ၾကားသိရသမွ်

ဓာတ်ဆီဈေးကြီးလို့ ကားမစီးဘဲ ကျွဲစီးနေတဲ့အမျိုးသား

ဓာတ်ဆီဈေးကြီးလို့ ကားမစီးဘဲ ကျွဲစီးနေတဲ့အမျိုးသား

ဓာတ်ဆီဈေးကြီးလဲမစိုးရိမ်ပါနဲ့။ဆီဈေးကြီးလဲဂရုစိုက်စရာမလိုကြောင်းနခွန်ရာချာဆီမာက

ထိုင်းအမျိုးသားတစ်ဦးကဘယ်သွားသွားသူ့ရဲ့မဲနက်နေတဲ့ကျွဲကြီးပေါ်ခွ

စီးပြီးသွားလာနေတာက အတော်လေးကိုဟန်ကျနေပါတယ်။

ဆူရာဝပ်ချိုင်ဆန်ရစ်ဆိုသူရဲ့တိရစ္ဆာန်ကအဖော်ရသလိုသူ့အတွက်သွားလာရေးမှာ

အဆင်ပြေချောမွေ့နေတယ်လို့သိရပါတယ်။“ ဒီကာလမှာဆီဈေးကြီးတော့ကျွန်တော့ ကျွဲကြီးကိုပဲ အားကိုးရတော့မယ်”ဆိုတဲ့ကပ်ပရှင်နဲ့

ကျွဲစီးပြီး ဈေးဆိုင်နဲ့တခြားပြင်ပနေရာတွေသွားလာနေတဲ့ပုံတွေကိုဖေ့ဘွတ်ပေါ်မျှဝေခဲ့ရာကနေထိုင်း

လူမှုကွန်ရက်စာမျက်နှာမှာရေပန်းစားနေပါတယ်။ like အရေအတွက်နဲ့ တုန့်ပြန်မှုတွေ၊ မှတ်ချက်ပေး

ရယ်မောခြင်းတွေပလူပျံနေပြီးအချို့ကလည်းသူ့ရဲ့ကျွဲကိုငှားပေးလို့ရမလားတောင်မေးထားကြပါတယ်။

သူစီးတဲ့ကျွဲတော့မဟုတ်ပေမဲ့ ထိုင်းနိုင်ငံမှာ ကျွဲကောင်းကောင်းတစ်ကောင်ရဲ့တန်ဘိုးက ဘတ် 18 သန်း ၊

16 သန်း ၊ 15 သန်း နဲ့ 9 သန်းဝန်းကျင်မှာ ပေါက်စျေးမှာရှိပါတယ် ။

crd

zawgyi,

ဓာတ္ဆီေဈးႀကီးလို႔ ကားမစီးဘဲ ကြၽဲစီးေနတဲ့အမ်ိဳးသား

ဓာတ္ဆီေဈးႀကီးလဲမစိုးရိမ္ပါနဲ႔။ဆီေဈးႀကီးလဲဂ႐ုစိုက္စရာမလိုေၾကာင္းနခြန္ရာခ်ာဆီမာက

ထိုင္းအမ်ိဳးသားတစ္ဦးကဘယ္သြားသြားသူ႔ရဲ႕မဲနက္ေနတဲ့ကြၽဲႀကီးေပၚခြ

စီးၿပီးသြားလာေနတာက အေတာ္ေလးကိုဟန္က်ေနပါတယ္။

ဆူရာဝပ္ခ်ိဳင္ဆန္ရစ္ဆိုသူရဲ႕တိရစာၦန္ကအေဖာ္ရသလိုသူ႔အတြက္သြားလာေရးမွာ

အဆင္ေျပေခ်ာေမြ႕ေနတယ္လို႔သိရပါတယ္။“ ဒီကာလမွာဆီေဈးႀကီးေတာ့ကြၽန္ေတာ့ ကြၽဲႀကီးကိုပဲ အားကိုးရေတာ့မယ္”ဆိုတဲ့ကပ္ပရွင္နဲ႔

ကြၽဲစီးၿပီး ေဈးဆိုင္နဲ႔တျခားျပင္ပေနရာေတြသြားလာေနတဲ့ပုံေတြကိုေဖ့ဘြတ္ေပၚမွ်ေဝခဲ့ရာကေနထိုင္း

လူမႈကြန္ရက္စာမ်က္ႏွာမွာေရပန္းစားေနပါတယ္။ like အေရအတြက္နဲ႔ တုန႔္ျပန္မႈေတြ၊ မွတ္ခ်က္ေပး

ရယ္ေမာျခင္းေတြပလူပ်ံေနၿပီးအခ်ိဳ႕ကလည္းသူ႔ရဲ႕ကြၽဲကိုငွားေပးလို႔ရမလားေတာင္ေမးထားၾကပါတယ္။

သူစီးတဲ့ကြၽဲေတာ့မဟုတ္ေပမဲ့ ထိုင္းႏိုင္ငံမွာ ကြၽဲေကာင္းေကာင္းတစ္ေကာင္ရဲ႕တန္ဘိုးက ဘတ္ 18 သန္း ၊

16 သန္း ၊ 15 သန္း နဲ႔ 9 သန္းဝန္းက်င္မွာ ေပါက္ေစ်းမွာရွိပါတယ္ ။

crd