ဗဟုသုတ

သင်ချွေးပေါက်တွေကျယ်နေလို့ အရမ်းစိတ်မညစ်ပါနဲ့ ဒီနည်းလမ်းလေးသာ သုံးလိုက်ပါ

ချွေးပေါက်တွေ အရမ်းကျယ်နေလို့ သင် အရမ်းစိတ်ညစ်နေပါသလား။ လုံးဝ စိတ်မညစ်လိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခုပြောမယ့်နည်းလမ်းလေးက ချွေးပေါက်ကျယ်တဲ့သူတွေကို အကောင်းဆုံး ပြုပြင်ပေးမယ့် နည်းလမ်းလေးတစ်ခု ဖြစ်နေလို့ပါပဲ။

ပြီးတော့ ဒါဟာ မိတ်ကပ်လိမ်ပြီးတော့ အဆီပြန်တတ်တဲ့ သူတွေအတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ပြုလုပ်ရတာလည်း မခက်ပါဘူး။ အင်မတန် လွယ် ကူ ရိုးစင်းပါတယ်။ အသုံးပြုမယ့်ပစ္စည်းကလည်း အရမ်းမခက်ပါဘူး။ ကြက်ဥအကာကို သုံးလိုက်ရုံပါပဲ။ ဒါပေမယ့် ပြောစရာတစ်ခုရှိတာက နည်းနည်းလက်ဝင်တာပါပဲ။

ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အ ဆက်မပြတ်တော့ ခေါက်ပေးရပါတယ်။

ဒီနည်းက မျက်နှာချွေးပေါက်တွေကို သိသိသာသာ သက်သာစေပြီးတော့ အဆီပြန်ခြင်းကို ကင်းဝေးစေပါတယ်။ တစ်ချို့တွေက ဒါကို bubble foam mask လို့လည်း ခေါ်ကြပါတယ်။ ကဲ ဒါဆို ကျွန်တော်တို့တွေ အခုပဲ စလိုက်ရအောင်ပါဝင်ပစ္စည်း

ကြက်ဥအကာ – (၁) လုံးသကြား – ထမင်း စားဇွန်းနဲ့ (၁) ဇွန်းအရင်ဦးဆုံး လတ်လတ်

ဆတ်ဆတ် ကြက်ဥတစ်လုံးကို ဖောက်ပြီးတော့ အကာကို ပန်းကန်လုံး တစ်ခုထဲသို့ ထည့်ထားပါ။ အဝါနှစ် လုံးဝမပါစေရ(အဝါနှစ်ပါရင် ဆက် လုပ်လို့မရတော့ပါ) ပန်း ကန် ရွေးတဲ့အခါ စတီးပန်းကန်ကို သုံးရင် အကောင်းဆုံးပါပဲ။ပန်းကန်ထဲကို သကြားကို ထမင်းစားဇွန်းနဲ့ (၁)ဇွန်း ထပ်ထည့်ပါ။ ပြီးရင် ကြက်ဥအကာနဲ့ သကြားတွေကို

ရောမွှေပြီးတော့ ခလောက်လိုက်ပါ။ မွှေတဲ့အခါ ခလောက်တံ(whisk)တခုခု သုံးရပါမယ်။ ကြက်ဥအကာကို အရည်ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ခေါက်ရပါမယ်။

လုပ်တဲ့အခါ ကြက်ဥအ ကာထဲကို သကြားမထည့်လဲရပါတယ်။ သို့ သော် သကြားထည့်ခြင်း အားဖြင့် ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပြီးတော့ပျစ်လွယ်တယ်။ ဒီနေရာမှာ ခေါက်တဲ့အခါ အ ပေါ်အောက် ခေါက်ချက်ကို ခပ်တိုတိုသာ သုံးရမယ်။

အစပိုင်း ဖြည်းဖြည်းနဲ့ ပုံမှန်သာ ခေါက်ပါ၊ ပြီးရင် တဖြည်းဖြည်း မြန်လာပါ ။ ခေါက်ခါစမှာ အမြှုပ်ထလာပါလိမ့်မယ်။ လုံးဝ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။အမြှုပ်ကနေ ခရင်မ်ပုံစံ(stiff peak) ရောက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာပဲ ဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ ငါးမိနစ်ခန့် ခေါက်ရပါတယ်။

ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ) ကို မျက်နှာပေါ် လိမ်းပြီးတော့ ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာကို ပြန်သစ်ပါ။ ပြီးရင်တော့ သင့်ရဲ့ချွေးပေါက်တွေ ရှင်းရှင်းလင်းလင်းနဲ့ သိသိသာသာ ကျဉ်း

သွားတာကို အံ့သြော်ဖွယ် မြင်တွေ့ရပါလိမ့်မယ်။ဒီချွေးပေါက်ကျဉ်းတဲ့နည်းကို ချွေး ပေါက်ကျယ်တဲ့သူတွေဟာ ညအိပ်ခါနီးတိုင်း ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် တစ်ပတ်အတွင်း သင့်ရဲ့ချွေးပေါက်တွေ သိသိသာ

သာ လျော့နည်းသွားပါလိမ့်မယ်။

ကဲ ဒါဆို အားလုံးပဲ လှပတဲ့မျက်နှာလေးနဲ့ အမြဲပြုံးပျော်နိုင်ကြပါစေ။(ဒေါက်တာ အေးမင်းထူး – ချွေးပေါက်ကျဉ်းခြင်းနဲ့ ကျန်းမာရေး ဆောင်းပါးမှ)