ပုရိသတွေ ဝိုင်းဝိုင်းလည်နေအောင် ထက်မြက်လွန်းတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်များ
ပုရိသတွေ ဝိုင်းဝိုင်းလည်နေအောင် ထက်မြက်လွန်းတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်များလူတိုင်းမှာ ဘယ်လိုလူတွေကိုတော့သဘောကျလိုက်တာဆိုတာမျိုး ရှိတတ်ကြပါတယ်။သူ့ပုံစံလေးကတော့ ငါ သဘောကျတဲ့ ပုံစံမျိုး ဆိုသလို လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ ပုံစံတွေ ရှိနေတတ်ကြပါတယ်။
တစ်ချို့သူတွေကတော့ သူတို့နဲ့ တွေ့မိတဲ့ သူတိုင်းက သူတို့ကို သဘောကျသွားစေမိတဲ့ အချက်တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။သူတို့ကို လိုချင်မိလောက်အောင် ဖမ်းစားနိုင်တဲ့ မိန်းကလေးတွေမှာတော့ ဒီလိုအချက်တွေ ရှိနေတတ်ကြပါတယ်။
၁- အမှီအခိုကင်းတယ်
သူတို့တွေကတော့ မိဘနဲ့ ချစ်သူတွေကို မှီခိုမှ ဘဝကို ရပ်တည်နိုင်ကြတဲ့သူတွေ မဟုတ်ကြပါဘူး။ကိုယ့်အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံး လုပ်နိုင်ဖို့ ကြိုးစားရပ်တည်တတ်ကြပါတယ်။ကိုယ်တိုင် လုပ်နိုင်တဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။
၂- အတင်းမပြောဘူး
အတင်းပြောတယ်ဆိုတာ မရင့်ကျက်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။အချိန်တွေ မနှမြောတဲ့သူတွေသာ သူများအကြောင်းကို ခေါင်းထဲထည့်ပြီးတကူးတက ပြောတတ်ကြတာ ဖြစ်ပါတယ်ဒီလို မလိုအပ်တဲ့အရာထက်စာရင် ကိုယ့်အတွက် အကျိုးရှိမယ့် အရာကိုပဲ လုပ်တတ်ကြပါတယ်။
၃- ရိုးသားကြတယ်
ဘဝကို ရိုးရိုးသားသားနဲ့ပဲ ဖြတ်သန်းချင်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်းသာ ထုတ်ပြောတတ်ကြပြီး ကိုယ့်အပေါ် ရိုးသားတဲ့သူတွေကိုလည်း ခင်မင်တတ်ကြပါတယ်။ရိုးသားမှုရှိကြတဲ့သူတွေကို လူတွေကလည်း ပိုပြီး သဘောကျတတ်ကြပါတယ်။
၄- ကိုယ့်ကိုယ်ကို ချစ်ကြတယ်
ကိုယ့်ကိုယ်ကို ဘယ်လိုလူလဲဆိုတာကို သိပြီး ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါတယ်။ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်မနေဘဲ အမြဲ စိတ်ကျေနပ်မှု ရှိပြီးကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ သက်တောင့်သက်တာ ဖြစ်အောင် နေတတ်ကြပါတယ်။
၅-အချစ်မှာ မရူးသွပ်ဘူး
ကိုယ့်ဘဝအတွက် အကောင်းဆုံး သိနားလည်ပြီး အမြဲ ကြိုးစားနေတဲ့သူတွေက ခံစားချက်တွေကို ထိန်းညှိနိုင်ကြပါတယ်။ဒါကြောင့် အချစ်မှာ ရူးသွပ်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပျောက်တာမျိုး မဖြစ်တတ်ကြပါဘူး။ခံစားချက်တွေကြောင့် ကိုယ့်ကိုယ်ကိုပါ ပျောက်သွားတဲ့အထိ မဖြစ်စေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
၆-ဉာဏ်ကောင်းကြတယ်
သူတို့တွေမှာ ထူးခြားတဲ့ အချက်ကတော့ ဉာဏ်ကောင်းတာပါပဲ။ဘယ်အရာမဆို သူတို့က သဘောပေါက်ဖို့ အချိန်ခဏပဲ ပေးကြရပါတယ်။လူတွေနဲ့ စကားပြောတဲ့အခါမှာလည်း သူတို့တွေက ပြောသင့်တာ မပြောသင့်တာတွေကို ချင့်ချိန်ပြီး တွေးတတ်ကြပါသေးတယ်။
