ၾကားသိရသမွ်

ဆိုင်သို့လာရောက်သည့်ဧည့်သည်တွေကို ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးလိုခံစားသွားရအောင်seemore

ဆိုင်သို့လာရောက်သည့်ဧည့်သည်တွေကို ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးလိုခံစားသွားရအောင် ဆိုင်ဝန်ထမ်းတွေက လေးစားစွာဆက်ဆံပေးမည့် ကော်ဖီဆိုင်အလွန်နာမည်ကြီးနေ

လွန်ခဲ့သော်နှစ်ပေါင်းဆယ်စုနှစ်တစ်ခုကအချိန်များတွင် ဂျပန်နိုင်ငံတွင်ကြီးစိုးခဲ့သော ယာကူဇာဂိုဏ်းများသည် ကမ္ဘာကျော်သည်အထိပင် နာမည်ကြားလိုက်သည်နှင့်ထိတ်လန့်နေကြရပါတယ်။ယနေ့ခေတ်တွင်ပင် ယာကူဇာဂိုဏ်းတို့၏အကြောင်းကိုရိုက်ကူးထားသောဇာတ်လမ်းများဟာ အလွန်နာမည်ကြီးပြီးလူကြိုက်များပါတယ်။

ဂျပန်နိုင်ငံမှ Ninkyo Cafeဆိုသည့်ကော်ဖီဆိုင်လေးဟာ ဆိုင်၏အပြင်အဆင်ကိုသာမန်ဆိုင်တွေလိုမဟုတ်ဘဲ ယာကူဇာဂိုဏ်းဋ္ဌာနပုံစံဖန်တီးထားခဲ့ပါတယ်။

ထို့အပြင် ဆိုင်သို့ကော်ဖီလာသောက်သည့်ဧည့်သည်တွေကို ယာကူဇာဂိုဏ်းခေါင်းဆောင်လို့ကိုယ့်ကိုကိုယ်ထင်သွားအောင် ဆိုင်ဝန်ထမ်းတွေက လက်အောက်ငယ်သားပမာ လေးစားစွာဆက်ဆံပေးကြမှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ဆိုင္သို႔လာေရာက္သည့္ဧည့္သည္ေတြကို ယာကူဇာဂိုဏ္းေခါင္းေဆာင္တစ္ဦးလိုခံစားသြားရေအာင္ ဆိုင္ဝန္ထမ္းေတြက ေလးစားစြာဆက္ဆံေပးမည့္ ေကာ္ဖီဆိုင္အလြန္နာမည္ႀကီးေန

လြန္ခဲ့ေသာ္ႏွစ္ေပါင္းဆယ္စုႏွစ္တစ္ခုကအခ်ိန္မ်ားတြင္ ဂ်ပန္ႏိုင္ငံတြင္ႀကီးစိုးခဲ့ေသာ ယာကူဇာဂိုဏ္းမ်ားသည္ ကမာၻေက်ာ္သည္အထိပင္ နာမည္ၾကားလိုက္သည္ႏွင့္ထိတ္လန္႔ေနၾကရပါတယ္။ယေန႔ေခတ္တြင္ပင္ ယာကူဇာဂိုဏ္းတို႔၏အေၾကာင္းကို႐ိုက္ကူးထားေသာဇာတ္လမ္းမ်ားဟာ အလြန္နာမည္ႀကီးၿပီးလူႀကိဳက္မ်ားပါတယ္။

ဂ်ပန္ႏိုင္ငံမွ Ninkyo Cafeဆိုသည့္ေကာ္ဖီဆိုင္ေလးဟာ ဆိုင္၏အျပင္အဆင္ကိုသာမန္ဆိုင္ေတြလိုမဟုတ္ဘဲ ယာကူဇာဂိုဏ္း႒ာနပုံစံဖန္တီးထားခဲ့ပါတယ္။

ထို႔အျပင္ ဆိုင္သို႔ေကာ္ဖီလာေသာက္သည့္ဧည့္သည္ေတြကို ယာကူဇာဂိုဏ္းေခါင္းေဆာင္လို႔ကိုယ့္ကိုကိုယ္ထင္သြားေအာင္ ဆိုင္ဝန္ထမ္းေတြက လက္ေအာက္ငယ္သားပမာ ေလးစားစြာဆက္ဆံေပးၾကမွာျဖစ္ပါတယ္။

Shoon (Cele Daily)