ၾကားသိရသမွ်

ထိုင်းအမျိုးသမီး အ -တ်ခံရလို့ဆိုပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ဝဝကျော်ကို……..seemore

ဗုဒ္ဓဟူးနေ့က မြေကျင်းတစ်ခုထဲမြှုပ်နှံထားတဲ့ ဒေသခံအမျိုးသားတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အရှိန်မြှင့်ဆောင်ရွက်မှုအဖြစ် ထိုင်းနိုင်ငံ ဆွန်ခလာပြည်နယ် ဟတ်ယိုင်ခရိုင်ရှိ အငှားအိမ်တွေကို ကြာသပတေးနေ့မှာ ထိုင်းရဲတွေက ဝင်စီးကာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Ban Phru မြို့ Moo ၈ ကျေးရွာက အငှားနေအိမ်နှစ်ခုရှိ အခန်း ၁၂ ခန်းမှ တရားမဝင် မြန်မာနိုင်ငံသား ၁၀၉ ဦးကို ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပါးစပ်ကို အဝတ်နဲ့ပိတ်စည်းထားကာ ကြိုးတွေတုပ်ခံထားရတဲ့ မက်ဒေါလ်ဘင်ဆင်အမည်ရ အသက် ၄၀ အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့မနက်ပိုင်းက တွေ့ရှိခဲ့အပြီးမှာ ထိုင်းရဲက တရားမဝင် ရွှေ့ပြောင်း ၆၀ ဦးကို အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။

ယင်းအမျိုးသားဟာ မလေးရှားသွားဖို့ စောင့်ဆိုင်းနေကြတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ယာယီစခန်းနေရာကို တွေ့ရှိသွားရာမှ သတ်ဖြတ်ခံလိုက်ရကာ ဂေါက်ကွင်းတစ်ခုအနီး တောအုပ်မှာ မြှုပ်နှံခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းရဲက ယုံကြည်နေပါတယ်။ သူဟာ အင်္ဂါနေ့က နေထိုင်ရာရွာရှိ နေအိမ်ကနေ ငါးဖမ်းထွက်သွားတာကို စီစီတီဗီကင်မရာမှာ နောက်ဆုံးအနေနဲ့ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တရားမဝင် ရွှေ့ပြောင်းတွေနဲ့ ၎င်းတို့ကို ခေါ်သွင်းလာသူတွေဟာ လူသတ်မှုအတွက် အဓိက သံသယရှိသူတွေဖြစ်တယ်လို့ Banphru မြို့အကြီးအကဲ ဗင်နိုင်း တွန်ညာလေးက ပြောဆိုခဲ့ပါတယ်။

ဘန်ကောက်ပို့စ် —အကုန်သိ သတင်းဌာန—

Unicode