ဗဟုသုတ

” ပိန္နဲသီးအဖြူလို့ သိကြတဲ့ Marang မရန်းသီး အကြောင်း သိကောင်းစရာ”

Marang မရန်းသီ

မရန်း (သို့မဟုတ်) မဒန်း (သို့မဟုတ်) တာရပ် လို့ခေါ်တဲ့အပင်ဟာ ပိန္နဲပင်နဲ့ ဆွေမျိုးဝမ်းကွဲတော်တဲ့အပင်ဖြစ်ပါတယ်။

အသီးက ပိန္နဲသီးအဖြူရောင်လိုဖြစ်ပြီး အနံ့အရသာက ပိန္နဲသီနဲ့ စုံပတတ်သီးတို့ထက်သာလွန်တယ်လို့ဆိုပါတယ်။

အဲ့ဒီအသီးရဲ့မူလဇာတိဟာ အင်ဒိုနီးရှားနိုင်ငံဘော်နီယိုကျွန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ ပလာဝမ်နဲ့ မင်ဒါနိုကျွန်းတို့ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီအသီးမှစွန့်ပစ်ပစ္စည်းတွေရဲ့အသုံးဝင်မှုပါ။

ဒီအသီးရဲ့အခွံဟာ ဆိုးဆေးစက်ရုံမှ စွန့်ပစ်ရေတွေကို အရောင်ချွတ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒီအသီးရဲ့ အူတိုင်ကျတော့ ကက်မီယမ်အိုင်ယွန် Cd (II) နဲ့ ကောပါ့အိုင်ယွန် Cu(II) တို့လိုဓာတုပစ္စည်းတွေကိုဖယ်ရှားရာမှာအသုံးဝင်တယ်လို့ဆိုပါတယ်။

ဒါဆိုရင်ပိန္နဲသီးရဲ့အခွံနဲ့အူတိုင်တွေဟာလည်း အလကားစွန့်ပစ်ပစ္စည်းဖြစ်မသွားပဲ သဘာဝအရောင်ချွတ်ပစ္စည်းနဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကိုဖယ်ရှားရာမှာ အသုံးဝင်နိုင်တယ်လို့ ယူဆမိပါကြောင်း။

Credi

zawgyi

Marang မရန်းသီ








Credi