Zawgyi
ခ်စ္လို့စိတ္မထိန္းနိုင္ဘဲ နမ္းလိုက္ရာ ေကာင္မေလးမွ မေက်နပ္လို့တိုင္ေတာ့ ရွက္ၿပီး ေကာင္ေလးမွ… See more
စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ့၏ အေရွ႕ေျမာက္ဘက္ရွိ ဒီးေဒါက္ေက်းရြာအနီးေတာစပ္တြင္ အသက္(၂၂)ႏွစ္အရြယ္ လူငယ္က အမ်ိဳးသမီးတစ္ဦးကိုဖက္နမ္းမွု
တိုင္ၾကားခံရသည္ကို ရွက္ေၾကာက္စိတ္လြန္ကဲၿပီး ႀကိဳးဆြဲခ်သတ္ ေသသြားသည့္ျဖစ္ရပ္ ျဖစ္သြားသည္။ျဖစ္စဥ္မွာ ယမန္ေန့မြန္းလြဲ အခ်ိန္က
ပင္လည္ဘူးၿမိဳ့မရဲစခန္းမွူး ဒုရဲမွူးထံသို့ ပင္လည္ဘူးၿမိဳ့နယ္၊ ဒီးေဒါက္ေက်းရြာအုပ္ခ်ဳပ္ေရးမွူးက ဖုန္းျဖင့္ ဆက္သြယ္ကာ ဒီးေဒါက္ေက်းရြာေတာစပ္ တြင္ ဒီးေဒါက္ေက်းရြာေန လူငယ္တစ္ဦး ႀကိဳးဆြဲခ်သတ္ေသမွုျဖစ္ပြားေၾကာင္း သတင္းေပးပို့သျဖင့္ စခန္းမွူးႏွင့္အဖြဲ႕က သြားေရာက္၍
သက္ေသမ်ားျဖစ္ေသာ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးအဖြဲ႕ႏွင့္အတူ အခင္းျဖစ္ပြားရာေနရာသို့ သြားေရာက္စစ္ ေဆးခဲ့သည္။အခင္းျဖစ္ေနရာမွာ ဒီးေဒါက္ေက်းရြာ အနီးေတာစပ္ရွိ
ေအာင္သေျပပင္တြင္ ႀကိဳ ဆြဲခ်ေသဆုံးေနသည္ကို ေတြ႕ခဲ့ရသည္။ဒီးေဒါက္ေက်းရြာေန ဦးညိဳ၏ေျပာျပ ခ်က္အရ ႀကိဳးဆြဲခ်ၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့သူမွာ ၄င္း၏သားျဖစ္သူ ေအာင္ထြန္းနိုင္(၂၂)ႏွစ္ျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူ ေအာင္ထြန္းနိုင္(၂၂)ႏွစ္ ၏ဖခင္ ေျပာျပခ်က္အရ ေအာင္ထြန္းနိုင္ သည္ ဒီဇင္ဘာ ၁ ရက္က တစ္ရြာတည္း ေန အမ်ိဳးသမီးတစ္ဦးကို ေပြ႕ဖက္နမ္းခဲ့မွု ေၾကာင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး႐ုံးတြင္ တိုင္ၾကားျခင္းခံထားရေၾကာင္း၊ ျပႆနာကို ေျဖရွင္းရန္ ျပဳလုပ္ေနစဥ္ ေပြ႕ဖက္နမ္းမွုျဖစ္ ပြားၿပီးေနာက္တစ္ေန႔ေနအိမ္မွေပ်ာက္သြား၍
လိုက္လံ ရွာေဖြေသာအခါ ျပႆနာကို ရင္ဆိုင္ေျဖ ရွင္းရန္ေၾကာက္ရြံ့စိတ္၊ ရွက္စိတ္တို့ျဖင့္ အခုလိုသတ္ေသသြားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့သည္။ေအာင္ထြန္းနိုင္(၂၂)ႏွစ္ ႀကိဳးဆြဲခ် ေသဆုံးမွုႏွင့္ပတ္သက္၍ ပင္လည္ဘူးၿမိဳ့မ ရဲစခန္းမွ ေသမွုေသခင္းအမွတ္စဥ္ ၂၁/ျဖင့္ အမွုဖြင့္ကာ အမွုစစ္ ဒုရဲအုပ္ ဉာဏ္ဝင္းက အျဖစ္မွန္ေပၚေပါက္ေရးအ တြက္ စုံစမ္းစစ္ေဆးေနေၾကာင္း သတင္း ရရွိသည္။
#မွုခင္းသတင္းဂ်ာနယ္
