ကုမ္ပဏီတွေမှာ ဝင်ငွေများစွာရနိုင်တဲ့အလုပ်ကိုလုပ်ကိုင်နိုင်ပေမဲ့ သင်ကြားရေးကိုသာနှစ်သက်တဲ့ ခန့်ချောလွန်းတဲ့ ကျောင်းဆရာ
ဆရာများ (သို့) ဆရာမများအကြောင်းကို ပြောတဲ့အခါ ငါတို့က အရမ်းဆိုးတဲ့ဆရာများကိုဘဲ စဉ်းစားတတ်ကြပါတယ် ။ ဒါပေမယ့် အခုဖော်ပြမယ်ဆရာက ကျောင်းသားတွေကို သင်ယူမှုပိုပြီးအာရုံစိုက်စေမှာ သေချာတယ်လို့ ပြောနိုင်ပါတယ် ။
Jiang Boyang အမည်ရှိ အမျိုးသားဟာ တရုတ်အထက်တန်းကျောင်းမှ ဘာသာစကားဆရာတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၁၉၉၁ ခုနှစ်က မွေးဖွားခဲ့ပြီး အရပ် ၁၈၁ စင်တီမီတာအမြင့်ရှိတဲ့ ခန့်ညားသပ်ရပ်တဲ့ ပုံစံရှိနေပါတယ် ။ ဒီဆရာက နာမည်ကြီးတစ်ယောက်ထက်တောင် ပိုချောတယ်လို့ ဆိုနိုင်ပါတယ် ။
သူက အင်္ဂလန်မှ ဘဏ္ဏာရေးဘွဲ့ရခဲ့ပြီး သူ့အတွက် ဝင်ငွေအများကြီးထုတ်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နိုင်ပေမယ့် သူက ဆရာတစ်ယောက်အနေနဲ့ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့ဆရာတစ်ယောက်အနေနဲ့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းက ကလေးတွေရဲ့အနာဂတ်မြှင့်တင်ဖို့ ကူညီလိမ့်မယ်လို့ သူထင်ခဲ့တာကြောင့်ပါ ။
ကောင်းမွန်တဲ့ ဦးတည်ချက်သို့သွားခြင်းနဲ့ တောက်ပတဲ့အနာဂတ်ရှိခြင်းတို့က ဒီဆရာလို ကျောင်းသားများကို သင်ပေးရန်စိတ်နှလုံးပါဝင်တဲ့ ဆရာတစ်ဦးရှိလျှင် မည်သူမဆို ဆရာနဲ့ အတန်းတက်လိုသည်မှာ သေချာပါတယ် ။
Zawgyi