ၾကားသိရသမွ်

ဝမ်းနည်းစရာ ကောင်းလောက်အောင် အလွဲကြီးလွဲနေတဲ့ မြန်မာပြည် ပညာရေးစနစ် (ဘယ်လိုပြင်ကြမှာလဲ)

ဝမ်းနည်းစရာ ကောင်းလောက်အောင် အလွဲကြီးလွဲနေတဲ့ မြန်မာပြည် ပညာရေးစနစ် (ဘယ်လို ပြင်ကြမှာလဲ)

မြန်မာပြည်မှာ စာသင်တယ်။ စာအုပ်အောက်ပြုတ်ကျရင် စာမရမှာ ကြောက်လွန်းလို့ စာအုပ်ကို ကန်တော့ကြတဲ့ ကလေးတွေ ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲ တတ်သွားကြတယ်။

စာအုပ်ထဲ ရှိပြီးသား စာတွေကို မှတ်စုကူးပြီး ၏/သည်မရွေး ကျက်ရတဲ့နိုင်ငံမှာ ပထဝီတွေ သမိုင်းတွေ အလွတ်သာ ကျက်ခဲ့ရတယ် မေးလိုက်တဲ့ခါ အမ်.. အင်.. ဟုတ်မယ်..

အဲ့လိုလေးတွေနဲ့ ပြီးခဲ့တယ် ခေါင်းထဲ မရောက်ခဲ့ကြဘူး။ သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင် မလေ့လာခဲ့ဘဲ ဘွဲ့ရခဲ့တဲ့ ဆရာတွေက သိပ္ပံဘာသာရပ်ကို

Definition မှာ‘s’တစ်လုံးကျန်ရင် အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီး စောင့်နေကြတယ်။ နိုင်ငံတကာက ကလေးတွေ စက်ရုပ်တီထွင် ဆော့ဝဲလ် ရေးနေကြချိန်မှာ

ဒီမှာတော့ အင်္ဂလိပ်စာ ညံ့လွန်းလို့ Definition တစ်ကြောင်းကို နာရီဝက်လောက် ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲ ကျနေကြတယ်…

ဘာမှမသင်တဲ့ ကျောင်းတွေမှာ ကျောင်းခေါ်ချိန် မပြည့်ရင် ရစ်မှာစိုးလို့ နေ့တိုင်းသွားထိုင်နေရတယ် တကယ်စာသင်ပေးတဲ့ နေရာတွေကိုတော့ ငွေပေးပြီး သင်နေရတယ်။

ဒါပေမယ့် ‘အခမဲ့ ပညာရေးစနစ်’လို့ ကြွေးကြော်နေကြတယ်။ တကယ်စာသင်ရမယ့် ဆရာတွေ ဆရာမတွေက ရုံးခန်းနဲ့ မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး

သွားချည်လာလှည့် လုပ်နေရတယ်။ တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်း မသိတာကို တာဝန်ဆိုပြီး ထိုင်နေရချိန်မှာ တချို့က ကျောင်းသားတွေရဲ့ report card မှာ

ဘာမှမသိတဲ့ အချက်တွေကို A တွေ B တွေဖြည့်ပေး နေရတုန်း ကလေးတွေကလည်း အနာဂတ်မှာ ပညာတတ်ကြီးဖြစ်ဖို့ စိတ်ကူးတွေ ယဉ်နေကြဆဲ…

တချို့နိုင်ငံတွေမှာ ကိုယ့်ကျောင်းစားရိတ် ကိုယ်ရှာဖို့ အချိန်ပိုင်း အလုပ်လုပ်နေကြချိန်မှာ ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ ကျောင်းထွက်လိုက် ရတာတွေ ဒုနဲ့ဒေး…

လူတစ်ယောက်ပြောင်းသွားရင်း စနစ်တစ်ခု ပြောင်းသွားရင်း လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း အဲဒီနိုင်ငံက သင်ရိုးတွေယူလာရင်း မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း…

သမိုင်းတွေကိုပြင်ရေး အမှားတွေကို အမှန်သင်ခိုင်းရင်း ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း ကြိုးစားခဲ့ကြဖူးတယ်လေ..ရန်ကုန်မြို့လယ်က လူချမ်းသာတွေပဲတက်တဲ့

ကျောင်းတွေကိုကြည့်ပြီး အပြိုင်အဆိုင် အောဒီထွက်ဖို့ အလုအယက် ကြိုးစားနေကြတာကို ကြည့်ပြီး..ကားနဲ့အကြိုအပို့လုပ် ဆရာတွေ အိမ်ခေါ်သင် Guide တွေနဲ့

စာတွေလုပ်နေကြတာ အမှတ်တွေကောင်းကြတာကို ကြည့်ပြီး မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့..တပြည်လုံးက ကျောင်းတွေမှာတော့ မိုးယို ကြမ်းကျွံ

ရေကြီး မီပျက်နေတာအများကြီး ဆရာမရှိလို့ စာမသင်ရတဲ့ နေရာတွေတပုံကြီး ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်း ဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး

တို-က်ပွဲတွေဖြစ်နေလို့ ရေကြီးနေလို့ စားစရာမရှိလို့ ခိုင်းမယ့်သူမရှိလို့ ကျောင်းမပို့တော့တာတွေ အများကြီး။“ပညာမြင့်မှ လူမျိုးတင့်မည်”တဲ့ မှန်လိုက်တာ ပညာမမြင့်တော့

လူမျိုးလည်း မျက်နှာငယ်၊ နိုင်ငံလည်း အနှိမ်ခံရ၊ နည်းပညာလည်းမရှိ၊ သယံဇာတလည်းကုန်၊ နိုင်ငံလည်း ချွတ်ခြုံကျနေတော့ နိုင်ငံပေါင်းစုံက တို့မြန်မာတွေ

အလုပ်ကြမ်းသမားတွေ ငယ်ငယ်က စာသင်ခဲ့တဲ့ အဖြူအစိမ်း ဝတ်စုံကို ပြန်တွေးတိုင်း ပြုံးမိနေမလား…ငယ်ငယ်က စိတ်ကူးယဉ်ဖူးတဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့

စာသားလေးကို ခပ်တိုးတိုး ရေရွတ်နေတုန်းလား ဟုတ်ကဲ့ ကျန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ မြန်မာပြည်မှာ စာသင်နေပါတယ်…Credit