ၾကားသိရသမွ်

ဦးေမာင္ဝိတ္က ဒီကေန႔႐ုံးခ်ိန္းမွာ အမွန္တိုင္း ထြက္ဆိုခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို

ဦးေမာင္ဝိတ္က ဒီကေန႔႐ုံးခ်ိန္းမွာ အမွန္တိုင္း ထြက္ဆိုခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို

ဦးေမာင္ဝိတ္က ဒီကေန႔႐ုံးခ်ိန္းမွာ အမွန္တိုင္း ထြက္ဆိုခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ကန္ေတာ့ခဲ့တယ္လို႔ သိရ

စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေငြလႉဒါန္းခဲ့တာကို အေၾကာင္းျပဳၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြပ္စြဲထားတဲ့ အဂတိအမႈ ၂ ခုကို ေမ ၃၁ ရက္က ေနျပည္ေတာ္၊ ဇမၺဴသီရိအထူးတရား႐ုံးမွာ ဆက္လက္စစ္ေဆးခဲ့ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ တရားလိုျပသက္ေသ ဦးေမာင္ဝိတ္ လာေရာက္ခဲ့ၿပီး ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို ေငြေၾကးလႉဒါန္းခဲ့တာသာျဖစ္တယ္လို႔ ထြက္ဆိုခဲ့ပါတယ္။

ေစပိုင္ကုမၸဏီဥကၠ႒ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္က ဒီကေန႔႐ုံးခ်ိန္း အမႈစစ္ေဆးၿပီးခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ကန္ေတာ့ခဲ့တယ္လို႔ သိရပါတယ္။

ဒီေန႔႐ုံးခ်ိန္းကိုေရာက္လာတဲ့ အတိုင္ပင္ခံပုဂၢိဳလ္ဟာ က်န္းမာေရးေကာင္းမြန္တဲ့ အေနအထားမွာရွိေနတယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။

“ဒီေန႔ အတိုင္ပင္ခံကိုစြပ္စြဲထားတဲ့ အဂတိအမႈ ၃ နဲ႔ ၄ကို ဆက္စစ္တယ္။ ဦးေမာင္ဝိတ္ ေရာက္လာၿပီး ထြက္ဆိုတယ္။ သူကေတာ့ လႉတယ္ပဲ ထြက္ဆိုခဲ့တာပါ။ ညေနပိုင္းမွာေတာ့ တရားလို ဦးရဲထက္ကို စစ္ေဆးခဲ့ပါတယ္။” လို႔ တရား႐ုံးနဲ႔နီးစပ္သူတစ္ေယာက္က ေျပာပါတယ္။

ေစပိုင္ကုမၸဏီဥကၠ႒ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို လႉဒါန္းခဲ့တဲ့ ေငြေၾကးေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ အဂတိအမႈ ၂ မႈကို ေမလ ၂ ရက္ေန႔က ေနျပည္ေတာ္၊ ဇမၺဴသီရိအထူးတရား႐ုံးမွာ စတင္ၾကားနာခဲ့ပါတယ္။

တရားလိုအျဖစ္ စစ္ေကာင္စီလက္ေအာက္ခံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးရဲထက္က စြဲဆိုထားတာပါ။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ ထိန္းသိမ္းခံခဲ့ရသူေတြထဲမွာ NLDနဲ႔ နီးစပ္သူတဦးျဖစ္တဲ့ လုပ္ငန္းရွင္ဦးေမာင္ဝိတ္လည္းပါဝင္ခဲ့ၿပီး သူ႔ကို ဘယ္ေနရာမွာထိန္းသိမ္းထားတယ္ဆိုတာ မသိရပါဘူး။

ဦးေမာင္ဝိတ္ဟာ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္၊ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္တို႔ကို စြဲဆိုထားတဲ့အဂတိအမႈေတြမွာလည္း စစ္ေကာင္စီက တရားလိုျပသက္ေသအျဖစ္ တင္သြင္းတာကိုခံခဲ့ရပါတယ္။

ဦးေမာင္ဝိတ္ကေတာ့ NLD နဲ႔ပတ္သက္တဲ့အမႈေတြအားလုံးမွာ သူ႔ဘက္က လႉဒါန္းတာေတြသာျဖစ္တယ္လို႔ တရား႐ုံးမွာထြက္ဆိုထားပါတယ္။

Crd

Unicode

ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်းမှာ အမှန်တိုင်း ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို

ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်းမှာ အမှန်တိုင်း ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့တယ်လို့ သိရ

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ ခုကို မေ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ဦးမောင်ဝိတ် လာရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်း အမှုစစ်ဆေးပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းကိုရောက်လာတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ အနေအထားမှာရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

“ဒီနေ့ အတိုင်ပင်ခံကိုစွပ်စွဲထားတဲ့ အဂတိအမှု ၃ နဲ့ ၄ကို ဆက်စစ်တယ်။ ဦးမောင်ဝိတ် ရောက်လာပြီး ထွက်ဆိုတယ်။ သူကတော့ လှူတယ်ပဲ ထွက်ဆိုခဲ့တာပါ။ ညနေပိုင်းမှာတော့ တရားလို ဦးရဲထက်ကို စစ်ဆေးခဲ့ပါတယ်။” လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှု ၂ မှုကို မေလ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်ကြားနာခဲ့ပါတယ်။

တရားလိုအဖြစ် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ NLDနဲ့ နီးစပ်သူတဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်းပါဝင်ခဲ့ပြီး သူ့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကိုခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ NLD နဲ့ပတ်သက်တဲ့အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုထားပါတယ်။

Crd