အသက္(၂၀)အရြယ္ ကိုထြန္းေအးေက်ာ္ႏွင့္ (၁၈)ႏွစ္အရြယ္ မယုယုလိႈတို႕ ဇနီးေမာင္ႏွံႏွစ္ဦး၏ စိတ္မေကာင္းစရာျဖစ္ရပ္
စစ္ေတြၿမိဳ႕နယ္တြင္ အသက္၂၀ေက်ာ္အရြယ္ဇနီးေမာင္ႏွံႏွစ္ဦး ႀကိဳး ..ဆြဲ ..ခ် ေ.. သဆုံး
ရခိုင္ျပည္နယ္၊စစ္ေတြၿမိဳ႕နယ္၊ ကန္ျပင္ေက်းရြာမွ အသက္ ၂၀ေက်ာ္ အရြယ္ရွိသည့္ လူငယ္ ဇနီးေမာင္ႏွံႏွစ္ဦးသည္ ယေန႔ေမလ ၂၄ရက္ေန႔တြင္ တစ္ၿပိဳင္နက္တည္းႀကိဳးဆြဲခ်ေသဆုံးခဲ့သည္ဟု သိရသည္။
ေသဆုံးသြားသည့္ ဇနီးေမာင္ႏွံႏွစ္ဦးမွာ အသက္ (၂၁)အရြယ္ရွိသည့္ ကိုထြန္းေအးေက်ာ္ႏွင့္
အသက္ (၁၈)ႏွစ္သာရွိေသးသည့္ မယုယုလိုင္တို႔ ျဖစ္ၾကၿပီး ႀကိဳးဆြဲခ်ၿပီးေသဆုံးသြားရသည့္ အေၾကာင္းကို မသိရေသးဟု ကန္ျပင္ေက်းရြာသူတစ္ဦးက ေျပာသည္။
“သူတို႔ႏွစ္ေယာက္ အိမ္ထဲမွာဆြဲႀကိဳးခ်ေသေနတာကို မနက္ ၆နာရီ ေက်ာ္ေလာက္မွသိၾကတာ။
ဘာျဖစ္လို႔ေသသြားလည္းဆိုတာကို တစ္ေယာက္မွ မသိၾကပါဘူး။သူတို႔လင္မယားက ရတာလည္း မၾကာေသးဘူး။အရမ္းႏွေမၽွာဖို႔ ေကာင္းပါတယ္” ဟုဆိုသည္။
ယင္းအျပင္ေသဆုံးသူႏွစ္ဦးမွာ ထိုင္းနိုင္ငံတြင္အိမ္ေထာင္က်၍ ျပန္လာခဲ့ကာ ခင္ပြန္းျဖစ္သူ၏ ေမြးရပ္ေျမျဖစ္သည့္
ကန္ျပင္ေက်းရြာ၌ အေျခခ် ေနထိုင္ေနၾကသူႏွစ္ဦးျဖစ္သည္ဟု ၎က ေျပာသည္။
လက္ရွိတြင္ အဆိုပါဇနီးေမာင္ႏွံႏွစ္ဦး၏ ႐ုပ္အေလာင္းကို စစ္ေတြေဆး႐ုံႀကီး၏ ရင္ခြဲ႐ုံသို႔ ယူလာခဲ့ၾကၿပီး
ညေန ၅နာရီအခ်ိန္ခန႔္တြင္ စစ္ေတြၿမိဳ႕သုႆန္တြင္ မီးသၿဂႋဳလ္သြားမည္ဟု သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာ ၁၂ရက္ေန႔တြင္လည္း စစ္ေတြၿမိဳ႕ ကသဲရပ္ကြက္ေန
အသက္ ၂၇ႏွစ္အရြယ္ရွိသည့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး မဇာနီသန္းလည္း ႀကိဳးဆြဲခ် ေသဆုံးသြားခဲ့သည္ဟုသိရသည္။
unicode
အသက်(၂၀)အရွယ် ကိုထွန်းအေးကျော်နှင့် (၁၈)နှစ်အရွယ် မယုယုလှိုတို့ ဇနီးမောင်နှံနှစ်ဦး၏ စိတ်မကောင်းစရာဖြစ်ရပ်
စစ်တွေမြို့နယ်တွင် အသက်၂ဝကျော်အရွယ်ဇနီးမောင်နှံနှစ်ဦး ကြိုး ..ဆွဲ ..ချ ေ.. သဆုံး
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ကန်ပြင်ကျေးရွာမှ အသက် ၂ဝကျော် အရွယ်ရှိသည့် လူငယ် ဇနီးမောင်နှံနှစ်ဦးသည် ယနေ့မေလ ၂၄ရက်နေ့တွင် တစ်ပြိုင်နက်တည်းကြိုးဆွဲချသေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသည့် ဇနီးမောင်နှံနှစ်ဦးမှာ အသက် (၂၁)အရွယ်ရှိသည့် ကိုထွန်းအေးကျော်နှင့်
အသက် (၁၈)နှစ်သာရှိသေးသည့် မယုယုလိုင်တို့ ဖြစ်ကြပြီး ကြိုးဆွဲချပြီးသေဆုံးသွားရသည့် အကြောင်းကို မသိရသေးဟု ကန်ပြင်ကျေးရွာသူတစ်ဦးက ပြောသည်။
“သူတို့နှစ်ယောက် အိမ်ထဲမှာဆွဲကြိုးချသေနေတာကို မနက် ၆နာရီ ကျော်လောက်မှသိကြတာ။
ဘာဖြစ်လို့သေသွားလည်းဆိုတာကို တစ်ယောက်မှ မသိကြပါဘူး။သူတို့လင်မယားက ရတာလည်း မကြာသေးဘူး။အရမ်းနှမျှောဖို့ ကောင်းပါတယ်” ဟုဆိုသည်။
ယင်းအပြင်သေဆုံးသူနှစ်ဦးမှာ ထိုင်းနိုင်ငံတွင်အိမ်ထောင်ကျ၍ ပြန်လာခဲ့ကာ ခင်ပွန်းဖြစ်သူ၏ မွေးရပ်မြေဖြစ်သည့်
ကန်ပြင်ကျေးရွာ၌ အခြေချ နေထိုင်နေကြသူနှစ်ဦးဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါဇနီးမောင်နှံနှစ်ဦး၏ ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး၏ ရင်ခွဲရုံသို့ ယူလာခဲ့ကြပြီး
ညနေ ၅နာရီအချိန်ခန့်တွင် စစ်တွေမြို့သုဿန်တွင် မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့တွင်လည်း စစ်တွေမြို့ ကသဲရပ်ကွက်နေ
အသက် ၂ရနှစ်အရွယ်ရှိသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး မဇာနီသန်းလည်း ကြိုးဆွဲချ သေဆုံးသွားခဲ့သည်ဟုသိရသည်။



