အလှအပနဲ့ ပတ်သက်ပြီး လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေကို ဒီနေ့ခေတ်မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရနေပါပြီ။ အချို့နည်းလမ်းတွေက ထင်ထားတာထက်တောင် လွယ်ကူပါသေးတယ်။ ဒီနေ့မှာတော့ အလှအပနဲ့ပတ်သက်လို့ ကြုံနေကျ ပြဿနာလေးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဆံပင်ရေဓာတ်ဖြည့်ဖို့
ဆံပင်မှာ ရေဓာတ်မရှိရင် ဖွာပြီး သပ်သပ်ရပ်ရပ် ဖြစ်နေမှာ မဟုတ်ပါဘူး။ အိပ်ရာမဝင်ခင်မှာ ဆံပင်မှာ ဆီတစ်မျိုးလိမ်းပြီး အဝတ်စတစ်ခုနဲ့ ပတ်ထားပြီး အိပ်ပါ။ အိပ်နေချိန်မှာ ဆံပင်က ရေဓာတ်ပြည့်နေမှာပါ။ အိပ်ရာထချိန်မှာ ဆံပင်က နဂိုကထက် ကျန်းမာပြီး တောက်ပနေတာကို တွေ့ရပါတယ်။
၂။ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဆံပင်တွေအတွက်
ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးထားပေမယ့် အသစ်ထွက်လာတဲ့ ဆံပင်လေးတွေကြောင့် ဆံပင်လေးတွေက ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။
ဆံပင်တွေအားလုံး သပ်သပ်ရပ်ရပ် ဖြစ်ဖို့ဆိုရင် သွားကြားကို သန့်ရှင်းရေးလုပ်တဲ့ ချည်မျှင်ကို အသုံးပြုနိုင်ပါတယ်။ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်လေးတွေပေါ်ကို ချည်မျှင်ကို အသုံးပြုပြီး သပ်ရပ်အောင် ဖြီးချလိုက်ပါ။
၃။ ဇစ်
ဝတ်စုံတွေဝတ်တဲ့အခါ နောက်ကနေ ဇစ်ဆွဲပေးမယ့်သူမရှိလို့ စိတ်ပူစရာ မလိုတော့ပါဘူးနော်။ ဇစ်ခေါင်းမှာ ကြိုးတစ်ချောင်းချည်ထားလိုက်ပြီး ကြိုးကို ရှေ့ကနေ ဆွဲတင်လိုက်ပါ။
၄။ မျက်တောင့်ကော့ဖို့အတွက်
ကော့ညွတ်တဲ့ မျက်တောင်ကို ရဖို့အတွက် ဘာမှ ခက်ခက်ခဲခဲ လုပ်နေစရာမလိုပါဘူး။ Mascara ကို မျက်တောင်မှာမကော့ခင်မှာ မျက်တောင်ကို concealer အနည်းငယ် လိမ်းခြယ်လိုက်ပါ။ ပြီးနောက်မှာ mascara ကို အသုံးပြုပါ။ အဲဒီအခါ မျက်တောင်က ထူပြီး ပိုပြီးရှည်လျားတယ်လို့ ထင်ရစေပါတယ်။
၅။ ဘရာကြိုး
လည်ပင်းကျယ်တဲ့ အင်္ကျီတွေဝတ်တဲ့အခါ ဘရာကြိုးတွေ ပေါ်နေရင်သိပ်ပြီး အဆင်မပြေပါဘူး။ ဘရာကြိုးကို တိုအောင်လုပ်ပြီး ကြိုးကွင်းအသေးထဲကို လက်ရှိုထည့်လိုက်ပါ။ ပြီးနောက်မှာ အင်္ကျီကို ဝတ်လိုက်ပါ။ အဲဒီအခါ ဘရာက ချောင်လည်း မချောင်တော့သလို ကြိုးကိုလည်း မမြင်ရတော့ပါဘူး။
၆။ မျက်နှာကို သေးသွယ်စေတဲ့ပုံစံ ဖြစ်စေဖို့
မျက်နှာကို သွယ်လျတဲ့ပုံစံ ဖြစ်စေဖို့အတွက် တိတ်တစ်ခု လိုအပ်ပါတယ်။ တိတ်ကို နှုတ်ခမ်းကနေ နားရွက်ထောင့်အတထိ ကပ်လိုက်ပါ။ တိတ်ရဲ့ဘေးကနေ ပါးနီကို လိမ်းခြယ်ပါ။
ပြီးတော့မှ တိတ်တွေကို ခွာလိုက်ပါ။ အပေါ်ကနေ အနည်းငယ်ထပ်ပြီး ခြယ်သပါ။ အဲဒီအခါ မျက်နှာက သေးသွယ်တဲ့အသွင်ရစေပြီး မိန်းကလေးပိုဆန်စေမှာပါ။
၇။ ဆံပင်အဆီပြန်သူတွေအတွက်
သင်က ဆံပင်အဆီပြန်သူဆိုရင် ဒီနည်းက အရမ်းအသုံးဝင်မှာပါ။ ဒီနည်းကို တစ်ပတ်တစ်ခါ အသုံးပြုလို့ရပါတယ်။ ခေါင်းလျှော်ရည်သုံးပြီးတဲ့အခါ ပန်းသီးရှလကာရှည်နဲ့ ရေဆေးချပါ။
ပြီးတော့ ဆံပင်တွေကို ၅ မိနစ်ခန့်နှံ့အောင် ပွတ်တိုက်ပါ။ ပွတ်တိုက်ပြီးတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။ ဒီနည်းက ဦးရေပြားရဲ့ pH ကို ညီမျှအောင်ထိန်းပေးပြီး ဆံပင်အဆီပြန်တာကို သက်သာစေပါတယ်။
Zombie (Lovemedia)