ၾကားသိရသမွ်

အတန္းခ်ိန္ၿပီး၍ နားေနခန္းအတြင္း နားေနစဥ္ ေခါင္မိုးေပၚမွ ေက်ာက္ျပား႐ုတ္တရက္ၿပိဳက်၍ ေက်ာင္းဆရာမတစ္ဦး… See more

အတန္းခ်ိန္ၿပီး၍ နားေနခန္းအတြင္း နားေနစဥ္ ေခါင္မိုးေပၚမွ ေက်ာက္ျပား႐ုတ္တရက္ၿပိဳက်၍ ေက်ာင္းဆရာမတစ္ဦး… See more

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ့နယ္ တဲေမာက္ အထက(ခြဲ)ေက်ာင္းရွိ ဆရာ၊ ဆရာမနားေနခန္း မ်က္ႏွာၾကက္ၿပိဳက်၍ ဆရာမတစ္ဦး ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသြားသည့္ဆရာမမွာ ယင္းေက်ာင္းမွ အလယ္တန္းျပဆရာမ ေဒၚခင္ေမေဇာ္ျဖစ္သည္။ဆရာမေဒၚခင္ေမေဇာ္သည္ ယမန္ေန႔ ဇြန္လ ရ ရက္ ေန႔လယ္ ၂ နာရီ ၁၀ မိနစ္ခန႔္က အတန္းခ်ိန္ၿပီး၍ နားေနခန္းအတြင္းနားေနစဥ္

မ်က္ႏွာၾကက္ေခါင္မိုးေပၚမွ ေက်ာက္ျပားခ်ပ္ ႐ုတ္တရက္ၿပိဳက်လာသည့္အတြက္ ဦးေခါင္းႏွင့္ ပခုံးမ်ားတြင္ ထိခိုက္ဒဏ္ရာရရွိသြားျခင္းျဖစ္သည္ဟု တဲေမာက္ေက်းရြာတာဝန္ခံ ဉီးဦးထြန္းဝင္းက ေျပာသည္။“ထိခိုက္ဒဏ္ရာကေတာ့ အေတာ္ေလးရသြားတယ္၊၊

ေခါင္းကြဲသြားတယ္။ ေဆး႐ုံမွာ ေလးခ်က္ခ်ဳပ္ရတယ္၊၊ ပခုံးေတြမွာလည္း ထိခိုက္ဒဏ္ရာရၿပီးေတာ့ ပြန္းပဲ့သြားတယ္” ဟု ေျပာသည္။ထိခိုက္ဒဏ္ရာ ရရွိသြားသည့္ ဆရာမေဒၚခင္ေမေဇာ္သည္ ေတာင္ကုတ္ၿမိဳ့ေဆး႐ုံ၌ ေဆးကုသမူခံယူခဲ့ရၿပီးေနာက္ လက္ရွိတြင္ မိမိ၏ေနအိမ္တြင္အနားယူလ်က္ရွိသည္ဟုလည္း သိရသည္။

အဆိုပါမ်က္ႏွာၾကက္ေခါင္းမိုးၿပိဳက်ရျခင္းသည္ ၿပီးခဲ့သည့္ ေမလ ၁၁ ရက္ေန႔ ည ၁၁ နာရီခန႔္က လွုပ္ခတ္သြားသည့္ေျမငလ်င္ေၾကာင့္ အက္ကြဲမွုမ်ားျဖစ္ေပၚခဲ့သည့္အတြက္ ၿပိဳက်ျခင္းနိုင္သည္ဟု ယူဆေနၾကသည္ဟုလည္း ေျပာသည္။

ၿပိဳက်သြားသည့္မ်က္ႏွာၾကက္မ်ားကို ေတာင္ကုတ္ၿမိဳ့နယ္ပညာေရးမွူးႏွင့္ ေက်ာင္းေဆာက္လုပ္သည့္တာဝန္ခံမ်ားလည္း လာေရာက္ၾကည့္ရွုခဲ့ၾကသည္ဟုလည္း သိရသည္။ယင္းသို့လာေရာက္ၾကည့္ရွုစဥ္ ၿမိဳ့နယ္ပညာေရးမွူးက ေနာက္ႏွစ္မွ အဆင္ေျပေအာင္လုပ္ ေပးဖို့ႏွင့္

ဘတ္ဂ်က္ေငြလည္း ထုတ္ယူ၍မရေၾကာင္းကို ေျပာသြားခဲ့သည္ဟု ဦးဦးထြန္းဝင္းက ဆက္ေျပာသည္။“သူတို့ကလည္း ေက်ာင္းေဆာက္ၿပီးတာ ၾကာၿပီဆိုေတာ့ လုံးဝႀကီးတာဝန္ယူမယ္လို့ေတာ့ မေျပာဘူး။ မ်က္ႏွာၾကက္ကိုေတာ့ ဆရာ၊ ဆရာမေတြရဲ့လုံျခဳံေရးအတြက္ ခြာခ်က္ပစ္ရမလားေတာ့ စီစဥ္ေနၾကတယ္” ဟု ေျပာသည္။

