စကစက ဆီးဂိမ်းရွှေတံဆိပ်ရ အားကစားသမားများကို သိန်း ၁၃၀၀၀ တန် စက္ကူပုံးများ ချီးမြှင့်
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ ဇွန် ၃ ရက်(ယနေ့)နံနက်ပိုင်းကပြုလုပ်သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား စကစမှဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
စကစ ဥက္ကဋ္ဌမှ ၃၁ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ကူရပ်ရှ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ပီတန်း၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းများမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့အားကစားအဖွဲ့ကို ပြိုင်ပွဲ မစတင်ခင်က ပြောကြားခဲ့တဲ့ အတိုင်း ရွှေတံဆိပ်ဆု တဆုလျှင် သိန်း ၃၀၀ နဲ့ စုစုပေါင်း ဆုငွေ သိန်း ၁၃၀၀၀ ကို စက္ကူပုံးတွေနဲ့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အားကစားအဖွဲ့ဟာ ယခင် ဆီးဂိမ်းထက် ရွှေတံဆိပ်ဆု ပိုမို ရခဲ့ပေမယ့်လည်း မြန်မာပြည်သူများ တခါမှ မကြားဖူးတဲ့ အားကစားနည်းတွေနဲ့ ရွှေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ စက္ကူပုံးများကိုသာ ပေးထားပြီး နောက်ပိုင်းကျမှ ဆုငွေ ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။ အားကစားသမားတွေ အနေနဲ့လည်း ရရှိထားတဲ့ ဆုငွေတွေကို စကစက ပြန်မတောင်းဖို့ ဆုတောင်းနေတယ်လို့ သိရပါတယ်။Crd
စကစက ဆီးဂိမ်းရွှေတံဆိပ်ရ အားကစားသမားများကို သိန်း ၁၃၀၀၀ တန် စက္ကူပုံးများ ချီးမြှင့်
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ ဇွန် ၃ ရက်(ယနေ့)နံနက်ပိုင်းကပြုလုပ်သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား စကစမှဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
စကစ ဥက္ကဋ္ဌမှ ၃၁ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ကူရပ်ရှ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ပီတန်း၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းများမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့အားကစားအဖွဲ့ကို ပြိုင်ပွဲ မစတင်ခင်က ပြောကြားခဲ့တဲ့ အတိုင်း ရွှေတံဆိပ်ဆု တဆုလျှင် သိန်း ၃၀၀ နဲ့ စုစုပေါင်း ဆုငွေ သိန်း ၁၃၀၀၀ ကို စက္ကူပုံးတွေနဲ့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အားကစားအဖွဲ့ဟာ ယခင် ဆီးဂိမ်းထက် ရွှေတံဆိပ်ဆု ပိုမို ရခဲ့ပေမယ့်လည်း မြန်မာပြည်သူများ တခါမှ မကြားဖူးတဲ့ အားကစားနည်းတွေနဲ့ ရွှေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ စက္ကူပုံးများကိုသာ ပေးထားပြီး နောက်ပိုင်းကျမှ ဆုငွေ ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။ အားကစားသမားတွေ အနေနဲ့လည်း ရရှိထားတဲ့ ဆုငွေတွေကို စကစက ပြန်မတောင်းဖို့ ဆုတောင်းနေတယ်လို့ သိရပါတယ်။ Crd