ၾကားသိရသမွ်

ကမ္ဘာပေါ်က ဘယ်ယောက်ျားကိုမှ လာခွင့်မပြုတဲ့ အမျိုးသမီး သီးသန့်ကျွန်း

ကမ္ဘာပေါ်က ဘယ်ယောက်ျားကိုမှ လာခွင့်မပြုတဲ့ အမျိုးသမီး သီးသန့်ကျွန်း

Wonder Woman ရုပ်ရှင်ကားထဲက Themyscira ဆိုတာ အမျိုးသမီးတွေချည်းပဲ နေထိုင်တဲ့ အရမ်းလှတဲ့ ကျွန်းပေါ့ ။ ဒီလိုကျွန်းလေးကို အလည်သွားချင်ရင် ဖင်လန်နိုင်မှာ ရှိပါတယ် ။ ကျွန်းဟာ ဖင်လန်နိုင်ငံ ၊ Raseborg မြို့ အုပ်ချုပ်ရေးပိုင်း၌ တည်ရှိပါတယ်။ ယောကျာ်းတွေကို လာခွင့်မပြုဘဲ အမျိုးသမီးတွေ ချည်းပဲ အနားယူ အပန်းဖြေနိုင်တဲ့ ကျွန်းလေးပါ။

SuperShe Island လို့အမည်ပေးထားတဲ့ကျွန်းကို Kristina Roth က ဖန်တီးခဲ့တာဖြစ်ပါတယ်။ 8.4 ဧက ကျယ်ဝန်းသော အဆိုပါ ကျွန်းအား နည်းပညာအတိုင်ပင်ခံကုမ္ပဏီ MatisiaConsultants ၏ ပိုင်ရှင်ဟောင်း Kristina Roth မှ ဝယ်ယူခဲ့ပါတယ်။ Roth သည် 2016 ခုနှစ်တွင် သူမ၏ကုမ္ပဏီကို ဝင်ငွေ $65 million ဖြင့် ရောင်းချခဲ့ပြီး 2017 ခုနှစ်တွင် ၎င်းကျွန်းအား အမျိုးသမီးသီးသန့်နေရာအဖြစ် ပြောင်းလဲရန် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

2018 ခုနှစ် ဇွန်လ 23 ရက်နေ့တွင် SuperShe အသိုက်အဝန်းအတွက် ဤကျွန်းကို ဖွင့်လှစ်ခဲ့တယ်။ Roth ပြောတာကတော့ လူမှုအသိုင်းအဝိုင်းထဲက ဖိအားတွေရဲ့အဝေးကို သွားရောက်လည်ပတ်ချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရ တယ်လို့ဆိုတယ်။ ပြီးတော့ အမျိုးသမီးအားလုံးရဲ့ စွမ်းအားတွေကို လက်ခံဖို့အတွက်ပါတဲ့။

ဇိမ်ခံ cabin တစ်ခုမှာ လူ ၁၀ ဦး အိပ်စက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် လှုပ်ရှားမှုတွေ အတူပြုလုပ်ရင်း အမျိုးသမီးချင်း ရင်းနှီးလာစေဖို့လည်း ရည်ရွယ်ထားတယ်။ ယောဂ ၊ တရားထိုင်ခြင်း ၊ ကနူးလှေစီးခြင်း နှင့် တောင်တက်ခြင်း ၊ လှုံ့ဆော်မှုဆိုင်ရာ ဟောပြောပွဲများနှင့် ဆွေးနွေးခြင်းများလည်း ပါဝင်ပါတယ်။

SuperShe ကျွန်းကို ဖန်တီးတဲ့ Roth ကိုယ်တိုင်က supershe ဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူဖြစ်ပြီး အမျိုးသမီးတွေအချင်းချင်း မိတ်ဆွေဖွဲ့ဖို့၊ အချင်းချင်း အားပေးဖို့နဲ့ ဆက်သွယ်နိုင်ဖို့အတွက် လုပ်ဆောင်နေသူပါ။Roth ဟာ ဒီကျွန်းကို ဝယ်ယူပြီး အမျိုးသမီးတွေ သီးသန့် အပန်းဖြေနိုင်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကျွန်းကို ဘယ်လိုအမျိုးသမီးမဆို လာရောက်ခွင့်ပြုထားပြီး LGBT အသိုက်အဝန်းထဲက အမျိုးသမီးတွေကိုပါ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အမျိုးသမီးတွေ အေးအေးဆေးဆေး chill လုပ်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာပါ။

ဝယ်ယူပြီးနောက်တွင် ဆောက်လုပ်ရေးလုပ်သား အမျိုးသားများသည် ဓာတ်အားနှင့် ရေနှင့် အူလမ်းကြောင်းပြုပြင်ခြင်းအတွက် ကျွန်းပေါ်တွင် အလုပ်လုပ်ကြသည်။ Roth ၏ ရင်းနှီးသော မိသားစု နှင့် သူငယ်ချင်းများ မှတပါး ကျွန်းပေါ်၌ အမျိုးသားများကို ခွင့်မပြုသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ crd : နော်ဂဲလယ်ထူး (စာပေပရဟိတ)