မင်္ဂလာဆောင်ချိန်မှာ ဖုန်းတစ်လုံးနဲ့ဂိမ်းကိုသာ ဂရုတစိုက် ဆော့ကစားနေခဲ့တဲ့ သတို့သား။ မင်္ဂလာဆောင်တယ်ဆိုတာ သတို့သားနဲ့ သတို့သမီးတိုအတွက် ဘဝမှာအရေးကြီးဆုံးနဲ့ အပျော်ရွှင်ဆုံး အချိန်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ခုသတို့သား gamer အတွက်တော့ မဟုတ်လောက်ပါဘူး။
သတို့သားက ဘဝရဲ့အကြီးမားဆုံးသော နေ့ဖြစ်တဲ့ မင်္ဂလာခန်းမအလယ်မှာ ဖုန်းတစ်လုံးနဲ့ ဂိမ်းကိုသာ အာရုံစိုက်ပြီး ဆော့ကစားနေပါတယ် ။ အထူးသဖြင့် မင်္ဂလာပွဲကျင်းပတဲ့အခါ သတို့သမီးနဲ့ သတို့သားက မိသားစု ကိုယ်စားလှယ်နှစ်ဦးအနက်မှ တစ်ဦးရဲ့မိန့်ခွန်းကို နားထောင်နေချိန်ဖြစ်ပြီး လူတိုင်းက ဇနီးမောင်နှံကို အာရုံစိုက်နေချိန်ဖြစ်တယ် ။
ဒါပေမဲ့ အခြားထောင့်မှာ သတို့သားက မပြီးဆုံးသေးတဲ့ ဂိမ်းတစ်ခုပြုလုပ်ရန် ဖုန်းကိုအမြန်ဆွဲထုတ်ကာ ဆော့ကစားခဲ့ပါတယ် ။ အဆိုပါအခြေအနေက သိပ်မသင့်တော်ပေမယ့် သတို့သားရဲ့ gamer စိတ်ဓာတ်က အရမ်းစိတ်အားထက်သန်တာကို တွေ့နိုင်ပါတယ် ။
ဒါ့အပြင် Do Mixi လို့ အမည်ပေးထားတဲ့ နာမည်ကြီး ရေပန်းစားတဲ့ streamer တစ်ဦးက ဂိမ်းကစားနေစဉ်မှာ သူ့ရဲ့ကလေးများကိုပါ ပြုစုစောင့်ရှောက်ပါသေးတယ် ။ အရေးကြီးဆုံးအခိုက်အတန့်မှာ ပွဲကိုမလွတ်နိုင်တော့တဲ့အတွက် ကောင်လေး streamer က ကလေးထိန်းဖို့ ကြိုးတစ်ချောင်းနဲ့ ချိတ်ပြီး ဂိမ်းဆော့ခဲ့ရပါတယ် ။
ဓာတ်ပုံကိုကြည့်လိုက်တော့ Team Mixi ရဲ့အဖြစ်ကို လူတိုင်းက ရယ်မောကြပါတယ် ။ လူတိုင်းမှာ မတူညီတဲ့ ဝါသနာတစ်ခုစီရှိကြပြီး ထိုဝါသနာကို အကောင်အထည်ဖော်ရန် အားစိုက်ထုတ်ကာ အချိန်များစွာ သုံးစွဲကြပေမဲ့ အရာအားလုံးက တည်ငြိမ်ရန် လိုအပ်ပါတယ် ။
ဒီမင်္ဂလာဆောင်ဟာ သတို့သားတယောက်တည်း gamer ဖြစ်နေလို့သာပေါ့။ တကယ်လို့များ သတို့သမီးပါ gamer ဖြစ်နေခဲ့ရင် မင်္ဂလာဆောင်အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်နော်။
Nyo Nyo (boomnews)