credit
Zawgyi
ပုရိသေတြ ဝိုင္းဝိုင္းလည္ေနေအာင္ ထက္ျမက္လြန္းတဲ့ မိန္းကေလးေတြရဲ႕ လကၡဏာရပ္မ်ား
ပုရိသေတြ ဝိုင္းဝိုင္းလည္ေနေအာင္ ထက္ျမက္လြန္းတဲ့ မိန္းကေလးေတြရဲ႕ လကၡဏာရပ္မ်ားလူတိုင္းမွာ ဘယ္လိုလူေတြကိုေတာ့သေဘာက်လိုက္တာဆိုတာမ်ိဳး ရွိတတ္ၾကပါတယ္။သူ႔ပုံစံေလးကေတာ့ ငါ သေဘာက်တဲ့ ပုံစံမ်ိဳး ဆိုသလို လူတိုင္းမွာ ကိုယ္ႀကိဳက္တဲ့ ပုံစံေတြ ရွိေနတတ္ၾကပါတယ္။
တစ္ခ်ိဳ႕သူေတြကေတာ့ သူတို႔နဲ႔ ေတြ႕မိတဲ့ သူတိုင္းက သူတို႔ကို သေဘာက်သြားေစမိတဲ့ အခ်က္ေတြကို ပိုင္ဆိုင္ထားတတ္ၾကပါတယ္။သူတို႔ကို လိုခ်င္မိေလာက္ေအာင္ ဖမ္းစားႏိုင္တဲ့ မိန္းကေလးေတြမွာေတာ့ ဒီလိုအခ်က္ေတြ ရွိေနတတ္ၾကပါတယ္။
၁- အမွီအခိုကင္းတယ္
သူတို႔ေတြကေတာ့ မိဘနဲ႔ ခ်စ္သူေတြကို မွီခိုမွ ဘဝကို ရပ္တည္ႏိုင္ၾကတဲ့သူေတြ မဟုတ္ၾကပါဘူး။ကိုယ့္အိပ္မက္ေတြနဲ႔ ရည္မွန္းခ်က္ေတြကို အေကာင္းဆုံး လုပ္ႏိုင္ဖို႔ ႀကိဳးစားရပ္တည္တတ္ၾကပါတယ္။ကိုယ္တိုင္ လုပ္ႏိုင္တဲ့ စြမ္းရည္ေတြလည္း ပိုင္ဆိုင္ထားတတ္ၾကပါတယ္။
၂- အတင္းမေျပာဘူး
အတင္းေျပာတယ္ဆိုတာ မရင့္က်က္တဲ့ အလုပ္တစ္ခု ျဖစ္ပါတယ္။အခ်ိန္ေတြ မႏွေျမာတဲ့သူေတြသာ သူမ်ားအေၾကာင္းကို ေခါင္းထဲထည့္ၿပီးတကူးတက ေျပာတတ္ၾကတာ ျဖစ္ပါတယ္ဒီလို မလိုအပ္တဲ့အရာထက္စာရင္ ကိုယ့္အတြက္ အက်ိဳးရွိမယ့္ အရာကိုပဲ လုပ္တတ္ၾကပါတယ္။
၃- ႐ိုးသားၾကတယ္
ဘဝကို ႐ိုး႐ိုးသားသားနဲ႔ပဲ ျဖတ္သန္းခ်င္တတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။ကိုယ့္စိတ္ထဲ ရွိတဲ့အတိုင္းသာ ထုတ္ေျပာတတ္ၾကၿပီး ကိုယ့္အေပၚ ႐ိုးသားတဲ့သူေတြကိုလည္း ခင္မင္တတ္ၾကပါတယ္။႐ိုးသားမႈရွိၾကတဲ့သူေတြကို လူေတြကလည္း ပိုၿပီး သေဘာက်တတ္ၾကပါတယ္။
၄- ကိုယ့္ကိုယ္ကို ခ်စ္ၾကတယ္
ကိုယ့္ကိုယ္ကို ဘယ္လိုလူလဲဆိုတာကို သိၿပီး ကိုယ့္ကိုယ္ကို ခ်စ္တတ္ၾကပါတယ္။ကိုယ့္ကိုယ္ကို မေက်မနပ္ ျဖစ္မေနဘဲ အၿမဲ စိတ္ေက်နပ္မႈ ရွိၿပီးကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိရွိနဲ႔ သက္ေတာင့္သက္တာ ျဖစ္ေအာင္ ေနတတ္ၾကပါတယ္။
၅-အခ်စ္မွာ မ႐ူးသြပ္ဘူး
ကိုယ့္ဘဝအတြက္ အေကာင္းဆုံး သိနားလည္ၿပီး အၿမဲ ႀကိဳးစားေနတဲ့သူေတြက ခံစားခ်က္ေတြကို ထိန္းညႇိႏိုင္ၾကပါတယ္။ဒါေၾကာင့္ အခ်စ္မွာ ႐ူးသြပ္ၿပီး ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ ေပ်ာက္တာမ်ိဳး မျဖစ္တတ္ၾကပါဘူး။ခံစားခ်က္ေတြေၾကာင့္ ကိုယ့္ကိုယ္ကိုပါ ေပ်ာက္သြားတဲ့အထိ မျဖစ္ေစတတ္ၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။
၆-ဉာဏ္ေကာင္းၾကတယ္
သူတို႔ေတြမွာ ထူးျခားတဲ့ အခ်က္ကေတာ့ ဉာဏ္ေကာင္းတာပါပဲ။ဘယ္အရာမဆို သူတို႔က သေဘာေပါက္ဖို႔ အခ်ိန္ခဏပဲ ေပးၾကရပါတယ္။လူေတြနဲ႔ စကားေျပာတဲ့အခါမွာလည္း သူတို႔ေတြက ေျပာသင့္တာ မေျပာသင့္တာေတြကို ခ်င့္ခ်ိန္ၿပီး ေတြးတတ္ၾကပါေသးတယ္။
credit