ဗီယက်နမ်နိုင်ငံ Quang Namပြည်နယ်တွင် နေထိုင်သောအသက်၈၀အရွယ် အဖိုးအိုသည် လယ်သမားတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း၅၀လောက်က အပြင်းအထန် ဖျားပြီးနောက် ထူးဆန်းစွာပဲ အိပ်မပျော်သည့်ရောဂါကို ခံစားခဲ့ရသည်။
အဖိုးအိုသည် တစ်ရက်တည်းအိပ်မရတာ အိပ်မပျော်တာမျိုးမဟုတ်ပဲ နှစ်၅၀အကြာထိ တစ်ရေးမှအိပ်မရတာကြောင့် အံ့ဖွယ်လူသားအဖြစ် အများကသတ်မှတ်ကြကာ နာမည်ကြီးလာခဲ့သည်။
အဖိုးအိုသည် နေ့ရောညပါ အိပ်မပျော်သည့်အတွက်ဆရာဝန်နဲ့ပြသကာ ဆေးတွေသောက်ခဲ့သော်လည်း မထူးခြားတာကြောင့် အလုပ်ပင်ပန်းသည့်အခါ တစ်ရေးလောက် အိပ်စက်ချင်မှာကို တွေးမိပြီး လယ်ယာခြံစိုက်ပျိုးရေးအလုပ်များနှင့် မွေးမြူရေးတွေမှာ မနားတမ်း ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့သည်။
သို့ပေမယ့်လည်း အဖိုးအိုသည် အလုပ်ဘယ်လောက်ပဲ ပင်ပန်းပန်း အခြေအနေကထူးမလာတာကြောင့် သူ့ရဲ့ရောဂါကို ကုသဖို့ရာအတွက် လက်လျှော့ခဲ့ပြီး အဖိုးအိုရဲ့ကျန်းမာရေးကလည်း ပုံမှန်ဖြစ်နေတာက အံအားသင့်စရာကောင်းလှသည်။
1.
2.
Rain (For Ialinks)
1.
2.
Rain (For Ialinks)