Zawgyi
ချစ်လို့စိတ်မထိန်းနိုင်ဘဲ နမ်းလိုက်ရာ ကောင်မလေးမှ မကျေနပ်လို့တိုင်တော့ ရှက်ပြီး ကောင်လေးမှ… See more
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက်ရှိ ဒီးဒေါက်ကျေးရွာအနီးတောစပ်တွင် အသက်(၂၂)နှစ်အရွယ် လူငယ်က အမျိုးသမီးတစ်ဦးကိုဖက်နမ်းမှု
တိုင်ကြားခံရသည်ကို ရှက်ကြောက်စိတ်လွန်ကဲပြီး ကြိုးဆွဲချသတ် သေသွားသည့်ဖြစ်ရပ် ဖြစ်သွားသည်။ဖြစ်စဉ်မှာ ယမန်နေ့မွန်းလွဲ အချိန်က
ပင်လည်ဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးထံသို့ ပင်လည်ဘူးမြို့နယ်၊ ဒီးဒေါက်ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဖြင့် ဆက်သွယ်ကာ ဒီးဒေါက်ကျေးရွာတောစပ် တွင် ဒီးဒေါက်ကျေးရွာနေ လူငယ်တစ်ဦး ကြိုးဆွဲချသတ်သေမှုဖြစ်ပွားကြောင်း သတင်းပေးပို့သဖြင့် စခန်းမှူးနှင့်အဖွဲ့က သွားရောက်၍
သက်သေများဖြစ်သော ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ် ဆေးခဲ့သည်။အခင်းဖြစ်နေရာမှာ ဒီးဒေါက်ကျေးရွာ အနီးတောစပ်ရှိ
အောင်သပြေပင်တွင် ကြို ဆွဲချသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ဒီးဒေါက်ကျေးရွာနေ ဦးညို၏ပြောပြ ချက်အရ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူမှာ ၎င်း၏သားဖြစ်သူ အောင်ထွန်းနိုင်(၂၂)နှစ်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အောင်ထွန်းနိုင်(၂၂)နှစ် ၏ဖခင် ပြောပြချက်အရ အောင်ထွန်းနိုင် သည် ဒီဇင်ဘာ ၁ ရက်က တစ်ရွာတည်း နေ အမျိုးသမီးတစ်ဦးကို ပွေ့ဖက်နမ်းခဲ့မှု ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားခြင်းခံထားရကြောင်း၊ ပြဿနာကို ဖြေရှင်းရန် ပြုလုပ်နေစဉ် ပွေ့ဖက်နမ်းမှုဖြစ် ပွားပြီးနောက်တစ်နေ့နေအိမ်မှပျောက်သွား၍
လိုက်လံ ရှာဖွေသောအခါ ပြဿနာကို ရင်ဆိုင်ဖြေ ရှင်းရန်ကြောက်ရွံ့စိတ်၊ ရှက်စိတ်တို့ဖြင့် အခုလိုသတ်သေသွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။အောင်ထွန်းနိုင်(၂၂)နှစ် ကြိုးဆွဲချ သေဆုံးမှုနှင့်ပတ်သက်၍ ပင်လည်ဘူးမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂၁/ဖြင့် အမှုဖွင့်ကာ အမှုစစ် ဒုရဲအုပ် ဉာဏ်ဝင်းက အဖြစ်မှန်ပေါ်ပေါက်ရေးအ တွက် စုံစမ်းစစ်ဆေးနေကြောင်း သတင်း ရရှိသည်။
#မှုခင်းသတင်းဂျာနယ်