အောင် ဓာတ်ပုံတိုက်က နာရေးရက်လည် အကျဉ်းချုံးပြုလုပ်ကြောင်း သိရှိရသည်။

Credit