ၾကားသိရသမွ်

မိသားစုဝင္မ်ား စီးနွင္းလိုက္ပါလာေသာ ပါဂ်ဲရိုး အိမ္စီးကား ေရကန္ထဲ ျပဳတ္က်နစ္ျမဳပ္ျပီး ကားေပၚပါသူမ်ား… See more

Zawgyi

မိသားစုဝင္မ်ား စီးနွင္းလိုက္ပါလာေသာ ပါဂ်ဲရိုး အိမ္စီးကား ေရကန္ထဲ ျပဳတ္က်နစ္ျမဳပ္ျပီး ကားေပၚပါသူမ်ား… See more

ရန္ကုန္၊ ဇြန္ ၉

ကခ်င္ျပည္နယ္၊ ဖားကန္ၿမိဳ့နယ္၊ ေအးျမသာယာ ရပ္ကြက္အနီးရွိ ေရကန္ထဲသို့ ကေလးငယ္ ၁ ဦး အပါအဝင္ မိသားစုဝင္ ၃ ဦး လိုက္ပါေသာ

ပါဂ်ဲရိုးအိမ္စီးကားတစ္စီး ယေန႔ နံနက္ပိုင္း ေရကန္ထဲ ျပဳတ္က် နစ္ျမဳပ္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ဇြန္လ ၉ ရက္ေန႔ နံနက္ ၉ နာရီေက်ာ္အခ်ိန္တြင္

အဆိုပါကား ေရကန္ထဲ ျပဳတ္က်နစ္ျမဳပ္သြားျခင္းျဖစ္ၿပီး ကားေပၚ လိုက္ပါသူ အားလုံး ေသဆုံးသြားၿပီျဖစ္ေၾကာင္း၊ လက္ရွိတြင္ ကားကို

ျပန္လည္ ဆယ္ယူေရး လုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ “ေအးျမသာယာနားမွာရွိတဲ့ ကန္ထဲကို ပါဂ်ယ္ရို ကားတစ္စီးျပဳတ္က်တယ္။

ကေလးပါ မိသားစု၃ေယာက္ ကားေပၚပါကေတာ့ ေသေလာက္ၿပီ။ အခုထိ မေပၚလာေသးဘူး။

ကားလည္း ဆယ္မရေသးဘူး။” ဟုေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို့ ေျပာဆိုသည္။

Unicode

မိသားစုဝင်များ စီးနှင်းလိုက်ပါလာသော ပါဂျဲရိုး အိမ်စီးကား ရေကန်ထဲ ပြုတ်ကျနစ်မြုပ်ပြီး ကားပေါ်ပါသူများ… See more

ရန်ကုန်၊ ဇွန် ၉

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ အေးမြသာယာ ရပ်ကွက်အနီးရှိ ရေကန်ထဲသို့ ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး လိုက်ပါသော

ပါဂျဲရိုးအိမ်စီးကားတစ်စီး ယနေ့ နံနက်ပိုင်း ရေကန်ထဲ ပြုတ်ကျ နစ်မြုပ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင်

အဆိုပါကား ရေကန်ထဲ ပြုတ်ကျနစ်မြုပ်သွားခြင်းဖြစ်ပြီး ကားပေါ် လိုက်ပါသူ အားလုံး သေဆုံးသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ကားကို

ပြန်လည် ဆယ်ယူရေး လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ “အေးမြသာယာနားမှာရှိတဲ့ ကန်ထဲကို ပါဂျယ်ရို ကားတစ်စီးပြုတ်ကျတယ်။

ကလေးပါ မိသားစု၃ယောက် ကားပေါ်ပါကတော့ သေလောက်ပြီ။ အခုထိ မပေါ်လာသေးဘူး။

ကားလည်း ဆယ်မရသေးဘူး။” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။