ၾကားသိရသမွ်
















Unicode

လောက်ကိုင် နဲ့ မြဝတီမှာ ခုအခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ် သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ

ခေါ်တဲ့ပုံစံက online Game , customer Service, online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ်

လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ် အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါနော်

နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ် ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်

ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့ သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့ ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်

ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ

နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ မလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ် လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့ လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး

အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါတလေ မအိပ်ရဘူးနော် မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ Sex chat ရတဲ့အထိ ပါတက်တယ်အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်

အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်တာ ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေမြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ

ခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ် လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော် ခုမြန်မာပြည်က ပညာတက်လေးတွေ ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ

တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့ မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ မုဒိမ်းပါ ကျင့်ခံရတက်ပါတယ်

မြန်မာပြည်က ပညာတက်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲမကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံအနှိပ်ဆက်ခံ အလုပ်ကြီးပါ

ပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့ ပညာတတ်တွေကို အဲလိုမဆုံးရှုံးစေချင်ဘူး ခုမြန်မာနိုင်ငံထဲမှာ ကျပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး သူများပြောရင်မယုံဘူးတတ်ဘူး နော်

ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို့ ပညာတတ်လေးတွေ နှမျော တယ်