

Rain (For Ialinks)
အိမ်ထောင်သည်အများစုမှာ မိဘအိမ်မှာတုန်းကလို လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာလုပ် သွားချင်ရာသွားမရတော့ပဲ ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးတွေရဲ့ မျက်နှာကြည့်ရကာ အရာရာတိုင်းကို ကိုယ်တိုင်ဦးဆောင်နေရပြီး စိတ်ဖိစီးမှုလည်း ပိုများရ၍ ရုပ်ရည်ကိုယ်ခန္ဓာတို့မှာလည်း ပြောင်းလဲသွားတတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အပျိုဘဝတုန်းက ချောမောလှပခဲ့သော်လည်း အိမ်ထောင်လည်းကျ ကလေးလည်း တစ်ယောက်မွေးဖွားချိန်တွင် ရုပ်ရည်က ပိုရင့်ကာ ခန္ဓာကိုယ်ကလည်း အလေးချိန်ပိုတိုးလာ၍ အဝလွန်ဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူသည် အလှအပတွေပျက်စီးကုန်သည့် ဇနီးသည်ကိုမြင်တိုင်း စိတ်ကုန်မိကာ အပြင်မှာ အခြားမိန်းကလေးတွေနဲ့ ပွေချင်တိုင်းပွေ ရှုပ်ချင်ရှုပ်တိုင်းရှုပ်ရင်းနေခဲ့ရာ ဇနီးသည်သိသွားချိန်တွင် သူ့ရဲ့အမှားကို မတောင်းပန်ပဲ ကွာရှင်းပြတ်စဲခဲ့သည်။
ထိုအချိန်တွင် အမျိုးသမီးသည် ကလေးတစ်ယောက်နဲ့ ရပ်တည်ဖို့ ခက်ခဲလွန်းတာကြောင့် မိဘအိမ်ပြန်ခဲ့ရပြီး ကလေးကိုအပ်နှံကာ သူဘဝကိုအကောင်းပြန်ရပ်တည်နိုင်လာအောင် ကြိုးစား၍ ရုပ်ရည်နှင့်ပက်သက်ပြီးတော့လည်း ပြုပြင်ခဲ့ရာ တဖန်ပြန်လှလာ၍ ခင်ပွန်းဟောင်းမှ ပြန်ပေါင်းရန် တောင်းဆိုခဲ့ချိန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။
Rain (For Ialinks)



