ၾကားသိရသမွ်

ဆေးခန်းပြရန်သွားတဲ့ သားအမိမှ Taxiပေါ်တွင် ငွေသား(၆)သိန်းကျကျန်ခဲ့၍ ပုံပါအမျိုးသားဖြစ်သူ… See more


ကျေးဇူးအထူးတင်စွာဖြင့်ဂုဏ်ပြုအပ်ပါသည်ရှင်…သည်နေ့ နေ့ခင်း ၁၂နာရီလောက်က ကာ့မေမေ ဆေးခန်းသွားပြရန်အတွက် မေမေနှင့်မမ Taxi ငှား၍ အိမ်မှ ဗဟိုစည်ဆေးရုံသို့ သွားရာတွင် မေမေ့ပိုက်ဆံအိတ် ကားပေါ်မေ့ကျန်ခဲ့ပါသည်…

ဖုန်းက မေမေ့လက်ထဲတွင် ကိုင်ထား၍ ပါလာပြီး ပိုက်ဆံအိတ်မှာ ပေါင်ပေါ်မှနေ၍ ကားထဲကျကျန်ခဲ့တာ သားအမိနှစ်ယောက်စလုံး မသိလိုက်ပါ…

မေမေက ရှေ့အပတ်ထဲဆေးရုံတက်စရာရှိသောကြောင့် စာရွက်စာတမ်းတွေ ဖိုင်တွဲတွေ ဓါတ်မှန်တွေ စုံပလုံစိအောင်ယူသွားရသောကြောင့် မမလည်းကိုင်စရာတွေများပြီး ပိုက်ဆံအိတ်က သူကိုင်ထားမလို ကိုယ်ကိုင်ထားမလိုနဲ့ ကားပေါ်ကျန်ခဲ့ခြင်းဖြစ်ပါတယ်…

အိတ်ထဲမှာ ငွေသား ၆သိန်းလောက်ပါသွားပါတယ်…ဆေးခန်းပြမှာမို့ လိုအပ်တာတွေ စစ်ရမှာမို့ မေမေက လိုလိုပိုပိုထည့်ထားခြင်းဖြစ်ပါတယ်…

မမခမြာ သူ့လက်ထဲက ပျောက်သွားတယ်ဆိုပြီး ငိုမလိုလိုတွေဖြစ်…ချက်ချင်းနမာဇ်ဖတ် Allah ဆီ ဆုတောင်း…ကိုယ်တွေအမေ မုဆိုးမကြီးရဲ့ Halal ပိုက်ဆံလေးပြန်ရပါစေလို့ ညီအစ်မတွေ Duaတွေလုပ် ဆုတွေတောင်းကြနဲ့…

ပြန်ရတော့မယ်တော့ မထင်ပါဘူး မမရယ်…မကောင်းတဲ့ နဟတ်စ်တွေ ထွက်သွားတယ်ဘဲမှတ်လိုက်ပေါ့လို့လည်းပြောမိသလို..ဥစ္စာရင်းမှန်ရင်ပြန်ရမှာပေါ့ မမရယ်ဆိုပြီးလည်း နှစ်သိမ့်အားပေးလိုက်ပေမယ့် သည်ခေတ် သည်အချိန်အခါထဲ ပြန်ရတော့မှာ မဟုတ်ဘူးလို့ဘဲမှတ်ထားလိုက်ပါတယ်…

သည်လိုနဲ့ မေမေတို့ အိမ်ရောက်ပြီး ၂နာရီလောက်နေတော့ ကားသမားဦးလေးကြီးက အိမ်တံခါးဆိုက်ဆိုက်မြိုက်မြိုက်လာခေါက်ပြီး မေမေ့အိတ်ကိုပြန်လာပေးပါတယ်…အိတ်ထဲက မေမေ့မှတ်ပုံတင်မိတ္တူကနေ အိမ်လိပ်စာတွေ့ပြီး အရောက်လာပေးတာပါ…

ပိုင်ရှင်ခမြာဆေးခန်းလာပြရင်း ကျန်ခဲ့တာ ဘယ်လောက်တောင် သောကများနေရှာမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ လာပေးတာပါတဲ့လေ…အခုလို ခိုးဆိုး လုယက်နေတဲ့ သည်ခေတ်ကြီးထဲ ဘယ်လောက်တောင် ရိုးသားတဲ့စိတ်ဓါတ်ပိုင်ရှင်လဲနော်…အရမ်းကိုချီးကျူးလေးစားပါတယ် ဦးလေးကြီးရယ်…

ကျေးဇူးတင်လွန်းလို့ ဂုဏ်ပြုငွေ တစ်သိန်းကို မနည်းပေးရတယ်…များတယ် မယူဘူးတဲ့လေ….ဓါတ်ပုံရိုက်တာတောင် မနည်းပြောပြီးရိုက်ယူရတယ်…ရှက်လို့တဲ့…သည်ခေတ်သည်အခါကြီးထဲ သည်လို စိတ်ထားမြင့်မြတ်သူ လူမျိုးကိုမှ ပုံတင်ဂုဏ်မပြုရင် ဘယ်လိုလူမျိုးကို ပုံတင်ဂုဏ်ပြုရမလဲရှင်!

ရှားမှရှား ရိုးသားလွန်းသူ မြင့်မြတ်သောစိတ်ထားပိုင်ရှင် Taxi No. BB 9882 မောင်းနှင်သူ ဦးလေးကြီးအား သည်Post လေးနှင့်အတူ လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ရှင့်..

(ဦးလေးကြီးက အာရှတော်ဝင်ဆေးရုံရှေ့ ဂိတ်ထိုးပါတယ်ရှင့်)

Courtesy – Thae Olivia

Crd