ၾကားသိရသမွ်

လွန်ခဲ့သောနှစ်ပေါင်း၂၀က သူတောင်းစားဘဝရောက်နေချိန်တွင် ထမင်းအလကားကျွေးခဲ့ဖူးသည့်ဆိုင်ရှင်အမျိုးသမီးကို seemore

လွန်ခဲ့သောနှစ်ပေါင်း၂၀က သူတောင်းစားဘဝရောက်နေချိန်တွင် ထမင်းအလကားကျွေးခဲ့ဖူးသည့်ဆိုင်ရှင်အမျိုးသမီးကို သန်းကြွယ်သူဋ္ဌေးဖြစ်ချိန်မှာ ဒေါ်လာတစ်သန်းပေးပြီးကျေးဇူးဆပ်ခဲ့သည့်အမျိုးသား

ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လာလိမ့်မယ်ဆိုသောစကားကို လူကြီးသူမများကအမြဲတမ်းဆုံးမနေတာကို ကြားဖူးကြလိမ့်မည်ဟုထင်မှတ်မိပါတယ်။

တရုတ်နိုင်ငံ Zhejiangပြည်နယ်တွင်နေထိုင်ပြီးစားသောက်ဆိုင်ငယ်လေးဖွင့်ထားသော Dai Xingfenဆိုသည့်အမျိုးသမီးဟာ ရပ်ကွက်ထဲတွင်လိုက်လံတောင်းစားနေသောကလေးတစ်ဦးကို သနားစိတ်ဖြင့်ထမင်းအလကားကျွေးခဲ့တာဖြစ်ပါတယ်။

ထို့နောက်နှစ်ပေါင်း၂၀ကြာသည့်အချိန်မှာတော့ လူငယ်လေးကအမျိုးသမီးကိုကျေးဇူးဆပ်သည့်အနေဖြင့်ဒေါ်လာတစ်သန်းလာပေးသဖြင့် အံ့သြသွားခဲ့ရပါတယ်။

ထိုအခါမှလူငယ်လေးဟာ နှစ်ပေါင်း၂၀အတွင်းကြိုးစားခဲ့မှုတွေကြောင့် သန်းကြွယ်သူဋ္ဌေးတစ်ဦးဖြစ်လာပြီဆိုတာကိုသိခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)