တဲေမာက္ အထက(ခြဲ)သည္ တစ္ထပ္ေဆာင္ RC အမ်ိဳးအစား စာသင္ေက်ာင္းျဖစ္ၿပီး ေက်ာင္းသူ၊ ေက်ာင္းသား ၂ဝ၁ ဦးႏွင့္ ဆရာ၊ ဆရာမ၊ စာေရးမႏွင့္ ညေစာင့္အပါအဝင္ ၁၈ ဦးရွိသည္ဟုလည္း သိရသည္။ (NN-12)

#Crd

အတန်းချိန်ပြီး၍ နားနေခန်းအတွင်း နားနေစဉ် ခေါင်မိုးပေါ်မှ ကျောက်ပြားရုတ်တရက်ပြိုကျ၍ ကျောင်းဆရာမတစ်ဦး… See more

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တဲမောက် အထက(ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမနားနေခန်း မျက်နှာကြက်ပြိုကျ၍ ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့်ဆရာမမှာ ယင်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ခင်မေဇော်ဖြစ်သည်။ဆရာမဒေါ်ခင်မေဇော်သည် ယမန်နေ့ ဇွန်လ ရ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က အတန်းချိန်ပြီး၍ နားနေခန်းအတွင်းနားနေစဉ်

မျက်နှာကြက်ခေါင်မိုးပေါ်မှ ကျောက်ပြားချပ် ရုတ်တရက်ပြိုကျလာသည့်အတွက် ဦးခေါင်းနှင့် ပခုံးများတွင် ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု တဲမောက်ကျေးရွာတာဝန်ခံ ဉီးဦးထွန်းဝင်းက ပြောသည်။“ထိခိုက်ဒဏ်ရာကတော့ အတော်လေးရသွားတယ်၊၊

ခေါင်းကွဲသွားတယ်။ ဆေးရုံမှာ လေးချက်ချုပ်ရတယ်၊၊ ပခုံးတွေမှာလည်း ထိခိုက်ဒဏ်ရာရပြီးတော့ ပွန်းပဲ့သွားတယ်” ဟု ပြောသည်။ထိခိုက်ဒဏ်ရာ ရရှိသွားသည့် ဆရာမဒေါ်ခင်မေဇော်သည် တောင်ကုတ်မြို့ဆေးရုံ၌ ဆေးကုသမူခံယူခဲ့ရပြီးနောက် လက်ရှိတွင် မိမိ၏နေအိမ်တွင်အနားယူလျက်ရှိသည်ဟုလည်း သိရသည်။

အဆိုပါမျက်နှာကြက်ခေါင်းမိုးပြိုကျရခြင်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်က လှုပ်ခတ်သွားသည့်မြေငလျင်ကြောင့် အက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ပြိုကျခြင်းနိုင်သည်ဟု ယူဆနေကြသည်ဟုလည်း ပြောသည်။

ပြိုကျသွားသည့်မျက်နှာကြက်များကို တောင်ကုတ်မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆောက်လုပ်သည့်တာဝန်ခံများလည်း လာရောက်ကြည့်ရှုခဲ့ကြသည်ဟုလည်း သိရသည်။ယင်းသို့လာရောက်ကြည့်ရှုစဉ် မြို့နယ်ပညာရေးမှူးက နောက်နှစ်မှ အဆင်ပြေအောင်လုပ် ပေးဖို့နှင့်

ဘတ်ဂျက်ငွေလည်း ထုတ်ယူ၍မရကြောင်းကို ပြောသွားခဲ့သည်ဟု ဦးဦးထွန်းဝင်းက ဆက်ပြောသည်။“သူတို့ကလည်း ကျောင်းဆောက်ပြီးတာ ကြာပြီဆိုတော့ လုံးဝကြီးတာဝန်ယူမယ်လို့တော့ မပြောဘူး။ မျက်နှာကြက်ကိုတော့ ဆရာ၊ ဆရာမတွေရဲ့လုံခြုံရေးအတွက် ခွာချက်ပစ်ရမလားတော့ စီစဉ်နေကြတယ်” ဟု ပြောသည်။

တဲမောက် အထက(ခွဲ)သည် တစ်ထပ်ဆောင် RC အမျိုးအစား စာသင်ကျောင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၂ဝ၁ ဦးနှင့် ဆရာ၊ ဆရာမ၊ စာရေးမနှင့် ညစောင့်အပါအဝင် ၁၈ ဦးရှိသည်ဟုလည်း သိရသည်။ (NN-12)

#Crd